v
HDMI ဆိုတာ ၂၁ ရာစုနှစ်ထဲမှာ အိုင်တီရဲ့ အီလက်ထရောနစ် လောကထဲကို
ရောက်လာတဲ့ Multi Media ဆက်သွယ်မှုစနစ် ဖြစ်ပါတယ်။ Multi Media ဆိုရင်
တချို့လူတွေက မျက်စေ့ထဲ ဟိုလိုလို၊ ဒီလိုလို မြင်နေစရာ ရှိပါတယ်။
ရှင်းအောင်ပြောရရင် multi media ဆိုတာ ဗီဒီယိုရုပ်ရှင်တွေ၊ ဓာတ်ပုံလို
ရုပ်သေတွေ ရောထွေက်းယှက်တင်နေတဲ့ တင်ဆက်မှုကို ဆိုချင်ပါတယ်။ အဓိကကတော့
အရုပ်ရော၊ အသံရောပါတဲ့ (Audio/video) တင်ဆက်မှုပါ။ HDMI က (High Definition
Multi media Interface) ကို အတိုကောက်ပြောထားတာ ဖြစ်ပါတယ်။ High Definition
တစ်နည်းပြောရရင် ကြည်လင်ပြတ်သားမှု မြင့်တယ်ဆိုတဲ့ အခြေအနေဟာ DVD
ထက်မြင့်တဲ့ အခြေအနေကို ရည်ညွှန်းပါတယ်။ ၂၁ ရာစုထဲဝင်တဲ့ အချိန်လောက်ထိ DVD
ထက်မြင့်တဲ့ အခြေအနေကို ရည်ညွှန်းပါတယ်။ ၂၁ ရာစုထဲ ဝင်တဲ့အချိန်လောက်ထိ DVD
အဆင့် ရုပ်သံအရည်အသွေးကိုပဲ အကောင်းဆုံးလုပ်ပြီး ကြည့်လာရာက ၂၀၀၅
ခုနှစ်လောက်မှာ HD (High Definition) ခေါ်တဲ့ အရည်အသွေးမြင့် ရုပ်သံစနစ်
ပေါ်လာပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ သူ့ထက်သာတဲ့ Full HD ရုပ်သံစနစ်
ပေါ်လာပါတယ်။ 1080p လို့ခေါ်တဲ့ စနစ်ပေါ့။ Bluray ခွေ အတော်များများ Full HD
နဲ့ လာပါတယ်။ ရုပ်ထွက်က မှုန်နေအောင် ကောင်းပါတယ်။ ဗီဒီယိုကို
ခဏရပ်ထားလိုက်လို့ ပေါ်နေတဲ့ အရုပ်က ဓာတ်ပုံကို ကြည့်နေရတဲ့ အတိုင်းပဲ။
HD ရုပ်ထွက်က အရမ်းကောင်းတော့ ဘယ်သူက DVD ကို ကြည့်ချင်မှာလဲ။ အဲဒီတော့ HD ပြနိုင်တဲ့ player တွေ၊ HDTV တွေ ထွက်လာပါတယ်။ ဒီနေ့ ကျွန်တော်တို့ကြည့်နေတဲ့ မှန်ပြားရုပ်မြင်သံကြားစက်တွေဟာ HD အဆင့် ရှိပါတယ်။ (1366×768) pixel ပြနိုင်ပါတယ်။ သူ့ထက်ကောင်းတဲ့ Full HD ရုပ်မြင်သံကြားစက်လဲ ရှိတယ်။ (1920×1080) pixel ပြနိုင်ပါတယ်။ HD တွေ ခေတ်စားလာတော့ ကွန်ပျူတာတွေမှာပါ HD စနစ်ကို ထည့်လာပါတယ်။ HD စနစ် ပထမဆုံး ပါလာတဲ့ မိုဘိုင်းပစ္စည်းကတော့ Laptop ကွန်ပျူတာတွေပါ။ (1366×768) pixel ပြပေးပါတယ်။ ရုပ်ထွက်ကကောင်းတော့ Laptop ရဲ့ ဖန်ပြင် ၁၄ လက်မမှာ ကြည့်လို့ ဘယ်လိုမှ အားမရဘူး။ အပြင်က screen ကြီးကြီးနဲ့ တွဲပြီး ကြည့်ချင်တယ်။ အဲဒီတော့ အပြင်ဘက်က ဖန်ပြင်ကြီးကြီး ရုပ်မြင်သံကြားစက်ပေါ်မှာ ချိတ်ပြီး ကြည့်နိုင်မယ့် port တွေ၊ ကြိုးတွေကို တီထွင်လာပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ ပထမဆုံး ထည့်ပေးတဲ့ Port က HDMI port မဟုတ်ပါဘူး။ VGA port တွေပါ။ DVD အဆင့်လောက် ရုပ်သံဖိုင်တွေကို ရုပ်မြင်သံကြားစက်ပေါ်မှာ ကြည့်လို့ရပါတယ်။ သူ့ထက်သာတဲ့စနစ် နောက်ပိုင်းမှာ ပေါ်လာပါတယ်။ DVI (Digital Visual Interface) port ပါ။ DVI က HD ဗီဒီယိုကို analog ရော၊ Digital စနစ်အတွက်ပါ သုံးနိုင်လို့ အိုင်တီခေတ်ဦးက ကွန်ပျူတာတွေ၊ မော်နီတာတွေမှာ တစ်ခေတ်ဖြစ်ခဲ့ပါတယ်။
DVI port ကနေ တခြားမော်နီတာတွေ ရုပ်မြင်သံကြားစက်တွေနဲ့ ဆက်တာက Cable ကြိုးနဲ့ပါ။ DVD စက်နဲ့ ရုပ်မြင်သံကြားစက်ကို ဆက်သလို Audio Video ကြိုးနှစ်ချောင်း မဟုတ်ပါဘူး။ တစ်ချောင်းတည်းသော ကြိုးနဲ့ ဆက်တဲ့စနစ် ဖြစ်ပါတယ်။ အရုပ်ပိုင်းနဲ့ ပတ်သက်ပြီး၊ အလွန်ကောင်းပေမယ့် အသံပိုင်းနဲ့ ပတ်သက်လာရင် အားနည်းချက် ရှိပါတယ်။ DVD ခေတ်တုန်းကလည်း အရုပ်ရော အသံပါကောင်းဖို့ ကြိုးသုံးချောင်းနဲ့ဆက်တဲ့ component video ဆိုတာ ပေါ်ခဲ့ဖူးတယ်။ အရုပ်အတွက် AV ကြိုးနဲ့ ဆက်တာထက်စာရင် Component စနစ်မှာ အရုပ်နဲ့အသံ အရည်အသွေး ပိုကောင်းလာပါတယ်။ Component စနစ်ထက်ရော DVI စနစ်ထက်ပါ အရုပ်အသံ အရည်အသွေး ပိုကောင်းအောင် ဖြေရှင်းပေးလိုက်တာက HDMI စနစ်ပါ။ HDMI စနစ်မှာ ကြိုးတစ်ချောင်းပေါ်ကပဲ အလွန်ကောင်းတဲ့ အရုပ်နဲ့ အလွန်ကောင်းတဲ့ အသံတွေကို ပို့နိုင်ပါတယ်။ HDMI ကြိုးတွေက ပျော့ပျောင်းပြီး၊ ကွေးနိုင် ညွတ်နိုင်တဲ့ ကြိုးပါ။ DVI နဲ့ VGA ကြိုးတွေထက် စာရင်လည်း အရွယ်သေးပါတယ်။ အသံပိုင်းနဲ့ ပတ်သက်လာရင် HDMI ရဲ့ အားသာချက်က သိပ်ပြီး သိသာပါတယ်။ DVD အပြည့်စနစ်မှာ ကျွန်တော်တို့ ကြားရတဲ့ 5.1 Audio စနစ် (တစ်နည်းပြောရရင် Subwoofer တစ်လုံး Satellite speaker ခုနှစ်လုံး သုံးပါတယ်။) နှစ်မျိုးကို ကြိုးပြောင်းထိုးစရာ မလိုဘဲ ကြိုးတစ်ချောင်းတည်းပေါ်က သွားနိုင်ပါတယ်။
ဘယ်လို မိုဘိုင်းပစ္စည်းပဲဖြစ်ဖြစ် HDMI စနစ်ဟာ တခြားဖန်ပြင်ကြီးကြီးတွေ၊ HDTV ကြီးတွေနဲ့ ချိန်ဆက်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဒါကြောင့် တန်းးမြင့် မိုဘိုင်းပစ္စည်းတွေမှာ အခုနောက်ပိုင်း HDMI port တွေ ထည့်လာပါတယ်။ သူနဲ့ တစ်တွဲတည်း HDMI Cable တွေ HDMI adapter တွေကိုပါ ထုတ်လုပ် ရောင်းချလာပါတယ်။ ကိုယ့်မှာရှိတဲ့ Tablet၊ ကိုယ့်မှာရှိတဲ့ မိုဘိုင်းဖုန်း HDMI port သာ ပါပါစေ။ အပြင်လူတွေ ထုတ်ရောင်းတဲ့ HDMI Cable နဲ့ HDMI adapter တွေဝယ်ပြီး တွဲသုံးလို့ ရပါတယ်။ စကားအဖြစ် ပြောတာပါ။ port ပါပြီဆိုမှတော့ ကြိုးကိုလည်း ထည့်ပေးလေ့ရှိပါတယ်။ adpter ဒါမှမဟုတ် Cable ကြိုးရွေးတာသာ မှန်ပါစေ။ Laptop ကွန်ပျူတာကနေ ၃၂ လက်မ ရုပ်မြင်သံကြားစက်ကြီးကို ချိတ်ပြီး ဗီဒီယိုကြည့်တဲ့ အလုပ်ဟာ ငှက်ပျောသီး အခွံနွှာစားသလောက် လွယ်ပါတယ်။ Tablet တွေ စမတ်ဖုန်းတွေမှာပါ HDMI သုံးလာတယ်ဆိုတာ အခုမှ ဖြစ်လာတာပါ။ Laptop တွေမှာဖြင့် HDMI အတော်ကြီး အသားကျနေပါပြီ။ ဒါကြောင့် ဒီနေ့ခေတ် Laptop ဝယ်ရင် (1024×600) pixel ပဲရှိတဲ့ Netbook လို ပစ္စည်းကလွဲပြီး HDMI connector ဒါမှမဟုတ် Alternate Display Connector တွေ ထည့်ပေးထားတာဟာ ထုံးစံလို ဖြစ်နေပါပြီ။ အင်မတန်ပါးလွှာပါတယ်ဆိုတဲ့ ultraportable laptop တွေမှာတောင် HDMI connector တွေ ပါပါတယ်။ Laptop ကွန်ပျူတာတွေမှာ အရင်ကပါခဲ့တဲ့ DVI port နဲ့ Mini Display port တွေကို အစားထိုးလိုက်တာပါ။ HDMI port ပါလာပြီဆိုပေမယ့် ကွန်ပျူတာနဲ့ ရုပ်မြင်သံကြားစက် အကြီးကြီးကို တစ်ဖက်စီမှာ ဆက်မယ့် ခေါင်းတွေက အံဝင်ခွင်ကျဖြစ်ဖို့ လိုပါတယ်။ အံဝင်ခွင်ကျ မဖြစ်လည်း မပူပါနဲ့။ adapter ကြားခံပြီး ဆက်လို့ အဆင်ပြေပါတယ်။ Adapter ခံပြီး သုံးတယ် ဆိုပေမယ့်လည်း ဟိုဘက်ဒီဘက် အဆင်ပြေအောင် Conversation process လုပ်စရာလည်း မလိုပါဘူး။ Laptop ကနေ Adapter ဆီ ထုတ်ပေးလိုက်တဲ့ Signal တွေဟာ HDMI compatible ဖြစ်ပြီးသား။ Connector ခေါင်းပြောင်းတာပဲ ရှိပါတယ်။
အရင်ကတော့ HDMI ဆိုတာ Laptop အတွက်ပေါ့။ အခုတော့ ထိပ်တန်းအဆင့် Tablet တွေဟာ 720p HD ဗီဒီယိုတွေ ပြသလာနိုင်တယ်။ Galaxy Note အကြီးတွေဆိုရင် Full HD တောင် ပါလာသေးတယ်။ ကိုယ့်ဟာကိုယ် Tablet နဲ့ ဗီဒီယိုရိုက်ရင်လည်း HD ဒါမှမဟုတ် Full HD ရိုက်နိုင်ကြပြီး၊ အဲဒီဗီဒီယိုကို ဖန်ပြင်သေးသေး Tablet ပေါ်မှာ လူတစ်အုပ်ကြီးကို ဘယ်လိုပြချင်မှာတုန်း။ ဒါကြောင့် Tablet နဲ့ HDTV ဒါမှမဟုတ် External Display ကြီးကြီးနဲ့ ချိတ်ဆက်နိုင်အောင် လုပ်လာပါတယ်။ အဆင့်မြင့် တန်ဖိုးကြီး Tablet တွေမှာ သက်ဆိုင်ရာ မေယ်ဒယ်အလိုက် သီးခြား HDMI connector တွေ ပါလာပါတယ်။ တချို့မှာ Micro HDMI connector ပါလာပါတယ်။ iPad လိုဟာမျိုးကျတော့ External HDMI Device ကတစ်ဆင့် ချိတ်ဆက်ပြီး သုံးနိုင်တဲ့ Connection စနစ်ပါတယ်။ ဒါတောင် အဲဒီစနစ်ထဲမှာ အဆင်ပြေပြေ ဝင်ပြီးချိတ်နိုင်အောင် adapter သုံးရပါသေးတယ်။ Tablet တောင် HDMI သုံးပြီဆိုမှတော့ စမတ်ဖုန်းတွေလည်း ဘယ်နေမှာတုန်း။ သူ့ခေတ်ကိုး။ တန်ဖိုးမြင့် ထိပ်တန်းစမတ်ဖုန်း ဝယ်ရင် HDMI စနစ် ပါတာများတယ်။ ဒါပေမယ့် Mini HDMI ဒါမှမဟုတ် Micro HDMI ဖြစ်လေ့ရှိပါတယ်။ စမတ်ဖုန်း HDMI က ကျွန်တော်တို့ဆီမှာ သိပ်ပြီး ခေတ်မထသေးတော့ Micro Simcard ထည့်သုံးရတဲ့ Handset တွေလို နည်းနည်းတော့ ကသိကအောက် ဖြစ်ရပါမယ်။
၂၀၁၃ ခုနှစ် နှစ်အကုန်ပိုင်းမှာ ထွက်လာတဲ့ iOS Device တွေ အမြင့်တန်း Android Device တွေမှာ video out ပါလာပါပြီ။ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ Black Berry အပါအဝင် အလတ်တန်း စမတ်ဖုန်းတွေမှာလည်း Video out စနစ် ပါလာဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ အမြင့်တန်း စမတ်ဖုန်းတချို့ဟာ video out အတွက် MHL (Mobile High Definition Link) ကို သုံးပါတယ်။ MHL connector တွေက Micro USB တွေနဲ့ တူတယ်။ MHL Connector နဲ့ HDMI connector က မတူပါဘူး။ ဒါပေမယ့် သူတို့ဟာ အတော်ကြီး နီးနီးစပ်စပ် တူပါတယ်။ Adapter တစ်ခု ခံလိုက်ရင် MHL ဟာ HDMI port မှာ ဝင်ပြီး ချိတ်နိုင်ပါတယ်။ တချို့ adapter တွေက HDMI ဆက်သွယ်မှုအတွက်တင် မကဘဲ စမတ်ဖုန်းကိုပါ အားသွင်းပေးနိုင်တဲ့အတွက် ပိုတောင်ကောင်းပါတယ်။ မိုဘိုင်းပစ္စည်းတွေဟာ HDMI စနစ်သုံးပြီး HDTV တွေနဲ့ ချိတ်ရုံလောက်အဆင့်မှာ ရပ်နေမှာ မဟုတ်ပါဘူး။ External projector တွေနဲ့ ချိတ်ဆက်ပြီး သုံးနိုင်တဲ့ အဆင့်လောက်ထိ ရည်ရွယ်ထားပါတယ်။ ပြခန်းကြီးတွေ၊ အစည်းအဝေးခန်းကြီးတွေမှာက အခုနောက်ပိုင်း projector စနစ်တွေ ထားလာကြတာ ရှိပါတယ်။ projector တွေမှာ HDMI input တွေလည်း ပါလာကြပြီး အခန်းထဲမှာ projector စနစ် မရှိရင်လည်း ကိုယ့်ဘာသာ portable projector သယ်သွားပြီး မိုဘိုင်းပစ္စည်း တစ်ခုခုနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။ 720p အဆင့် ရုပ်ထွက်ဟာ Screen ကြီးကြီးပေါ်မှာ ကောင်းပြီးသား၊ 1080p ဒါမှမဟုတ် 4k resolution နဲ့ ဆိုလို့ကဖြင့်...။
နောင်စိုး (ထားဝယ်)

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment