Radio

bg

ရှောင်မီ (Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် Samsung မှ ကိုရီးယားတွင် Galaxy A Series ဖုန်းများ ထုတ်လုပ်မည်

ရှောင်မီ (Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် Samsung မှ ကိုရီးယားတွင် Galaxy A Series ဖုန်းများ ထုတ်လုပ်မည်
===========================================
တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်သည့် Samsung ဟာ တရုတ်နိုင်ငံထုတ် ရှောင်မီ(Xiaomi) စမက်ဖုန်းများကို တန်ပြန်ယှဉ်ပြိုင်နိုင်ဖို့အတွက် တောင်ကိုရီးယားတွင် Galaxy A Series ဖုန်းများဖြစ်သည့် Galaxy A3, Galaxy A5 နှင့် Galaxy A7 စမက်ဖုန်းများကို နိုဝင်ဘာလတွင် စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
အဆိုပါ စမက်ဖုန်းဟန်းဆက်သုံးမျိုးစလုံးဟာ မကြာသေးခင်ကပဲ Galaxy Alpha ရဲ့ ဒီဇိုင်းပုံစံမျိုး rumor အနေဖြင့် ထွက်ခဲ့ပါတယ်။ အဆိုပါ A Series ဟန်းဆက် သုံးမျိုးစလုံးကို သတ္တုဖရိန်တွေကို အသုံးပြုထားပါတယ်။ အဆိုပါ ဟန်းဆက်များ အားလုံးဟာ အဆင့်နိမ့်ဆုံးဖုန်းအမျိုးအစားမဟုတ်ပဲအလယ်အလတ်အဆင့် အဆင့်ရှိသော ဖုန်းများဖြစ်လာမည်ဖြစ်ပြီး ဈေးနှုန်းသင့်တင်မျှတတဲ့ဈေးများဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Samsung က ပြောကြားတာကတော့ Apple နှင့် Samsung ပြီးရင် ရှောင်မီ ( Xiaomi) ဟာ ကမ္ဘာ့ပေါ်မှာ တတိယအကြီးမားဆုံးဖြစ်လာသည့် စမက်ဖုန်းထုတ်လုပ်သူဖြစ်လာ နေပြီး ရှောင်မီ(Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ယခုဖုန်းများကို ထုတ်လုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : GSMARENA

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment