OPPO ဆိုတာ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတို့မှ သုံးစွဲသူတွေအတွက်
ကာလကြာမြင့်စွာ ဝန်ဆောင်ပေးနေခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းနည်းပညာ
အမှတ်တံဆိပ် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မိုဘိုင်းဈေးကွက်ကို စတင်
ဝင်ရောက်ခဲ့ချိန်ကစပြီး နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာ၊ အမြင့်မားဆုံး
အရည်အသွေးနဲ့ အလွယ်ကူဆုံး သုံးစွဲနိုင်တဲ့ မိုဘိုင်းဖုန်းတွေကို ထုတ်လုပ်
တင်ဆက်ခဲ့ပါတယ်။ OPPO က သုံးစွဲသူတွေအတွက် အဆင့်မြင့် နည်းပညာတွေ
စူးစမ်းရှာဖွေပြီး မိတ်ဆက်ပေးဖို့ အလွန်ဆန္ဒပြင်းပြတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
OPPO Finder
၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ဈေးကွက်တင်ခဲ့တဲ့ OPPO Finder က ၆.၆၅ မီလီမီတာ အထူသာရှိတဲ့အတွက် အဲ့ဒီအချိန်တုန်းက ကမ္ဘာ့အပါးလွှာဆုံး ဖုန်းတစ်လုံးအဖြစ် စံချိန်ချိုး မှတ်တမ်းတင်ခံခဲ့ရပါတယ်။ အဲဒီနှစ်အကုန်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ OPPO Find 5 က ကမ္ဘာပေါ်မှာ လူသိအများဆုံးနဲ့ လူတွေရဲ့ အလိုချင်ဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ ပုံရိပ်ဖော်ကျူးနိုင်စွမ်း 1080p၊ မျက်နှာပြင် ငါးလက်မအကျယ်၊ အကောင်းဆုံး ပုံရိပ်အာရုံခံစနစ် (13 megapixel stacked CMOS sensor) တို့ ပါဝင်တဲ့ OPPO ဟာ HDR အဆင့်မြင့် ဓာတ်ပုံရိုက်ကူး ပုံဖော်စနစ်ကို အကောင်းဆုံး ပံ့ပိုးပေးတဲ့ ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာတယ်။
OPPO N1 - ကမ္ဘာ့ပထမဦးဆုံး လှည့်ပတ်ကင်မရာသုံး စမတ်ဖုန်း
OPPO က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာတော့ OPPO N1 ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီဖုန်းက 13 Megapixel ပုံရိပ် အာရုံခံစနစ်၊ အယ်လ်အီးဒီဖလက်ရှ်မီး နှစ်ခုပါဝင်ပြီး ၂၀၆ ဒီဂရီအထိ ကင်မရာကို လှည့်ပတ်ရိုက်ကူးနိုင်တဲ့ ပထမဦးဆုံး စမတ်ဖုန်း အမျိုးအစား ဖြစ်လာခဲ့ပါတယ်။ အမှောင်ထဲမှာ ရိုက်ကူးရင်တောင် ပုံရိပ်ထွက် ပြတ်သားတဲ့ဖုန်း ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာ အပါအဝင် လူမှုဆက်သွယ်ရေး ကွက်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး တင်လိုသူတွေအတွက် စွဲမက်စရာ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
OPPO Find 7 - ယနေ့မိုဘိုင်းဖုန်း နည်းပညာ အကန့်အသတ်တွေကို ကျော်လွှားခြင်း
နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Find 7 က မိုဘိုင်းဖုန်း နည်းပညာနယ်ပယ်မှာ ဆန်းသစ်မှု အရှိဆုံးနဲ့ အကောင်းဆုံး နည်းပညာတွေကို သုံးစွဲထားပါတယ်။ ပုံရိပ်ပြတ်သားမှု ထင်ရှားအားကောင်းတဲ့ ၅ လက်မခွဲ အကျယ် အဆင့်မြင့် Quad HD ဖန်သားပြင်၊ ပုံရိပ်ထွက် အဆင့်မြင့် ကောင်းမွန်တဲ့ 4K ဗီဒီယို ရီကောဒင်းစနစ်နဲ့ အမြန်ဆုံး ဘက်ထရီ အားသွင်းစနစ်တို့ ပါဝင်ပါတယ်။ Megapixel 13 ရှိတဲ့ ကင်မရာနဲ့ ဓာတ်ပုံတွေကို အကန့်အသတ်မရှိ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရုပ်ပုံအရည်အသွေးကို 50 Megapixel အထိ တိုးမြှင့်ပေးနိုင်တဲ့ စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါတိုင်း ပြည့်စုံကောင်းမွန်တဲ့ ပုံရိပ်ဖော်ကျူးမှုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ထိတွေ့မှုကို အကောင်းဆုံး အာရုံခံပေးနိုင်တဲ့ Touch-on-Lens နည်းပညာကိုလည်း သုံးစွဲထားပါသေးတယ်။

source-net guidejuournal
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment