နဲနဲ အာလူးဖုတ်ဦးမယ်နော်...အဟီး
RAM ဆိုတာ ကျွန်တော်နားလည်သလိုပြောရရင် ကွန်ပျူတာလုပ်ဆောင်ချက်တွေ ကို ယာယီမှတ်ထားတဲ့စနစ်တစ်ခုဖြစ်ပြီးတော့ စက်ကို ပိတ်လိုက်တာနဲ့ မှတ်ထားသမျှ အကုန်ပျောက်သွားမယ့် စနစ်တစ်ခုဖြစ်ပါတယ်။... ၀င်းဒိုးစတင်လိုက်တာနဲက အဲဒီဝင်းဒိုးအတွက်မရှိမဖြစ်တဲ့ကောင်တွေကို သူကခေါ်ယူလိုက်ပါတယ်။ဒီလိုပဲ ဆော့ဝဲတွေကိုဖွင့်လိုက်ရင်လည်း အဲဒီဆော့ဝဲနဲ့သက်ဆိုင်တဲ့ ဖိုင်တွေကိုကို memory ပေါ်ကိုခေါ်ယူလိုက်ပါတယ်။သင် စာစီတာ ပုံပြင်တာတွေကို save မလုပ်ခင် memory ပေါ်မှာ ခနယူထားပါတယ်။ အကြောင်းတစ်ခုခုကြောင့် ကွန်ပျူတာ ပိတ်သွားရင် သင့်လုပ်ထားတာတွေ ပျက်သွားတာ ဟာ RAM ရဲ့ သဘောသဘာဝပါပဲ။
Memory နှစ်မျိုးရှိပါတယ်။ Volatine နဲ့ Non-volatine ပါ။ ပထမ ကောင်ကတော့ လျှပ်စစ်ရှိနေသရွေ့ ဒေတာတွေသိမ်းထားနိုင်ပြီး လျှပ်စစ်မရှိတာနဲ့ အသစ်ပြန်ဖြစ်သွားပါတယ်။ ဒါဆိုရင် RAM ဆိုတာ volatine စနစ်နဲ့တည်ဆောင်ထားမှန်းရိပ်မိပါလိမ့်မယ်။
နောက် non - volatine ဆိုတာကတော့ လျှပ်စစ်မရှိပေမယ့် မှတ်ထားနိုင်တဲ့အရည်အချင်းရှိပါတယ် ။။ ခု ခေတ်သုံးနေကြတဲ့ Flash memory စနစ်ပေါ့ဗျာ..
Memory အကြောင်းကို အစကပြန်ကောက်နေရင်တော့ လိုရင်းရောက်မှာမဟုတ်ပါဘူး... ကျွန်တော်လည်း wikipedia မှာ ရှာဖတ်ထားတာပါ။ ကျွန်တော်အဓိကပြောချင်တာက ခုခေတ်သုံး DDR စနစ်အကြောင်းပါ။
လက်ရှိကွန်ပျူတာတွေမှာသုံးနေတဲ့ RAM စနစ်က Double Data Rate လို့ခေါ်တဲ့ DDR စနစ်ဖြစ်ပါတယ်။memory တစ်ခုကို တိုင်းတာတဲ့ စနစ်တွေကို လေ့လာကြည့်ရအောင်။
၁။ Type
DDR 1,DDR2 နဲ့ DDR3 တို့ရှိပါတယ်။
၂။ Bus clock......FSB(Front Side Bus)
ဒါကလည်းအရေးကြီးတယ်ထင်ပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ MHz ပါ။ bus clock မြင့်မားလေ သယ်ယူပို့ဆောင်နှုန်း မြန်လေဖြစ်ပါတ.ယ်။ DDR 1 မှာ Bus clock က 100 နဲ့ 200 ကြားဖြစ်ပြီး Transfer RAte က တစ်စက္ကန့်မှာ 200 ကနေ 400 MTs နဲ့ဖြစ်ပါတယ်
DDR 2 မှာ Bus Clock က 200 နဲ့ 533 MHz ကြားဖြစ်ပြီး transfer rate က 400 ကနေ 1066MTs ဖြစ်ပါတယ်။
DDR 3 ကတော့ လက်ရှိမှာအမြန်ဆုံးစန်ဖြစ်ပြီး 400 နဲ့ 1333 ထိရှိပါတယ်။transfer rate က တစ်စက္ကန့်မှာ ၈၀၀ ကနေ 2666 ထိရှိတာကြောင့် နောက်ဆုံးထုတ် ကွန်ပျူတာတွေမှာ DDR 3 ကိုပဲသုံးကြပါတယ်။
၃။ Pins
ထွေထွေထူးထူးသိဖို့မလိုအပ်ပေမယ့် အရေအတွက်တွေသိထားသင့်ပါတယ်
DDR1 184pins
DDR2 240Pins
DDR3 240Pins
နောက်ပြီး Memory အမျိုးအစားကိုခွဲခြားဖို့ဆိုရင် အပေါ်မှာကပ်ထားတဲ့ Sticker ကိုကြည့်နိုင်သလိုက် မန်မိုရီမှ Notch ကိုကြည့်ပြီးလည်းခွဲနိုင်ပါတယ်။ သင့်memory အတွက် အပေါ်မှာကပ်ထားတဲ့ sticker မှာ အောက်ကလိုစာတန်းလေးရှာလိုက်ပါ အလွယ်တကူတွေ့ပါလိမ်ယ့်မယ်။
KVR533D2S4/512
KVR ဆိုတာကတော့ ကျွန်တော့်မန်မရီက Kingston တံဆိပ်ပါ...Kingston Value RAM ကိုဆိုလိုပါတယ်နောက်က ဂဏန်းတွေကိုကြည့်ရအောင်။
533=533 MHz(FSB)
D2= DDR2
S4=SODIMM (laptop Memory), CAS Latency 4
512=512Mb
ဒီလိုဆို sticker ကိုကြည့်ပြီး Memory အမျိုးအစားကိုသိနိုင်ပါတယ်။
နောက် notch တွေကိုကြည့်ပြီး ခွဲနိုင်ပါတယ် notch များလို့သာပြောတာ DDR အုပ်စုမှာကျ notch က တစ်ခုပဲတွေ့ရပါတော့တယ် အရင်က နှစ်ခုပါ။ အောက်ကပုံကိုကြည့်ပါ။
၁
DDR3 ရဲ့ notch က ဘေးဘက်ကို ကပ်နေတာတာက ဘယ်ညာမှားတပ်မိတာကိုနည်းပါးစေပါတယ်။
နောက်တစ်ချက်ကတော့ Chip အပိုင်းပါ။ DDR 1 နဲ့ DDR2 ရှေ့ပိုင်းထုတ်တွေမှာ FBGA -Fine Pitch Ball Grid Array chip ကိုသုံးထားပါတယ် ... DDR 2 နဲ့ DDR3 တို့ဟာ pin ပါတာချင်းတူပြီး Notch ကလည်းသိပ်မခြားနားပါဘူး။ဒါကြောင့် ခွဲခြားတဲ့နေရာမှာ label Sticker လေးပါရင် အဆင်ပြေပါတယ်။ Chip အသေးတော့ဟုတ်ပါရဲ့...DDR series ကိုဘာမှန်းခွဲလို့မရဖြစ်နေရင်တော့ Mother Board က RAM တပ်မယ့် Slot ကိုကြည့်ခွဲရပါမယ်..
ဟုတ်ကဲ့ ဒါကတော့ RAM အကြောင်း တစေ့တစောင်းပါ...
ပို့စ်ရေးသားသူ-Han WAi Linn (www.sayyoethe.blogspot.com)
https://www.facebook.com/hanwailinn.hanwailinn
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment