
+++++++++++++++++++++++
Def ဖိုင်ဆိုတာကတော့အလွယ်ဆုံးနည်းပြောရရင်တော့ Cydia Source တွေထဲက tweak တွေကိုအပြင်ထုတ်ထားတဲ့ဖိုင်ကိုပြောတာပါ။လုပ်ပုံလုပ်နည်းကတော့ ...
deb file သွင်းဖို့ ဆိုရင် ပထမဦးဆုံး iTools သို့  iFanBox
ရှိရပါမယ်။အခု iTools နဲ့ ရှင်းပြမှာပါ။iFanBox လည်းထိုနည်း၎င်းပါပဲ။iTools
ကို run လိုက်ပါ။(ဖုန်းကိုကွန်ပြူတာနဲ့ ချိတ်ထားရပါမယ်)iTools ဖွင့်ပီးရင်
ဘယ်ဘက်အကွက်ထဲက File System ကိုဝင်လိုက်ပါ။ပြီးရင် အပေါ်နားက File
System(Jailbreaked) ကို click ပါ။var ဆိုတဲ့ folder ထဲကိုသွားပါ။ပြီးရင်
root ဆိုတဲ့ ထဲကိုထပ်ဝင်လိုက်ပါ။Media ဆိုတဲ့ folder ကို ထပ် click
လိုက်ပါ။Media ဆိုတဲ့ folder ထဲကိုရောက်ရင် folder
အသစ်တစ်ခုဆောက်ပါ။နာမည်ကို Cydia လို့ ပေးပါ။(Media ဆိုတဲ့ folder ထဲမှာ
Cydia ဆိုတဲ့ဖိုဒါ ရှိပီးသားဆိုရင်ထပ်ပြီးအသစ်မဆောက်ပါနဲ
့)Cydia ဆိုတဲ့ folder ထဲကိုဝင်ပါ။Cydia folder ထဲရောက်ရင် AutoInstall
ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ။(AutoInstall ဆိုတဲ့ folder
ရှိပြီးသားဆိုထပ်ပြီးအသစ်မဆောက်ပါနဲ့ )
AutoInstall ဆိုတဲ့ဖိုဒါထဲကိုရောက်ရင် ကိုယ်သွင်းချင်တဲ့ deb ဖိုင်(ကိုယ် install လုပ်ချင်တဲ့ဖိုင်) တွေကို copy/paste
(သို့ ) drag ဆွဲထည့်လိုက်ပါ။ပြီးရင် iTools ကိုပိတ်လို့ ရပါပီ။ပြီးရင်
ကိုယ့် idevice ကို power ပိတ်ပြီး ပြန်ဖွင့်ပါ။ပါဝါပြန်တက်လာရင် ကိုယ့်
idevice ထဲမှာ deb ဖိုင်တွေသွင်းပြီးဖြစ်နေတာကိုတွေ့ ရပါလိမ့်မယ်။
credit McMaung(နည်းပညာနယ်မြေ)
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment