ရှိရှိသမျှ စွမ်းရည် အပြိုင်ကြဲကြတဲ့ စမတ်ဖုန်းကမ္ဘာမှာ Sony လည်း တစ်တပ်တစ်အား ပါဝင်ပါတယ်။ အထူအပါး နားလည်မှု ဆိုတဲ့ ကျွန်တော်တို့ မြန်မာဘန်းစကား ဘယ်က ဆင်းသက်လာ ခဲ့သလဲတော့ မသိ။ အခု Sony ကတော့ သူ့ရဲ့ ပြီးခဲ့တဲ့ Xperia Z1, Z2 တွေထက် ပိုပြီး အပါးချင်း ပြိုင်ပါမယ်လို့ သတင်းစကား ထွက်လာပါတယ်။
သူကတော့ Sony Xperia Z3 ပါ။ Sony Xperia တွေရဲ့ ထုံးစံအတိုင်း အပြားခတ်တဲ့ စမတ်ဖုန်း ဒီဇိုင်း ဖြစ်ပေမယ့် အထူက ၀.၂၈ လက်မသာ ရှိအောင် ဖန်တီးထားမှာ ဖြစ်ပါသတဲ့။ ယခင် Xperia Z1 က ၀.၃၃ လက်မ ရှိခဲ့ပြီး၊ Xperia Z2 က ၀.၃၂ လက်မ ရှိခဲ့တာကြောင့် Xperia Z3 သာ အဲ့ဒီအတိုင်း ဆိုရင် Xperia Z1, Z2 တွေထက် သိသိသာသာ ပိုပြီး ပါးလွှာမှာ ဖြစ်ပါတယ်။
Display မျက်နှာပြင်ကတော့ ယခင် Xperia Z2 အတိုင်း မျက်နှာပြင် ၅.၂ လက်မ ရှိမှာ ဖြစ်တာကြောင့် သိပ်ကွာမှာ မဟုတ်ပေမယ့်၊ ပုံထွက်နှုန်း 1080x1920 သာ ရှိမှာ ဖြစ်ပြီး၊ ထူးခြားချက်က full HD အရည်အသွေး ရှိမှာပါတဲ့။
ပရော်ဆက်ဆာကိုလည်း ယခင် Qualcomm Snapdragon 801 ကနေ 805 ကို တိုးမြှင့်ထားဦးမှာပါ။ ဒါ့အပြင် Xperia Z တွေရဲ့ စွမ်းရည်၊ ဂုဏ်သတ္တိတွေကို ထူးကဲ ပြောင်းလဲထားပါဦးမယ်လို့ ဆိုပါတယ်။
ဒီလို စွမ်းရည်တွေ ရှိလာမယ့် Sony Xperia Z3 ကို လာမယ့် စက်တင်ဘာလမှာ စတင် ဖြန့်ချိမယ်လို့ သိရတာကြောင့် အခု ပြောခဲ့တဲ့ အတိုင်း အပါးပြိုင်ပွဲ တကယ်နွှဲနိုင်၊ မနွှဲနိုင် ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။
Credit:Myanmar consumer guide
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
No comments:
Post a Comment