၁။ Fake name အသုံးပြုခြင်း
fake name သုံးခြင်းဟာ လော့ကျရတဲ့အကြောင်းတွေထဲမှာ ထိပ်ဆုံးပါပါတယ်... တကယ်လို့ နာမည်းရင်မသုံးချင်ယင်တောင်
ကိုယ်သုံးမယ့်နာမည်က သာမန်နာမည်မျိုးဖြစ်သင့်ပါတယ်.... ဥပမာ Jacksparrow တို့ Jame Bond တို့လိုနာမည်တွေဟာ
ဖေ့ဘုတ်က fake လိုယူဆခြင်စရာကောင်းတဲ့နာမည်မျိုးတွေပါ
၂။wall တွေ Group တွေမှာ ပို့များစွာကို တပြိုင်နက်တည်း တင်ခြင်း
ဒါကလည်း အဖြစ်များပါတယ်...ကျွန်တော်တို့လို ဘလော့ရေးတဲ့လူမျိုးဆိုရင် ကိုယ့်ဘလော့က လူသိနည်းပါတယ် ..ဒါကြောင့် လူသိများစေဖို့ Group တွေမှာ ကိုယ့်ပို့တွေ လိုက်တင်ရပါတယ်...အဲဒိလိုခါမျိုးမှာ ပို့များစွာကို လောဘတကြီး တင်မိတတ်ပါတယ် အဲဒါဆို ဖေ့ဘုတ်က ကိုယ့်ကို Bot အဖြစ်သတ်မှတ်ပြီး ပို့တင်ခြင်းကို ဘန်းလိုက်ပါတယ်..ဒါကြောင့် group တွေ သူငယ်ချင်းဝေါတွေမှာ လင့်ပါတဲ့ ပို့တွေတင်မယ်ဆို နာရီခြားတင်သင့်ပါတယ်...
၃။ request များစွာ ပို့ခြင်း
friend request ဒါမှမဟုတ် group တွေမှာ join requrest တွေများစွာပို့ရင်လည်း ..လော့ကျနိုင်ပါတယ်...ကိုယ်နဲ့ဆက်စပ်မှုမရှိတဲ့ သူတွေကို request တွေပို့မိရင် ပိုဆိုးပါတယ် ..ဥပမာ celebrity တွေဆို သာမာန်အသုံးပြုသူတွေက request များစွာလုပ်တတ်ကြပါတယ်... ဖေ့ဘုတ်ဖွင့်စဉ်ကတည်းက ကျောင်းတွေ၊တက္ကသိုလ်တွေ အလုပ်အကိုင်တွေ စသဖြင့်ဖြည့်ပေးခဲ့ရပြီး အဲဒါတွေနဲ့ ဆက်စပ်တဲ့ friend တွေကို ဖေ့ဘုတ် ကထုတ်ပေးတာပါ...အဲဒါတွေကို request လုပ်တာက ကိုယ် ဆက်စပ်မှုမရှိတဲ့ သူတွေကို request လုပ်တာထက် လော့ကျတဲ့ဘေးကင်းပါ...ဘယ်ဟာမဆို အလွန်အကျွံ မပို့မိပါစေနဲ့ ဖေ့ဘုတ်ကဖော်ပြတာကတော့ တစ်ခါ ကို request ငါးခု ထက်ပို့ဖို့မသင့်တော်ပါဘူး...ပိြု့ပီးတဲ့
request တွေကလည်း Accept လုပ်နိုင်တဲ့ အကောင့်တွေဖြစ်တာပိုကောင်းပါတယ်
၎။offensive updates and pictures တွေ တင်ခြင်း
ဒါကတော့ရှင်းပါတယ်...public တွေမှာ offensive updates and pictures တွေတင်တာကို ဖေ့ဘုတ်ကခွင့်မပြုပါဘူး
၅။ တူညီတဲ့ text တွေများစွာတင်ခြင်း
အရေးအသားတူညီတဲ့ပို့တွေကို တင်ရင်လည်းလော့ကျနိုင်ပါတယ်...ဥပမာ ကျွန်တော်တို့ ဘလော့က လင့်တစ်ခုကို ဂရုတွေမှာရှဲတော့မယ်ဆိုရင် ... တစ်ခုခြင်းဆီမှာ မတူညီတဲ့ မိတ်ဆက်စာသားလေးတွေ ထည့်ပေးခြင်းဖြင့် လော့ကျမှုမှ ကာကွယ်စေပါတယ်
၆။ Poke များစွာလုပ်ခြင်း
poke လုပ်တယ်ဆိုတာ များလွန်ရင်းမကောင်းပါဘူး တစ်ဖက်လူလည်းအနှောက်အယှက်ဖြစ်ပါတယ်..poke များလွန်းရင်လည်း ဖေ့ဘုတ်က ယာယီဘန်းတတ်ပါတယ်
၇။ သင့်account ဟာ တခြားအကောင့်တွေအတွက် potential risk ဖြစ်စေရင်
လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကပေါ့... ဖေ့ဘုတ်မှာ pornographic pitures တွေနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိခဲ့ပါတယ်....စွဲဆောင်မှုရှိတဲ့ပုံတွေကို ဗိုင်းရပ်လင့်တွေအဖြစ်ချိတ်ဆက်ထားတာပါ... သင်သုံးနေတဲ့ facebook applicaion တွေကို ကရုပြုသင့်ပါတယ်...အဲဒိလိုမျိုးသင့်အကောင့်က တခြားအကောင်းတွေအဖို့ potential risk ဖြစ်နေရင်လည်း လော့ကျနိုင်ပါတယ်
၈။ Fan Pages တွေ Like များရင်
ဖေ့ဘုတ်မှာ တစ်နေ့ကို fan page like ဘယ်လောက်လုပ်နိုင်တယ်ဆိုတဲ့ limit ရှိပါတယ် ...အဲဒါထက်ပိုသွားရင်လည်း ပြဿနာရှိနိုင်ပါတယ်
၉။Suspicious payment information
ဒါကတော့ ကျွန်တော်ဆီမှာအသုံးနည်းပါတယ် ဖေ့ဘုတ်ဖန်ပေ့ကို advertisement လုပ်တဲ့နေရာမှာ payment account နဲ့ သင်သုံးနေတဲ့ ဖေ့ဘုတ်အကောင့်က name ကွဲပြားနေရင် disable ဖြစ်သွားနိုင်ပါတယ်
၁၀။သံသယဖြစ်ဖွယ်တွေနဲ့ဆက်နွယ်နေတဲ့ page ဖြစ်နေရင်
ကိုယ်ထောင်ထားတဲ့ ပေ့ က (ဥပမာဗျာ မာဖီးယားတွေလိုအကြမ်းဖက်တာတွေနဲ့ ဆက်နွယ်နေရင် ခိခိ) disable ဖြစ်နိုင်ပါတယ် ဟိုတစ်လောက ကိုယ့်မိန်းမကိုသတ်ပြီး ဖေ့ဘုတ်ပေါ်ပုံနဲ့တကွတင်တဲ့သူရဲ့ အကောင့် လိုမျိုးပေါ့
၁၁။ အကောင့်တစ်ခုထက်ပိုသုံးခြင်း
သင့်မှာ ဖေ့ဘုတ်အကောင့်တစ်ခုထက်မကပိုသုံးနေတယ် ယူဆမိရင်လည်း ဖျက်ခံရတတ်ပါတယ်...ဒါကြောင့်ဖေ့ဘုတ်က ဖုန်းနံပါတ်တစ်ခု နဲ့ verification လုပ်ခိုင်းတတ်တာပါ..
၁၂။ ဖေ့ဘုတ်ဆိုတာလူတွေအတွက်ပဲတဲ့
ရယ်ရတယ်ဗျာ...မှတ်တော့မမှတ်မိတော့ဘူး အမေရိကန်သူထင်တယ် သူမရဲ့ ခွေးလေးအတွက် Facebook account ဖွင့်တာ..ဖေ့ဘုတ်က disable လုပ်တယ်တဲ့ဗျ..ဖေ့ဘုတ်က Facebook profiles are only for humans! တဲ့ဗျာ..ကျွန်တော်တောင်ရွာကခွေးလေး အောင်နက်အတွက်ဖွင့်ဖို့ဥစ္စာ အကြံပျက်တွားဘီ
၁၃။ Using a fake date of birth
ကိုယ့်မွေးနေ့ကို fake လုပ်မိရင်လည်းလော့ကျနိုင်ပါတယ်...တခါတလေ date ကို ပေါက်ကရရေးလိုက်လို့ အသက်တွက်ကြည့်ရင် နှစ်ငါးရာလောက်ဖြစ်နေတတ်ပါတယ် ဖေ့ဘုတ်က ဒါမျိုးလက်မခံပါဘူး..
၁၄။ Posting copyrighted materials
ရှင်းပါတယ်ဗျာ ..နိုင်ငံတကာဥပဒေပဲ.လေ copyrighted materials တင်မိရင်လော့ကျနိုင်ပါတယ်
၁၅။ Getting reported by rather too many people
အခြားအကောင့်တွေက သင့်ကိုမကျေနပ်လို့ report တက်မယ်...report တွေများလာပြီဆိုရင် လော့ကျနိုင်ပါတယ်ခင်ညာ
အဲဒါတွေအားလုံးကတော့ လော့ကျရတဲ့အကြောင်းအရာတွေထဲမှာထိပ်ဆုံးကပြေးတဲ့ကောင်တွေပါ..ကျွန်တော်ဆို ၁၄ ကလွဲလို့ကျန်တာတွေနဲ့ အမြဲငြိနေတတ်ပါတယ် အဟီး
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment