Radio

bg

ဂိမ်းရဲ့ Requirement နဲ့မကိုက်လို့ ဆော့မရတဲ့ဂိမ်းတွေအတွက် Booster သုံးခြင်း



ဒီနေရာမှာ ဂိမ်းရဲ့လိုအပ်ချက်နဲ့ အလွန်ကွာဟနေတဲ့ကောင်တွေအတွက်တော့ ရမှာမဟုတ်ပါ။ ကျွန်တော်မှာ


CPU    -    Inter(R)Pentium(R) CPU B950 @ 2.10 GHz
RAM    -    2GB


ရှိတဲ့ လက်တော့ပ်လေးတစ်လုံးရှိပါတယ်။ FIFA 13 ရဲ့ MInimum လိုအပ်ချက်ကို မမီပါဘူး။ဒါကို တင်ဆော့လိုက်ရင် ဘောလုံးပွဲ Slow Motion ကြည့်နေရသလို ထစ်ငေါ့နေတာမို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ဒါနဲ့ မဆော့ရဘူးပေါ့ဗျာ။ ဒါပေမယ့် ဟိုတစ်နေ့ကပဲ တရုတ်ဆိုဒ်ဖိုရမ်တစ်ခု မှာ တွေ့လာတဲ့ ဆော့ဝဲလေး တစ်ခုတွေ့လာပါတယ်။ Game Booster လေးပါ။ သူကဘယ်လိုသဘောလဲဆိုတော့ သူ့ကိုတင်လိုက်ပြီးတော့ ဂိမ်းဆော့မယ်ဆို အဲဒီဂိမ်းအတွက် CPU လုပ်အားနှုန်း ကိုပဲ ထားလိုက်ပြီး ကျန်တဲ့ အပလီကေးရှင်းတွေအတွက် ကိုပိတ်ထားလိုက်ပါတယ်။ မဖြစ်မနေသုံးရတဲ့ ကောင်တွေအတွက်ကလွဲလို့ပေါ့နော်။ အဲဒီကောင်လေးနဲ့ ကျွန်တော် FIFA 13 ကိုအဆင်ပြေစွာ ဆော့လို့ရသွားပါတယ်။ ဂိမ်ဆော့နေစဉ် ကျန်တဲ့ ကောင်တွေတော့သုံးမရဘူးပေါ့နော်။ကိစ္စမရှိပါဘူး ။ဆော့လို့ရတာကို ဂွဒ်ထ်ထ်နေတယ်ယေ..ငှဲငှဲ.။
တစ်ခုပြောလိုက်တာက ဒီကောင်လေးမသုံးပဲနဲ့ ကိုယ်ဘာသာကို manual နည်းနဲ့ RAM usage ကို management  လုပ်ရင်လည်းရနိုင်ပေမယ့် ဒီလောက်မလွယ်သလို အချိန်လည်းကုန်ပါတယ်။။ဒီကောင်သုံးလိုက်တာ အကောင်းဆုံးပါပဲ။

ဆော့ဝဲကို အောက်ကပေးတဲ့ လင့်ကနေ ဒေါင်းလုပ်ဆွဲပါ။
Install လုပ်ငန်းစဉ်က ရှင်းပြစရာမလိုပါဘူး...Next Next Yes Yes Finish method ပေါ့လေ ငှဲငှဲ။
ပြီးရင် ကိုယ်ရဲ့ Task bar ထောင့်နားလေးမှာ Game box ဆိုတဲံ့  box လေးတစ်ခုတွေ့ပါလိမ့်မယ် အဲဒီဘောက်ထဲကို ကိုဆော့မယ့် Game ရဲ့ Shortcut ကို Drag ဆွဲထည့်လိုက်ပြီး

ဘောက်ထဲကနေပဲ Double ကလစ်နဲ့ Run ဆော့လိုက်ပါ..Booster့  ကသူ့လုပ်စရာရှိတာလုပ်ပြီးတာနဲ့ ဂိမ်းဆော့လို့ရပါပြီ...။ပုံမှာပြထားတဲ့အတိုင်း ကျန်တဲ့Tool တွေပါဝင်သေးသလို ကိုယ့်ဘာသာကို configure လုပ်နိုင်ပါတယ်။

သတိ- manimun requirment နဲ့ အနည်းငယ် ကွဟနေလို့ဆော့မရတဲ့ ဂိမ်းတွေမှာသာ အဆင်ပြေနိုင်တာပါ။ ကွာဟလွန်းတဲ့ကောင်တွေမှာတော့ ရနိုင်မှာမဟုတ်ပါ။နဂိုရှိမှ နဂိုင်းထွက်ပါတယ် တဲ့ဂျာ..အဟိ

DOWNLOAD GAME BOOSTER

အဆင်ပြေကြပါစေ
ပို့စ်ရေးသူ- HanWaiLinn(www.sayyoethe.blogspot.com)
https://www.facebook.com/hanwailinn.hanwailinn





[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

1 comments:

  1. အကို Link သေနေပြီ ပြန်တင်ပေးပါအုံှးဗျာ

    ReplyDelete