Radio

bg

iOS8 8.1တွေမှာ cydia သွင်းယူနည်း

ကလိခြင်တဲ့ member ညီ အကိုတို့အတွက်ဝေမျှပေးလိုက်ပါတယ်။
Jb လုပ်တဲ့အဆင်ကိုတော့မတင်ပြတော့ပါဘူး၊ Cydia ကို manually သွင်းတာကိုပဲတင်ပြပါ့မယ်၊ SSH နဲ့သွင်းရမှာဖြစ်ပါတယ်။
iOS 8 ကို pangu8 နဲ့ jb လုပ်ပြီးရင်တော့ home screen မှာ Pangu icon ကိုတွေရမှာပါ၊
ပထမဦးဆုံး လုပ်ရမှာကတော့ OpenSSH ကို install လုပ်ရမှာပါ၊

အဆင့် ၁၊ iOS device ကို wifi internet ချိတ်ပြီး၊ Pangu icon ကိုနိုပ်ပါ၊
အဆင့် ၂၊ OpenSSH option ကိုနိုပ်ပါ၊

အဆင့် ၃၊ ညာဘက်ထိပ်က install ကိုနိုပ်ပါ၊
Installation လုပ်ပါလိမ့်မယ်

ပြီးရင် adv-cmds ကိုလဲ အထက်ပါနည်းအတိုင်း install လုပ်ပါ၊

အားလုံးပြီးသွားရင်တော့ Cydia ကို install လုပ်ပါမယ်။

အဆင့် ၁၊ device ကို pc သို့ iCloud နဲ့ backup လုပ်ထားသင့်ပါတယ်၊

အဆင် ၂၊ နောက်ဆုံးထွက် Cydia .deb ဖိုင်ကို pc နဲ့ download လုပ်ပါ ဒီမှာရပါတယ် http://cache.saurik.com/debs/cydia_1.1.13_iphoneos-arm.deb

cydia-Iproj ဖိုင်လဲလိုပါတယ် ဒီမှာပါ
http://cache.saurik.com/debs/cydia-lproj_1.1.12_iphoneos-arm.deb

အဆင့် ၃၊ .deb ဖိုင်တွေ download ပြီးပြီဆိုရင်တော့အဲ့ဒီဖိုင်တွေကို pc ကနေ device ပေါ်ပို့ရပါမယ် အဲ့ဒီလိုပို့ဖို့ windows user တွေ အတွက် WinSCP လိုပါတယ် ဒီမှာ down ပါ
http://sourceforge.net/projects/winscp/files/WinSCP/5.5.6/winscp556.zip/download?use_mirror=softlayer-sng&download

အဆင့် ၄၊ ios device ရဲ့ wifi ip သိရဘို့ setting> Wi-Fi ကိုသွားပြီး pc နဲ့ device နှစ်ခုလုံးအတူချိတ်ထားတဲ့ hot spot connection detail က "i" ကိုနိုပ်ပြီး IP address ကိုမှတ်ထားပါ၊ ဥပမာ ကျွန်တော့ ip ကတော့ 192.168.1.xx ပါ၊

အဆင့် ၅၊ ခုနက download လုပ်ထားတဲ့ WinSCP zip ကိုဖြည်ပြီး WinSCP ကို run ပါ၊
မှတ်ထားတဲ့ IP address ကိုရိုက်ထဲ့ပါ၊ user name နေရာမှာ "root" password မှာတော့ "alpine" ရိုက်ပါ

အဆင့် ၆၊ browser ပေါ် လာရင် download လုပ်ထားတဲ့ Cydia .deb ဖိုင်နှစ်ခုကို device root folder ထဲသို့ ထဲ့ပေးပါ၊ mouse နဲ့ click နိုပ်ပြီးဆွဲထဲ့လို့ရပါတယ်၊

အဆင့် ၇၊ အခု SSH command line session စလုပ်ပါမယ်၊ Ctrl + T ကိုနိုပ်ပါ

Ok ကိုနိုပ်ပါ

အဆင့် ၈၊ Enter command နေရာမှာ ဒီ command line ကိုရိုက်ပေးပါ၊
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb

Execute လုပ်ပါ၊ ပြီးရင် နောက် command ထပ်ထည့်ပါမယ်
dpkg -i cydia_1.1.13_iphoneos-arm.deb

အဆင့် ၉၊ ပြီးရင် device ကို reboot လုပ်ပါ။

ပုံမှာတွေ့ရသလိုပဲ cydia icon ကိုတွေ့ရမှာပါ

သူရေးထားသလိုပဲ cydia tweet တွေ အားလုံးနီးပါး iOS8 မှာအလုပ်မလုပ်သေးပါဘူး၊
စမ်းလုပ်ကြည့်ကြသူအားလုံးအဆင်ပြေကြပါစေ၊
ကျွန်တော်စမ်းသပ်တဲ့ device ကတော့ iPad4 ပါ၊ လက်ရှိ iOS8.0.2 ပါ၊ iOS8.0 ကနေ OTA update လုပ်ထားတာဖြစ်ပေမဲ့ jb လုပ်တာအဆင်ပြေပါတယ်။

Credit - Ko Aung SweOo (MMUG)

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment