Radio

bg

Panzagar စတစ်ကာလေးများ

Facebookပေါ်တွင်မြန်မာဘာသာဖြင့်ပြုလုပ်ထားသော Speak Panzagar အမည်ရှိတဲ့ sticker လေးတွေ အသစ်ထွက်ရှိလာပါတယ်။ Facebook အတွက်ဘာလို့ ဒီ sticker လေးတွေလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို မနက်ဖြန်(19th Feb)မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့သိရပါတယ် မြန်မာနိုင်ငံအတွက်ပဲရသေးပြီး ပြည်ပမှာမရရှိသေးပါဘူး။ Sticker Store မှာ Speak Panzagar လို့ရှာပြီးရယူနိုင်ပါတယ်။ ပြည်ပက ရွှေမြန်မာတွေအသုံးပြုချင်ရင်တော့ Android ဆို Facebook App ကို clear data လုပ် fake location နဲ့ မြန်မာနိုင်ငံကိုပြောင်းလိုက်ပြီး login ပြန်ဝင်ကာ Speak Panzagar Sticker တွေကိုဒေါင်းနိုင်မှာဖြစ်ပါတယ်။ iOS ဆိုရင် Facebook ကို Logout လုပ်ပြီး location faker(jailbreak only) နဲ့မြန်မာနိုင်ငံကိုပြောင်း login ဝင်ကာ Sticker တွေရယူနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးဘယ်လိုမှမရဘူးဆိုရင်တော့ ကိုယ့် acc ကိုယုံကြည်ရတဲ့မြန်မာနိုင်ငံကသူငယ်ချင်းတစ်ယောက်ကို login ဝင်ခိုင်းပြီး download လုပ်ခိုင်းလို့ရပါတယ အရင်ဆုံး iOS Device ဟာ jailbreak  လုပ်ထားဖို့လိုပါလိမ့်မယ်။ မလုပ်ထားရင်တော့ မြန်မာပြည်ကသူငယ်ချင်းတစ်ယောက်ကို login ဝင်ပြီးဒေါင်းခိုင်းမှပဲရပါမယ်။
iOS အတွက်ပြည်ပမှ ပန်းစကားစတစ်ကာယူနည်း
1) Cydia ထဲဝင်ပြီး LocationFaker ကိုဒေါင်းပါ။ (source = “http://repo.biteyourapple.net”)
2) Location Faker ထဲဝင်ပြီး Yangon ကို ကိုယ့် location မြှားလေးကို ရွေ့ပေးပါ။ပြီးရင် အောက်မှာ on ကိုရွေးပေးလိုက်ပါ။
3) Facebook App ကို logout လုပ်ပြီး login ပြန်ဝင်ပါ။
4) Sticker Market ထဲဝင်ပြီး Panzagar sticker များဒေါင်းနိုင်ပါပြီ။
5) Location Faker ကိုအသုံးပြုရန်မလိုတော့ပါဘူး ပြန် off လုပ်ပေးပါ
Android အတွက်ပြည်ပမှ ပန်းစကားစတစ်ကာယူနည်း
Android Devicesတွေအတွက် Speak Panzagar Myanmar Sticker For Facebookကို မြန်မာပြည်ပြင်ပ နိုင်ငံရပ်ခြားမှာနေထိုင်တဲ့လူတွေအတွက်ဒေါင်းပြီးသုံးနိုင်ရန်အလွယ်ကူဆုံးနည်းလေးပါ…
အရင်ဆုံး Fake GPS Freeကိုဒေါင်းပြီးသွင်းပါ
ပြီးရင်မိမိဖုန်းရဲ့ Setting>>>developer optionထဲက Allow Mock Location(တည်နေရာအတုကိုလက်ခံအသုံးပြုခွင့်)ကိုဖွင့်ပေးထားပါ
နောက်တဆင့်ကတော့ Fake GPS Freeကိုဖွင့်ပြီး Devicesရဲ့ Location(or)GPSကို ဖွင့်ပေးထားပါ
Fake GPSရဲ့ Search BarမှာYangonလို့ရိုက်ပြီးရှာပါ
Yangonရဲ့တနေရာကိုSet Destination ပြပေးပါတယ်
ပြီးရင် Play iconလေးကိုနှိပ်ပေးပါက Fake Location Engaged ပြရင်ရပါပြီ
သေချာအောင်လို့အရင်ဆုံး..Facebook ကို Clear Data လုပ်ပေးပါ
ပြီးမှ Sticker Marketထဲကိုဝင်ပြီး Speak Panzagar Stickerကိုတွေ့ပါလိမ့်မယ်

from KhinMgHtoo

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment