S4, iPhone5 တို့ကို ယှဉ်ပြိုင်မယ့် ..LG Optimus G2 စမတ်ဖုန်း
တောင်ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ဟာ မကြာသေးမီကပဲ ...LG Optimus G2 လို့ခေါ်တဲ့ LG G2 ဖုန်းကို ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်....G2 ဟာ Samsung Galaxy S4 ထက် ပိုပြီး ပါးလွှာသလို ... iPhone 5 ထက်လည်း ဆိုဒ်ကြီးပါတယ်... ပြင်းထန်လာနေတဲ့ စမတ်ဖုန်း ပြိုင်ဆိုင်မှုကြားထဲကို G2 ကို Feature ပေါင်းများစွာ နဲ့..ထည့်သွင်းလိုက်တာဖြစ်ပါတယ်..ထူးခြားတာတစ်ခုကတော့ ... G2 ရဲ့ Volume နဲ့ Power button စာ ဖုန်းရဲ့နောက်ဘက်မှာရှိနေတာဖြစ်ပါတယ်.... LG ရဲ့ဆန်းသစ်မှုတစ်ခုလို့ဆို၇မှာပဲဖြစ်ပါတယ်... ဖုန်းက ဆိုဒ်ကြီးပေမယ်လို့ သုံးစွဲသူတွေရဲ့ လက်ကနေလွတ်ကျမယ့် ဆိုဒ်မျိုးမဟုတ်ဘဲ.. fitted ဖြစ်မယ်လို့ LG ကဆိုပါတယ်....စတင်ဖြန်ဲ့ဖြူးချိန်မှာ Samsung ရဲ့ Galaxy S4 ထက် £60 ချိုသာမယ်လို့လည်းသိရပါတယ်
LG G2 စာ ၅.၂ လက်မ...1080p display...2.26 GHz quad-core Snapdragon 800Soc ကိုအသုံးပြုထားပါတယ်..4.2.2 Jelly Bean OS ဖြစ်ပြီး 13 Mega pixel ကင်မရာကို ကျောဘက်မှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်...ရှေ့ဘက်ကင်မရာကတော့
2.1 megapixel ဖြစ်ပါတယ်.....ဘက်ထရီကို 3000mAh နဲ့ရရှိမှာမို့....S4 ထက်ကောင်းမွန်ဦးမှာဖြစ်ပါတယ်.Ram ကတော့ 2Gb ဖြစ်ပြီး Storage အနေနဲ့ 16 gb နဲ့ 32 Gb တို့နဲ့ရရှိမှာဖြစ်ပါတယ်
G2 တွင် knock on ဆိုသည့် Feature ပါဝင်ပါတယ် screen ကို tap နှစ်ချက်လုပ်လိုက်ရုံနဲ့ power ခလုပ်နှိပ်စရာမလိုပဲ ဖုန်းကို ဖွင့်ပေးနိုင်ပါတယ် ...ဖုန်းကို နားမှာကပ်လိုက်တာနဲက ringtone ကို အလိုအလျောက် လျှော့ချလိုက်ပြီး...ဖုန်းပြောနိုင်တာကြောင့် Answer ကိုနှိပ်ပေးစရာတောင်မလိုပါဘူး.........တောင်ကိုရီးရားမှာ တော့စတင်ရောင်းချနေပြီဖြစ်ပြီး.... အမေရိကန်မှာလည်း ပြင်ဆင်နေပြီလို့သိရပါတယ်... ကျွန်တော်တို့ဆီကို လည်း မကြာမီရောက်လာနိုင်ပါတယ်
Hands on LG G2 – Photos
iPhone 5ထက်ဆိုဒ်ကြီးတဲ့ LG G2
Android 4.2.2
The LG G2, မှာ power နဲ့ volume button ကို ဖုန်းနောက်ကျောမှာ..ထားရှိတယ်
G2 has the High Definition as well high Resolution Display.
New Quadbeat 2, Headphones for G2
LG G2, 0.35 Inches Thicker
အမျိုးမျိုးပေါ်နေတဲ့ စမတ်ဖုန်းတွေကြားထဲမှာ ဘယ်brand ၀ယ်ရင်ကောင်းမလဲဆိုတဲ့မေးခွန်းကတော့..ဆက်လက် ခေါင်းခဲစေဦးမှာပဲဖြစ်ပါတယ်.... ငွေကြေးမတတ်နိုင်တဲ့ကျွန်တော်လို့လူမျိုးကျတော့...ဘာမှခေါင်းမခဲရတော့ပါ..ခင်ညား......ခိခိ
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment