Radio

bg

LOCAL မှာ Server တစ်ခုဖန်တီးခြင်း(Create FTP Server in IIS)


  ဒီလိုလုပ်တာကို အလွယ်တကူ Software နဲ့လုပ်နိုင်ပေမယ့် ကျွန်တော်က Manual နည်းကိုပဲဖော်ပြပေးမှာပါ။
 ပထမဆုံးအနေနဲ့ Control Panel ကိုဖွင့်လိုက်ပါ။ ပြီးရင် Program and features ကိုရွေးပါ။အဲဒီမှာ လက်ယာထောင့်နားလေးက Turn Windows features on or off ကို ထပ်မံရွေးချယ်ပေးလိုက်ပါ။အောက်ကလိုပါ။




အောက်ကပြထားတဲ့ပုံလေးလိုကိုကြည့်ပါ။ Internet Information services နဲ့ Internet Information Services Hostable Web Core ကိုရွေးချယ်အမှတ်ခြစ်ပါ။ ပြီးရင် Internet Information services  ဘေးက အပေါင်းလေးကို နှိပ်လိုက်ပြီး FIP Server ကိုအမှန်ခြစ်။FTP Server အောက်တွင်ရှိတဲ့ FTP Extensbility နဲ့ FIP Service ကိုရွေးထားပါ။အားလုံးပြီးမှ အိုကေလိုက်ပါ။ လုပ်ဆောင်မှုကိုခနစောင့်ပေးလိုက်ပါ။



ပြီးရင် Start buttom က search မှာ IIS လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Result အကွက်ထဲက Internet Information Services(IIS)Manager ကိုနှိပ်လိုက်ဝင်လိုက်ပါ။အောက်ကလို တွေ့ရှိရပါမယ်။



နောက်တစ်ဆင့်အနေနဲ့ ဘယ်ဘက်ခြမ်းက ကွန်ပျူတာနာမည်ကို(Double Click)ဖွင့်ချလိုက်ပြီး Sites မှာ Right-click နှိပ် Add FIT Site ကို ကလစ်ပေးလိုက်ပါ။အောက်ကလိုပေါ်လာပါလိမ့်မယ်။




အဲဒီက FTP Site name မှာ ကြိုက်တဲ့နာမည်ထည့်ပါ။ Physical Path နဲ့  ထည့်သွင်းထားလိုတဲ့ File/folder ရဲ့ path ကိုရွေးပေးရမှာပါ။အဲဒီflolder ထဲမှာ သီချင်း။ဗွီဒီယို၊ ဆော့ဝဲ စသဖြင့် ထည့်ထားနိုင်ပါတယ်။ပြီးရင် Next Click လုပ်ပါ။

နောက်ပေါ်လာတဲ့ Window မှာ IP Address အကွက်မှာ 123.0.0.1 လို့ထည့်ပါ။ port မှာ 21  ထည့်ပါ။Start FTP site automatically ကိုအမှန်ခြစ်ပြီး SSL Option မှာတော့ NO SSL ကိုရွေးထားလိုက်ပါ။


နောက်...တစ်ကွက်ပေါ်လာပါမယ်..Authentication မှာ Anonymous ကိုအမှန်ခြစ်၊Allow access to မှာ All Users ၊Permission မှာတော့ Read ကိုရွေးပြီး Finish ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ FTP Server တစ်ခုဆောက်လို့ပြီးပါပြီ။SErver window ပေါ်လာပါလိမ့်မယ် ။ပြီးရင် မိမိဆောက်ခဲ့တဲ့ Server နာမည်ကိုရွေးပေးပါ။ ကျွန်တော့်ဆောက်ထားတာက web2 ပါ။ပုံမှာကြည့်ပါ။ ထောက်ပြီးရင် ယာဘက်ဆုံးအကွက်ထဲက Basic Setting ကိုရွေးပေးပါ။(၀ိုင်းပြထားပါတယ်။)


ပေါ်လာတဲ့အကွက်ထဲက Connect As ကိုထပ်ပြီးရွေးပါ။နောက်ထပ်ပေါ်လာတဲ့အထဲက Specific user ကိုရွေးချယ်ပြီး Set button မှ
ာ ကလစ်နှိပ်ပေးလိုက်ပါ။ပြီးရင်ပေါ်လာတဲ့အကွက်ထဲမှာ username...Password...confirm password တွေထည့်ပေးလိုက်ပါ။



ဒါဆိုရင်တော့ FTP server တစ်ခုဆောက်လို့ပြီးပါပြီ။ မိမိရဲ Firefox ဒါမှမဟုတ် Browser တစ်ခု ကိုဖွင့်ပြီး မိမိဆိုဒ်ကိုဖွင့်ကြည့်နိုင်ပါပြီ။Address bar မှာ   Ftp://127.0.0.1    လို့ရိုက်ထည့်ပြီး ကြည့်ရှုနိုင်ပါတယ်။user name နဲ့ Password ကိုထည့်ပေးလိုက်ပါ ကျွန်တော့် web2 server folder ထဲမှာ index.html ဖိုင်လေးထည့်ထားပါတယ်။ဒါကြောင့် Ftp://127.0.0.1/index.html  လို့ရိုက်ခေါ်လိုက်တဲ့အခါ index.html ၀က်ပေ့ခ်ျ လေးပေါ်လာပါတယ်။အိုကေပါ...Lan ချိတ်ထားတဲ့ကွန်ပျူတာတွေမှာ စမ်းကြည့်ပါ။

ဒီလိုလုပ်တာကို အလွယ်တကူလုပ်ချင်ယင်တော့ FileZilla ဆိုတဲ့ဆော့ဝဲကို ဒေါင်းလုပ်ချပြီးအသုံးပြုလိုက်ပါခင်ဗျာ။။။
File Zilla နည်းကို လည်းရေးသားပါဦးမယ်
ကျေးဇူးပါ...

ပို့စ်ရေးသူ-HanWaiLinn(www.sayyoethe.blogspot.com)
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment