Radio

bg

"တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်း များထက် ၁ဝ ဆခန့် ပိုမြန်မည်"




တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချပေး ထားသည့် မိုဘိုင်းလ်ဖုန်း များတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁ဝ ဆခန့် ပိုမို မြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ထံမှ သိရှိရသည်။
“3G အင်တာနက် စနစ်နဲ့ သုံးမယ် ဆိုရင် သုံးတဲ့သူတွေ အရမ်း ကျပ်နေရင်တောင် 1Mbps လောက် ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာ မှ အမှုဆောင် အရာရှိချုပ် Petter Furberg က ပြောကြားသည်။
တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမို သက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ထံမှ သိရှိရသည်။
လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက် စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေ ရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူ များထံမှ သိရှိရသည်။
ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက် အခြေအနေပေါ် မူတည်၍ မကြာမီ ကာလ များတွင် 4G LTE ဆက်သွယ်ရေး စနစ်နှင့် အင်တာနက် ဝန်ဆောင်မှု များကို ထပ်မံ တိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာ ထံမှ သိရှိရသည်။
မိုဘိုင်းလ် အင်တာနက် စနစ်ကို တာဝါတိုင်များ မှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ် ဖြင့်သာ သုံးစွဲ နိုင်သောကြောင့် တာဝါတိုင် အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင် သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာ ထံမှ သိရှိရသည်။
“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲ နိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင် တာက အင်တာနက် သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေ စရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။
မိုဘိုင်းလ် အင်တာနက် စနစ် ပိုမို ကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေနှင့် ကိုယ်ပိုင် အင်တာနက် လိုင်းများ ချိတ်ဆက် သွယ်တန်း လုပ်ကိုင်လို ပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန က ကြေညာထားသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြု ရတာတွေ အဆင်ပြေ လာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင် က ဆိုသည်။
source့ Info Bank Group



[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

1 comments: