အသိတစ်ယောက်မေးလို့ ဆောင်းပါးပုံစံလေးရေးလိုက်ပါတယ်သူမေးတဲ့မျိုးနွယ်ကိုဦးစားပေးပြောထားပါတယ်
ဒါထက်မြင့်တဲ့ကောင်တွေပေါ်နေလို့ပြောနေတာပါခင်ညာ...သိသလောက်မျှဝေတာဖြစ်ပါကြောင်း..ဘာကောင်
မှမဟုတ်ပါကြောင်း...အသိပေးအပ်ပါသည်။
ကွန်ပျူတာမှာMonitor နဲSystem Unit နှစ်မျိုး ပါဝင်ပါတယ်။Monitorကတော့
အပြယူနစ်သက်သက်သာ ဖြစ်ပါတယ်။ ကွန်ပျူတာအသုံးပြုသူသိစေဖို့ အကြောင်းအရာအားလုံးကMonitor
မှာ ကြည့်ပြီးမှ အသုံးပြုသူက ခိုင်းစေရပါတယ်။ P6 မျိုးနွယ်တွေမှာ အသုံးများတဲ့Connector တွေက
Slot-1 နှဲ့Socket PGA 370 ဖြစ်ပါတယ်။ PGA 370 မှာ အသုံးပြုမယ့်CPU တွေက Mendocino,
Coppermine, Tualatinတို့ ဖြစ်ပါတယ်။ Monitor ရဲ့ ဘေးမှာ ရှိနေတဲ့Casing ကတေှာ့System
Unit လို့ ခေါ်ပါတယ်။ လုပ်ငန်းစဉ်အားလုံးဟှာ System Unitအတွင်းမှာ ရှိပါတယ်။
လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ပေမယ့် အဓိက တွက်ချက်ပေးတာက CPU့  သို့မဟုတ် Processor
ပဲ ဖြစ်ပါတယ်။ ဒီအခါ Casing အဖုံးကို ဖွင့်လိုက်တာနဲ့ CPU ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ CPU
ဆိုတာထက် Cooling Fan ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Cooling Fan ကို ဖြုတ်လိုက်ရင်တော့ CPU,
Socket တို့ကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။ P6 မျိုးနွယ်တွေအတွကှ်Socekt PGA 370 လို့ ရေးထားတာကိုသာ
တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် CPU အမျိုးအစားခွဲချင်ရငCPUကိုသာ ကြည့်ပြီး ခွဲခြားရမှာ ဖြစ်ပါတယ်။
CPU့ အမျိုးအစားအတွက် CPU့ ရဲ့ အရောင်၊ Package Size အရွယ်အစားပုံသဏ္ဌာန်တို့ကို
မှတ်သားထားဖို့ လိုအပ်ပါတယ်။ သို့မှသာCPU့ အပေါ်က စာတွေကို ဖတ်နေဖို့ မလိုဘဲ ဘယ်လို CPU
ဆိုတာ အကြမ်းဖျင်း ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
Mendocino PPGA
Mendocino Celeron တွေက ဈေးနှုန်းသက်သာစေဖို့ ထွက်ပေါ်လာတဲ့Low End Device
တွေ ဖြစ်ပါတယ်။ သူ့ရဲ့ မူလရည်ရွယ်ချက်က ဈေးသက်သာစေသလို၊ အမြန်နှုန်းကလည်း PII တွေကို
မှီမှာ မဟုတ်ပါ။ Speed u 333MHz uae 533MHzအထိ ရှိပါတယ်။
Celeron 466 ကို ပုံ-၁ မှာ တွေ့နိုင်ပါတယ်။ အရွယ်အစားက ၂လက္မပတ်လည်ရှိပါတယ်။
CPU့ အထူက ၀.၁လက္မတောင် မပြည့်ပါဘူး။ CPU့ ရဲ့ အလယ်တည့်တည့်မှDieတစ်ခု ပါဝင်ပါတယ်။
ဒီDie အပေါ်မှာ CPU က ရှိနေတာ ဖြစ်ပါတယ်။Mendocino Celeron ရဲ့ အရောင်က
အနက်ရောင်ဖြစ်ပါတယ်။ အလယ်ကHeat Spreader ကတော့ ငွေရောင် ဖြစ်ပါတယ်။ CPU့ ရဲ့
အမျိုးအစားကို ဖတ်မယ်ဆိုရင် သူ့ရဲ့ အောက်ဖက်မှာ ဖတ်ရမှာ ဖြစ်ပါတယ်။
ှု
Intel
Celeron
FV 524RX400
128 SL3A2
MALAY 98
CPUမှာ ဖတ်လို့ ရသမျှ ရေးထားတာ ဖြစ်ပါတယ်။ Intel Celeron လို့ အတိအလင်းရေးထားတဲ့
အတွက် သူ့ရဲ့ မျိုးနွယ်စုက Celeron ဆိုတာ သေချာပါပြီ။
FV524 အထဲက ၅၂၄ သို့မဟုတ် ၈၀၅၂၄ က သူ့ရဲ့ Product နံပါတ်ဖြစ်ပါတယ်။ ၈၀၅၂၄ လို့
၂
အမည်ရပါတယ်။ ၈၀ ကို ဖော်ပြမထားပါ။ ၈၀၅၂၄ က Product နံပါတ်ပဲ ဖြစ်ပါတယ်။ 128K က
Cache Memory 128KBပါဝင်တယ်လို့ ဆိုလိုပါတယ်။ Celeron တွေရဲ့ မူလ ရည်ရွယ်ချက်က
ဈေးနှုန်းသက်သာဖို့ ရည်ရွယ်ပေမယ့် Cache Memory ထည့်သွင်းဖို့ကြိုးစားတဲ့အခါ အခက်အခဲတွေ
တွေ့ခဲ့ရပါတယ်။ အကြောင်းကတော့ PII မှာ ပါဝင်တဲ့ Cache Memory နဲ့ Celeron မှာ ပါဝင်တဲ့
Cache တွေက မတူတော့ပါဘူး။
Mendocino တွေရဲ့ ထုတ်ပိုးမှုစနစ်က Plastic Pin Grid Array(PPGA) ဖြစ်ပါတယ်။
Pipelining
CPU ကို အမိန့်ပေးခိုင်းစေမှုတွေက Instructionလို့ ခေါ်ပါတယ်။ ဒီအမိန့်တွေကို လုပ်ဆောင်နိုင်ဖို့
CPU အတွင်းမှာ အဆင့်အသီးသီး ခွဲပြီး တွက်ချက်ပါတယ်။ အဆင့်တစ်ခုစီတိုင်းကStage တစ်ခုလို့
ခေါ်ပါတယ်။ ဒီ အဆင့်တွေအားလုံးပေါင်းပြီး Pipeline လို့ ခေါ်ပါတယ်။ ၄၈၆ ကွန်ပျူတာတွေမှာ Pipeline
တစ်ခုသာ ပါဝင်တဲ့အတွကInstruction တစ်ခုကိုသာ လုပ်ဆောင်နိုင်ပါတယ်။ Pipeline က Instruction
တွေကို သယ်ဆောင်ပေးတာပဲ ဖြစ်ပါတယ်။
Pentium တွေမှာတော့ Pipeline နှစ်ခုပါဝင်လာတဲ့အတွက် တစ်ကြိမ်မှာInstruction နှစ်ခုကို
လုပ်ဆောင်နိုင်ပါတယ်။ CPU တိုင်းမှာ အနည်းဆုံး Pipline Stage လေးခု ပါဝင်ပါတယ်။ P4 မှာတော့
Pipeline အခု ၂၀ ၀န်းကျင်အထိ ပါဝင်လာပြီ ဖြစ်ပါတယ်။
Superscalar Execution
P6 တွေမှာ Pipeline လေးခုပါဝင်တဲ့အတွက် Pentium တွေထက် နှစ်ဆများပါတယ်။ Pipeline
များလေ ပိုမြန်လေ ဖြစ်ပါတယ်။ P6 တွေဟာ တစ်ချိန်တည်းမှာ Process နှစ်ခုကို လုပ်ကိုင်နိုင်ပါတယ်။
Clock cycle တစ်ခုမှာ Process တစ်ခုထက်ပိုပြီး လုပ်ဆောင်နိုင်ရငSuperscalar execution
လို့ခေါ်ပါတယ်။
Dual Independent Bus Architecture
ကွန်ပျူတာတွေ ပိုမြန်လာအောင် ကြိုးစားမှုမှာCache Memory ကိုလည်း ချန်ထားလို့ မရပါဘူး။
Cache Memory မှာ Internal(L1) နဲ့ External(L2) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ L1 Cache တွေက
CPU အတွင်းထဲမှာ ပါဝင်ပြီး အနည်းငယ်သာ ပါဝင်ပါတယ်။ L2 Cacheတွေက Pentium အထိ
Motherboardအပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွကCPU ဟာMemory, L2 Cache တို့နဲ့
ဆက်သွယ်တိုင်း င်္ Front Side Bus (FSB) ကိုသာ အသုံးပြုရပါတယ်။Shareန လုပ်ပြီး အသုံးပြုတဲ့အတွက်
CPU ရှဲ့Speed ကို ကျဆင်းစေပါတယ်။
PII တွေ ပေါ်လာတဲ့အခါ L2 Cache ဟာm Slot-1 CPU့ အတွင်းထဲကို ရောက်လာပြီ ဖြစ်ပါတယ်။
သို့သော်CPU နဲ့ သီးခြားစီသာ ဖြစ်ပါတယ်။ CPU နဲ့ L2 Cache ကို circuit ပြားတစ်ခုမှာ
သီးခြားစီထည့်သွင်းထားတာ ဖြစ်ပါတယ်။ သို့သော် အရင်ကလL2Cache ကို ဆက်သွယ်ရာမFSB ကို
အသုံးမပြုတော့ဘဲ သီးခြာ Dual Independent
Bus(DIB)ကို အသုံးပြုခဲ့ပါတယ်။ ။D Data BusကိုBack Side Bus လို့ ခေါ်ပါတယ်။
Cache အကြောင်းပြောရင်Cache ရဲSpeed ကိုလည်း ချန်ထားလို့ မရပါဘူးSlot-1,
PII, PIIIတွေမှာ ပါဝင်တဲ့ Cache ဟာ CPU့ နဲ့ သီးခြား ဖြစ်သလို သူတို့ရဲ့ Speed ကလည်း CPU
ှspeed ရဲ့ တစ်ဝက်သာ ဖြစ်ပါတယ်။ PIII Speed 500MHz CPUအတွက် L2 Cache &JU Speed
၃
က250MHzသာ ရှိပါတယ်။ ဒီအတွက် PIIှု ရဲ့ Cache Memory Speed ဟာ P1 ထက်ပိုမြန်သော်လည်း
Socekt 370 CPUမှာ ပါဝင်တဲ့ Cache ထက်တော့ နှေးနေတယ်လို့ ပြောနိုင်ပါတယ်။
On Die Cache
Mendocino Celeron တွေ ထွက်ပေါ်လာတဲ့အခါ Cache 128KBပါဝင်လာပြီ ဖြစ်ပါတယ်။
L2 Cache ကို CPU ရှိနေတDie အပေါ်မှာ တင်လိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် Cache ရှဲ့Speed
ဟာ CPUရှဲ့Speed အတိုင်း ထပ်တူလုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ Celeron 400MHzအတွက်
Cache Memory 128KBသာ ပါဝင်ပေမယ့် ဒL2 Cache တွေရဲSpeedက 400MHz Speed နဲ့
ထပ်တူ လုပ်ဆောင်ပါတယ်။ ဒါကြောင့် Mendocino Celeron တွေဟာPII Slot-1တွေနဲ့ ယှဉ်နိုင်စွမ်း
ရှိပါတယ်။ သို့သော် ဒီ Celeron တွေကို လုပ်ရတာ ခက်ခဲသလို ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း
များလွန်းပါတယ်။ ဒီအတွကIntel က FC-PGAတွေကို ဦးတည်ခဲ့ပါတယ်။
Coppermine FC-PGA
FC-PGA တွေက အစိမ်းရောင် ဖြစ်ပါတယ်။ PIII နCeleronနှစ်မျိုး ရှိပါတယ်။ FC-PGA
Package ကို ပြောင်းလဲပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အပူထုတ်လွှတ်မှု လွယ်ကူစေဖို့Die ရဲ့ အပေါ်မှာ
သို့မဟုတ်CPU ရဲ့ အလယ်တည့်တည့်မှာHeat Spreader ကို ထည့်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်Coppermine CPUတွေရဲ့ အလယ်မှာ Heat Spreader ကို တွေ့ရမှာ ဖြစ်ပါတယ်။ Heat Spreader က လက္မ၀က်ပတ်လည် ရှိပါတယ်။ အရောင်က အပြာရောင်၊ ရောင်ပြန်သဘောမျိုး ဖြစ်ပါတယ်။
သို့သော် Heat Spreader က သီးခြား အပေါ်ကို စွန်းထွက်နေတဲ့အတွက် အပူစွန့်ထုတ်မှု ပိုမိုလွယ်ကူအောင်၊
ပျက်စီးမှုနည်းအောင်FC-PPGA 2ကို ပြောင်းလဲခဲ့ပါတယ်။
FC-PGA, FC-PGA2 CPU တွေဟာSocket 370 ကိုသာ အသုံးပြုပါတယ်။ ဒီအတွက်
အလျား၊ အနံ အရွယ်အစား တူညီပါတယ်။ သူ့ရဲ့ အထူကြMendocino Celeron တွေထက်ပါးပြီး
ဝ.၀၅လက္မ၀န်းကျင်သာ ရှိပါတယ်။
ပုံ-၂မှာCeleron 667MHzကို တွေ့နိုင်ပါတယ်။ သူ့အပေါ်ကစာတွေကို အောက်မှာ
ဖော်ပြလိုက်ပါတယ်။
Intel
Celeron
667/128/66/1.7V
Malay
CPU့ ရဲ့ အရောင်က အစိမ်းရောင်ကို မြင်ရပါတယ်။ CPU Model က Intel Celeron
ဖြစ်ပါတယ်။CPU Speed u 667MHz ဖြစ်ပါတယ်Cache က 128KBဖြစ်ပါတယ်။Bus Speed
u 66MHz ဖြစ်ပါတယ်။CPU Core Voltage u 1.7V က ၁.၇ဠ ဖြစ်ပါတယ်။ ဒီအတွက် Code Name ဟာ
Coppermine ဆိုတာ သိနိုင်ပါတယ်။
Tualatin FC-PGA2
Package စနစ်ကို ပြောင်းလိုက်တဲ့အတွက် အရင်Socket 370 CPU တွေနဲ့ တူမှာ
မဟုတ်တော့ပါဘူး။ အရောင်က အစိမ်းရောင် ဖြစ်ပါတယ်။ CPU့ ရဲ့ အလယ်မှာံ Heat Spreader ပါဝင်ပြီး
အရောင်က ငွေရောင် ဖြစ်ပါတယ်။ Heat Spreader က Die အပေါ်မှာ ရှိနေပြီး ၁.၂လက္မပတ်လည်
ရှိပါတယ်။Heat Spreader ဟာ CPU ရဲ့ အလယ်မှာ နောက်ထပ် အထပ်တစ်ထပ်အနေနဲ့ သီးခြား
ရှိနေတာ ဖြစ်ပါတယ်။ CPU ရဲ့ အထူထက် နည်းနည်း ပိုထူပါတယ်။ ဒါကြောင့် ဒီလို ပုံပန်းသဏ္ဌာန်တွေကို



ကြည့်ပြီး CPU တွေကို ခွဲခြားနိုင်ပါတယ်။
PIII Tualatin CPU ကို ပုံ-၃မှာ တွေ့နိုင်ပါတယ်။ အစိမ်းရောင် ဖြစ်ပါတယ်။Heat Spreder
u 1.2vu ®
က ၁.၂လက္မင်ဝန်းကျင်နဲ့ ငွေရောင်ကို တွေ့ရပါတယ်။ သူ့အပေါ်က စာတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
Intel PHILIPPINES
1133/256/133/1.475
PENTIUM III
Pentium IIIလို့ ဖော်ပြထားတဲ့CPU မျိုးနွယ်ကPIII ဆိုတာ သိနိုင်ပါတယ်။ CPU Speed
က 1133MHz ဖြစ်ပါတယ်။ Cache Memory က 256KBပါဝင်ပါတယ်။Bus Speed က133MHz
ဖြစ်ပါတယ်။ Voltage က 1.475 ဖြစ်ပါတယ်။ ဒီ CPU့ ရှဲ့Specification နဲ့ ပုံသဏ္ဌာန်ကို ကြည့်ပြီး
Code Name က Tualation ဆိုတာ ပြောနိုင်ပါတယ်။
CPU 370 တွေရဲ့ အောက်ဘက်မှာရှိတဲ့ Pin တွေကို ကြည့်ရင် ပုံ-၄ အတိုင်း ထောင့်စွန်းတွေမှာ
သုံးပင်ထောင့်ဖြတ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျန်နှစ်ထောင့်က Pin တစ်ပင်စီသာ အစွန်းထွက်နေပါတယ်။
ဒီလောက်ဆိုရငSocket 370 CPU တွေကို မြင်တွေ့တာနဲ့ ဘယ်လိုCPU လဲဆိုတာ
ခွဲခြားနိုင်လောက်ပြီလို့ ယူဆပါတယ်။
တကယ်တမ်းတော့ P4 တွေရဲ့ အခြေခံအုတ်မြစ်ဟSocket 370 CPU တွေပဲ ဖြစ်ပါတယ်။
P4 တွေမှာလည်း သည်သို့၊ သည်ပုံအတိုင်းသာSpeed, Cache, Bus Speed, Code Name, Voltage,
Socketတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက P4 တွေဟာ PIIIှု တွေအတိုင်FCPGA
2 Package ကိုသာ အသုံးပြုထားပါတယ်။
Netburst Mictroarchitecture ကို အခြေခံထားတဲ့ P4 တွေအကြောင်းကို ဆက်လက်တော်ကီပွားပါဦးမယ်..
မျက်စိညောင်းခံပြီးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်.....
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်
Related Posts
- Blogger Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment