ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်... ကိုယ့်မေးလ် ကို ပက်စ်ဝပ် ခံပြီး ပို့လွှတ်ချင်ရင်...Tool လေးတစ်ခုပဲလိုပါတယ်
ဘယ်လို tool တွေလည်းဆိုတော့..အောက်မှာကြည့်ကြည့်ပေးပါ..
1.Mailvelope
Mailvelope ဆိုတဲ့ကောင်လေးက မေးလ်တွေကို encrypt လုပ်ပေးတဲ့ service tool လေးပါ....သင့်မေးတွေကို Trace လိုက်ရင်တောင်မှ...လွယ်လွယ်နဲ့ ဖွင့်ကြည့်လို့ရမှာမဟုတ်ပါဘူး...Mail service တော်တော်များများအတွက် အလုပ်လုပ်ပါတယ်...Gmail Yahoo Outlook ...စသဖြင့်ပေါ့ဗျာ..open source tool အမျိုးအစားဖြစ်ပါတယ်
user interface ကလည်းရိုးရှင်းပါတယ်....
Google chrome အတွက် Mailvelope ကိုအောက်မှာယူပါ
FOR CHROME
Firefox သမားတွေကတော့...စမ်းသပ်ဆဲအဆင့်ရှိပြီး...စမ်းသပ်လိုပါက အောက်ပါလင့်ကိုသွားပါ
FOR FIREFOX
2.Sendinc
Sendinc ကလည်း Data တွေကို Encrypt လုပ်ပေးမယ့် web based email service ဖြစ်ပါတယ်.လုံခြုံမှု အာမခံပေးသလို... အခပေးစနစ်ဖြစ်လို့ ဗဟုသုတအနေနဲ့ပဲဖော်ပြလိုက်ပါတယ်..256bit Encryption code ကိုသုံးပြီး....သင့်မေးလ်တွေကို ကာကွယ်မှုပေးမှာဖြစ်ပါတယ်...သူကိုသုံးရင် သင့်မေးလ်ကို Sendinc data center ဆီရောက်မှာဖြစ်ပါတယ်...သူတို့ဆီရောက်မှာဖြစ်လို့ သင့်မေးလ်အတွက် စိတ်ပူစရာမလိုပါဘူး...သင့်မေးလ်ကို encrypt လုပ်ပေးရုံပဲဖြစ်ပါတယ်....ပြီးမှ သင့်ပို့လိုက်တဲ့သူဆီကို လင့်တစ်ခုပို့လိုက်မှာဖြစ်ပါတယ်..ဒါကိုလက်ခံမယ့်သူက ပေးလိုက်တဲ့လင့်ကိုသွားပြီး encrypt လုပ်ထားတဲ့ ဂဏန်းကို ရိုက်ထည့်ပြီး ဖွင့်ဖတ်ရတာဖြစ်ပါတယ်...ဒါကနဲနဲ ရှုပ်ပေမယ့်
အနောက်နိုင်ငံတွေမှာ အသုံးများတယ်လို့သိရပါတယ်
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment