Radio

bg

Mobile Device များအတွက် Power Bank or External Battery Packs များ ၀ယ်ယူနည်း လမ်းညွှန်

ခေတ်သစ် ဂတ်ဂျက်တွေဟာ ဘက်ထရီ အသုံးပြုမှုများပြားကြပါတယ်။ သင့်ရဲ့ ခရီးစဉ်တစ်လျှောက်မှာ စမတ်ဖုန်း ၊ တက်ဘလက်တွေကို အားသွင်း ပလက်ပေါက်ကနေ အားသွင်းစရာမလိုဘဲနဲ့ နေရာမရွေး အသုံးပြုချင်ရင်တော့ Battery Pack or Power Bank တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Battery Pack ရွေးချယ် ၀ယ်ယူနည်းကို ရေးသားပေးလိုက်ပါတယ်။

External Battery Pack ဆိုတာဘာလဲ? ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ?
သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်နဲ့ အခြား မိုဘိုင်း အီလက်ထရောနစ် ကိရိယာများအတွက် စွမ်းအင် လိုချင်ရင်တော့ သာမာန်အားဖြင့် USB အားသွင်းကြိုးကနေ သင့်ရဲ့ ကွန်ပြူတာ သို့မဟုတ် နံရံကပ်အားသွင်း ပလက်ပေါက်တွေမှာ တပ်ဆင်ပြီး အားသွင်းရပါတယ်။ အိမ်မှာ နေစဉ်မှာ ကိရိယာတွေကို အားသွင်းပြီး အပြင်ထွက်ရင် ယူဆောင် အသုံးပြုရုံပါပဲ။

ခရီးသွားမယ်ဆိုရင် ဒါမှမဟုတ် အိမ်ကနေ အပြင် အကြာကြီးသွားမယ်ဆိုရင် ဒီနည်းက အဆင်မပြေပါဘူး။ ဒါ့ကြောင့် External Battery Pack တွေကို ထုတ်လုပ်ရောင်းချလာကြတာပါ။ သူတို့ဟာ နှုတ်ခမ်းနီတောင့်လောက် အရွယ်ကနေ စာအုပ်လောက်ထူတဲ့ အရွယ်အထိ အရွယ်အစားစုံလင်ကြပါတယ်။
နံရံကပ် အားသွင်း ပလက်ပေါက်အစား Battery Pack တွေကို အသုံးပြုပြီး သင့် Device ရဲ့ ဘက်ထရီကို အားဖြည့်နိုင်ပါတယ်။ Battery Pack တစ်ခုချင်းစီမှာ စွမ်းအား မတူညီကြပါဘူး။ အရည် အသွေးကောင်းတယ်ဆိုရင်တောင် သင့်ရဲ့ စွမ်းအင် လိုအပ်မှုပမာဏ၊ သင့်ရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီရင် အဆင်မပြေပါဘူး။

ဒီဆောင်းပါးမှာတော့ နမူနာအနေနဲ့ Battery Pack နှစ်ခုကို ပြသပေးထားပါတယ်။ သင့်ရဲ့ လိုအပ်ချက်နဲ့ အဲဒီ Battery Pack တွေနဲ့ ကိုက်ညီမလားဆိုတာ တွက်ချက်တတ်အောင် ရေးသားပေးလိုက်ပါတယ်။

Battery Pack အမျိုးအစားနှစ်ခု
အခုဆောင်းပါးမှာ ပြသထားတဲ့ Battery Pack နှစ်ခုစလုံးက စွမ်းဆောင်ရည်မြင့် အမျိုးအစားတွေ ဖြစ်ပါ တယ်။ အပေါ်ကပုံရဲ့ ညာဘက်မှ အမျိုးအစားက RAVPower Deluxe 14,000 mAh Power Bank ( 29.99 Dollar) ဖြစ်ပြီး ဘယ်ဘက်က တစ်ခုက Jackery Giant 10,400 mAh Power Bank ( 39.95 Dollar ) ဖြစ်ပါတယ်။

mAhကို တွက်ချက်ခြင်း။
အရင်ဆုံး သင့်ရဲ့ ဘက်ထရီ စွမ်းအင် လိုအပ်မှုကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ သင့် စမတ်ဖုန်း၊ တက်ဘလက် စတဲ့ အီလက်ထရောနစ် ကိရိယာများနဲ့ Battery Pack နှစ်ခုစလုံးမှာ ဘက်ထရီ ပမာဏကို mAh (milliampere hours) နဲ့ ပြသထားပါတယ်။ ဒါဟာ Battery Pack ရွေးချယ်ရာမှာ အဓိက တိုင်းတာတဲ့ စံနှုန်း ဖြစ်ပါတယ်။

ပထမဆုံး Battery Pack နဲ့ အားသွင်းချင်တဲ့ သင့်ရဲ့ Device တွေကို စာရင်းပြုစုပါ။ ဥပမာ အနေနဲ့ သင့်မှာ Samsung Galaxy SIII Smartphone နဲ့ iPad Air ရှိတယ်ဆိုပါစို့။ SIII ရဲ့ ဘက်ထရီ ပမာဏက 2100mAh ဖြစ်ပြီး iPad Air မှာတော့ 11,560mAh Battery ပါရှိပါတယ်။ တွက်ချက်ကြည့်ဖို့ အချိန်ကျပါပြီ။

သင့် Device များရဲ့ စုစုပေါင်း mAh * အားသွင်းမယ့် အကြိမ်အရေအတွက်= လိုအပ်တဲ့ Battery Pack ရဲ့ mAh ပမာဏSIII နဲ့ iPad Air တို့ နှစ်ခုပေါင်းရဲ့ ဘက်ထရီ ပမာဏက 13,660mAh ဖြစ်ပါတယ်။ အဲဒီကိရိယာနှစ်ခုကို တစ်ခါ အားအပြည့်သွင်းပေးနိုင်တဲ့ Battery Pack ကို လိုချင်ရင် 13,660 mAh ၀င်ဆန့်တဲ့ Battery Pack ကို ၀ယ်ယူရမှာဖြစ်ပါတယ်။ သင့် ကိရိယာနှစ်ခုကိုနှစ်ခါအားအပြည့်သွင်းချင် ရင်တော့ 27,320 mAh Battery Pack လိုအပ်မှာ ဖြစ်ပါတယ်။

စွမ်းအင် ၀င်ဆန့်တဲ့ ပမာဏ အလိုက် Battery Pack တွေရဲ့ အရွယ်အစားကလည်း ကွဲပြားပါတယ်။ နှုတ်ခမ်းဆိုးဆေးတောင့် အရွယ် Battery Pack မှာ 2000mAh သာပါရှိပါတယ်။ အောင်စအနည်းငယ် သာလေးလံပြီး အရွယ်သေးတဲ့အတွက် သွားလေရာ ယူဆောင်သွားနိုင်ပေမယ့် အားအများကြီး မသွင်းနိုင် ပါဘူး။ သင့်ရဲ့ iPad ကို အားအပြည့်သွင်းချင်ရင်တော့ 14,000mAh Battery Pack နဲ့မှသာ အဆင်ပြေ မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားကြီးပြီး နှစ်ပေါင်လောက်လေးလံတဲ့အတွက် သင့်အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွင်း ယူဆောင်သွားလို့ မရပါဘူး။

စမတ်ဖုန်ုးအတွက် Battery Pack လိုချင်ရင်တော့ 10 000 mAh နဲ့ အထက် Battery Pack တွေက လုံလောက်ပါတယ်။ SIII ကို RAVPower Pack နဲ့ အားသွင်းကြည့်တာ ရှစ်ရက်လောက် အားသွင်းလို့ရတာ စမ်းသပ်တွေ့ရှိပါတယ်။

မှန်ကန်တဲ့ Amperage ကို ရွေးချယ်ခြင်း။
ဘက်ထရီပမာဏကို တိုင်းတာတွက်ချက် ရွေးချယ်တာအပြင် Charging Amperage ကလည်း အဓိကကျပါတယ်။ သင့် Device ဟာ ပါဝါ အသုံးပြုမှုများလေလေ USB Charging Ports မှာ သင့်တော်တဲ့ Amperage ရှိဖို့ကလည်း အရေးကြီးလေလေဖြစ်ပါတယ်။

နံရံကပ် အားသွင်းပလက်ပေါက်များမှာ တပ်ဆင်အသုံးပြုတဲ့ အားသွင်း Port တွေလိုပဲ Battery Pack တွေရဲ့ အားသွင်း Port တွေကလည်း 1A နဲ့ 2.1A စံနှုန်းနှစ်ခုကို ပံ့ပိုးပေးပါတယ်။ USB Device အားလုံးကို အဲဒီနှစ်ပေါက်လုံးမှာ အသုံးပြုနိုင်ပေမယ့် သင့်ရဲ့ Device ဟာ 1A ကိုပဲ လက်ခံပြီး 2.1A Port မှာ တပ်ဆင်ထားရင် 1A နှုန်းနဲ့သာ အားသွင်းပေးမှာ ဖြစ်ပါတယ်။ 2.1A Device ကို 1A Port မှာ တပ်ဆင်ထားရင် အားသွင်းပေးပေမယ့်လည်း အားသွင်းနှုန်းက နှေးမှာပါ။ အခုဆောင်းပါးမှာ နမူနာပြသထားတဲ့ Power Pack နှစ်ခုစလုံးက 1A , 2.1A Port နှစ်ခုစလုံးပါရှိပါတယ်။

ညအိပ်ချိန်မှာ အားသွင်းတာတို့၊ ခရီးဝေးသွားနေစဉ် အားသွင်းတာတို့လို ကိစ္စမျိုးတွေမှာတော့ Amperage က အရေးမကြီးပါဘူး။ 2.1A Port က ပိုမိုလျှင်မြန်စွာ အားသွင်းပေးနိုင်ပေမယ့်လည်း သင့်ရဲ့ Device ကို အသုံးမပြုတဲ့အချိန်မှာတော့ အရေးမကြီးပါဘူး။

Amperage အရေးပါတဲ့ အခြေအနေ ကတော့ သင့်ဖုန်းဟာ ဘက်ထရီ ကုန်တာမြန်ပြီး အားသွင်းနေစဉ်မှာပဲ ဖုန်းကို အသုံးပြုချင်ရင် ဖြစ်ပါတယ်။ ဥပမာ အားဖြင့် သင့်ရဲ့ iPad Air ကို အားသွင်းနေစဉ်မှာ ဘက်ထရီအကုန်မြန်တဲ့ ဂရပ်ဖစ် အမြင့်နဲ့ ဂိမ်းတွေ ကစားတဲ့အခါမျိုးမှာ၊ Systemကို ကစားနေချိန်မျိုးမှာ 2.1A Charging Port ပါတဲ့ Battery Pack က အရေးပါလာပါတယ်။ အဲဒီလို ဘက်ထရီ အသုံးပြုမှုများတဲ့ Device မှာ အားပိုကုန်စေတဲ့ ဂိမ်းတွေကို ကစားနေစဉ်မှာ 1A Port ကို အသုံးပြုရင်တော့ အားဖြည့်ပေးနိုင်တာထက် အားကုန်တာက ပိုမြန်မှာ ဖြစ်ပါတယ်။

သင့်သူငယ်ချင်းများအတွက် Ports

ဘက်ထရီ ကုန်တာ နှေးတဲ့ Device ပိုင်ရှင်တွေ ၊ ဂိမ်းကစားခြင်း မရှိတဲ့ သူတွအေတွက် 1A သို့မဟုတ် 2.1A Port တစ်ခုသာ ပါတဲ့ ဈေးသက်သာတဲ့ Battery Pack ကို ရွေးချယ်နိုင်ပါတယ်။ သင့်မှာ Device များစွာ ရှိရင်တော့ တန်ဖိုးအနည်းငယ်ပိုတဲ့ Port နှစ်ခုစလုံးပါတာကို ရွေးချယ်ပါ။ ဘက်ထရီ အလွန်အကျွံ အသုံးပြုတဲ့ ဂိမ်မာတွအေတွက်တော့ 4+ 2.1A Ports တွေပါတဲ့ Power Bank တွေတောင် ရှိနေပါပြီ။

အခြားမှတ်သားစရာများ

External Battery Pack ဈေးကွက်ဟာ ကြီးမားစွာ တည်ရှိနေတဲ့အတွက် ထုတ်လုပ်သူများစွာက ၀ယ်ယူသူတွကေို စွဲဆောင်ဖို့ အပိုကိရိယာတွကေို ထည့်သွင်းလာကြပါတယ်။ အကြံပေးချင်တာက အပိုကိရိယာဟာ သင့်အတွက် အသုံးဝင်မယ်ဆိုရင် ဒါမှမဟုတ် တန်ဖိုးသက်သာမယ်ဆိုရင်တော့ ၀ယ်ယူသင့်ပါတယ်။ မဟုတ်ရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ အနေနဲ့ iPad Charging Cable နဲ့ အတူ တွဲဖက် ရောင်းချတဲ့ Battery Pack ဟာ တစ်ဒေါ်လာလောက်သာ ပိုကုန်တယ်ဆိုရင် ဒါဟာ ၀ယ်သင့်ပါတယ်။ Adapter ၁၂ ခုလောက်ထည့်သွင်းပေးထားပြီး ဈေးများစွာ ကြီးနေရင်တော့ မ၀ယ်သင့်ပါဘူး။

အပိုကိရိယာတွေထဲက နှစ်သက်တာတစ်ခုက LED Flashlight ပါတဲ့ Battery Pack များဖြစ်ပါတယ်။ သင်ဟာ ခရီးသွားတဲ့အခါမှာ ခရီးဆောင်အိတ်ထဲမှာ တစ်ခုခုကိုရှာမယ်ဆိုပါစို့။ အိတ်ထဲမှာ ရှိတဲ့ Battery Pack မှ Flashlight ကို ဖွင့်လိုက်တာနဲ့ လိုချင်တာကို လွယ်ကူစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှ RAVPower Pack ဟာ အားအပြည့်ရှိနေရင် LED Flashlight ကို နာရီ ရှစ်ရာကျော် အသုံးပြုနိုင်ပါတယ်။
နောက်ထပ် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တစ်ခုက Power Indicator ဖြစ်ပါတယ်။ ဒီဆောင်းပါးမှ Battery Pack နှစ်ခုစလုံးမှာ Power Indicator တွေပါရှိပါတယ်။ Battery Pack မှ ခလုတ်ကို နှိပ်လိုက်တာနဲ့ အားကျန်ရှိမှုအခြေအနေကို မီးသီးလေးများနဲ့ ပြသမှာ ဖြစ်ပါတယ်။
Power Bank ၀ယ်ယူဖို့အတွက် စာရင်းပြုလုပ်နည်း
အခုဆိုရင် သင့်ရဲ့ Battery Pack မှာ အလိုရှိတဲ့ စွမ်းရည်တွေကို လေ့လာသိရှိပါပြီ။ ၀ယ်ယူတဲ့အခါမှာလည်း မမေ့အောင် သတိပြုသင့်ပါတယ်။ သင့်ရဲ့ လိုအပ်မှုနဲ့ ကိုက်ညီတဲ့ Battery Pack တစ်ခုရရှိဖို့ အောက်ပါ စာရင်းဇယားကို အသုံးပြုနိုင်ပါတယ်။

၁။ သင်လိုအပ်တဲ့ mAh စုစုပေါင်းကို ချရေးပြီး အောက်ပါ ဖော်မြူလာနဲ့ တွက်ချက်ပါ။
သင့် Device များရဲ့ စုစုပေါင်း mAh * အားသွင်းမယ့် အကြိမ်အရေအတွက်= လိုအပ်တဲ့ Battery Pack ရဲ့ mAh ပမာဏ
၂။ တစ်ပြိုင်နက်တည်း အားသွင်းမယ့် Device အရေအတွက်ကို ချရေးပါ။ ဒါဟာ သင်လိုအပ်တဲ့ အနည်းဆုံး Port အရေအတွက် ဖြစ်ပါတယ်။
၃။ စွမ်းအင်များစွာ အသုံးပြုတဲ့ ကိရိယာ အရေအတွက်ကို ချရေးပါ။ ( 2.1A Charging Port ကို အသုံးပြုနိုင်မယ့် iPad, Kindle Fires, Smartphone အသစ်များ ) သင့်ကိရိယာဟာ 2.1A ကို ထောက်ပံ့လား မသိရင်တော့ 2.1A လို့ပဲ သတ်မှတ်ပါ။
၎။ အခြား အပိုများ ဘာလိုအပ်လဲ ရေးသားပါ။ ( အားသွင်းကြိုးအပို၊ LED Light စတာတွေဖြစ်ပါတယ်။ )
ဒီလို စာရင်းပြုလုပ်ပြီးရင်တော့ မြောက်များစွာသော Battery Pack များထဲမှ သင့်ရဲ့ လိုအပ်မှုနဲ့ ကိုက်ညီတဲ့ mAh , Ports နဲ့ Accessories တို့ ပါရှိတဲ့ Battery Pack ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Myanmar Digital Life Journal

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment