၁။ဖေ့ဘုတ်ဟာ ဗိုင်းရပ်ပိုးလိုမျိုး လျှင်မြန်စွာကူးစက်လျှက်ရှိပြီး အသုံးပြုသူပေါင်း သန်း ၈၀၀ ကျော် ရှိတဲ့နိုင်ငံတစ်နိုင်ငံတစ်ခုနဲ့တူညီနေပါပြီ။ ဒီအတိုင်းသာဆို ဖေ့ဘုတ် ဟာ ကမ္ဘာ့တတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်နေပါပြီ
၂။ကမ္ဘာပေါ်မှာ ၁၃ ယောက်လျှင် တစ်ယောက် ဖေ့ဘုတ်သုံးကြပါတယ်
၃။ဖေ့ဘုတ်ရဲ့Active user ငါးဆယ်ရာခိုင်နှုန်းဟာ နေ့စဉ် နေ့တိုင်း ဖေ့ဘုတ်ကို ၀င်ရောက်ကြည့်ရှုကြပါတယ်
၎။အသက် ၁၈ မှ ၃၄ နှစ်အရွယ် ဖေ့ဘုတ် သုံးသူတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ မနက်မိုးလင်းတာနဲ့ ဖေ့ဘုတ်ကို တန်းဝင်လေ့ရှိပါတယ်
၅။အွန်လိုင်းလူသန်းပေါင်းများစွာရဲ့ ၆၀% ဟာရည်းစားဟောင်းကိုနောက်ယောင်ခံလိုက်ဖို့ ဖေ့ဘုတ်ကို အသုံးချကြပါတယ်
၆။လစဉ်တိုင်း ဖေ့ဘုတ်ပေါ်ကို ဓါတ်ပုံပေါင်း တစ်ဘီလီယံနီးပါး တင်ကြမျှဝေကြပါတယ်
၇။လူပေါင်းသန်းသုံးဆယ်ကျော်ဟာ နေ့တိုင်း ဖေ့ဘုတ်ကို အပ်ဒိတ်လုပ်ကြပါတယ်
၈။တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ နေ့စဉ် ဖေ့ဘုတ် သုံးကြပါတယ်။
၉။မိခင်နို့တိုက်နေတဲ့ပုံတင်တဲ့အကောင့်မှန်သမျှကို ဖေ့ဘုတ်က ဖျက်ပစ်ပါတယ်
၁၀။Leboe , Allien တို့လို အသံထွက်ထူးခြားတဲ့ အကောင့်တွေကိုလည်း ဖေ့ဘုတ်ကဖျက်ပါတယ်
၁၁။ Facebook Addiction Disorder လို ဖေ့ဘုတ်စွဲလမ်းတဲ့ပုံမမှန်တဲ့ ပြဿနာဆိုတာ ရှိပါတယ်
၁၂။ ဖေ့ဘုတ်တည်ထောင်သူ Mark Zuckerberg ဟာ ကမ္ဘာ့အငယ်ဆုံး ဘီလျှံနာသူဌေးလေးပါ
၁၃။ ဆီးရီးယားနိုင်ငံဟာ ဖေ့ဘုတ်ကိုပိတ်ထားပါတယ် လူစုလူဝေးနဲ့ဆန္ဒပြတာကိုကာကွယ်ဖို့ပါတဲ့
၁၄။ ဖေ့ဘုတ်ကြောင်း နာမည်ပျက်သွားတဲ့ နိုင်ငံရေးသမားများစွာရှိပါတယ်
၁၅။ ၂၀၁၁ မှာ အိုက်စလန် နိုင်ငံက ဖွဲံစည်းပုံအခြေခံဥပဒေကို ပြုပြုဖို့ ဖေ့ဘုတ်ကိုသုံးပြီး ပြည်သူလူထုရဲ့အကြံဥာဏ်ကိုထည့်သွင်းရေးဆွဲခဲ့ပါတယ်
၁၆။www.facebook.com ရဲ့နောက်မှာ /4 ဆိုတာရိုက်လိုက်တာနဲ့ တည်ထောင်သူ Mark Zuckerberg ရဲ့အကောင့်စာမျက်နှာပေါ်သို့ရောက်သွားပါမယ် သူရဲ့ Identity ကို 1 မထားပဲ 4 ကိုရွေးထားပါတယ်
၁၇။ ယူကျူ့တည်ထောင်သူ စတီဗင်ချန်း ဟာ သူ့လုပ်ငန်းမလုပ်မီ ဖေ့ဘုတ်မှာ ရက်အနည်းငယ်အလုပ်လုပ်ဖူးပါတယ်တဲ့
၁၈။ သင့်ဖေ့ဘုတ်ရဲ့ ဘာသာစကားကို ပင်လယ်ဓါးမြတွေသုံးတဲ့ဘာသာစကားအဖြစ်ပြောင်းပစ်နိုင်ပါတယ်
Accounts>Language>English(Pirates) လို့သွားပြောင်းလိုက်ပါ
၁၉။ ပြည့်တန်ဆာများရဲ့ ၈၃ရာခိုင်နှုန်းဟာ ဖေ့ဘုတ်ကို သုံးကြပါတယ်တဲ့
၂၀။ Mark Zuckerberg ဟာ ဖေ့ဘုတ်မှာ ဓါတ်ပုံShare ခြင်းကို မထည့်လိုခဲ့ပေမယ့် ခုတော့ ဖေ့ဘုတ်ဆိုတာ နာမည်ကျော် ဓါတ်ပုံshare ဆိုက်တစ်ခုဖြစ်နေပါတယ်
၂၁။ အမျိုသမီးတစ်ယောက်ကို စုံတွဲတစ်တွဲ က unfriend လုပ်လို့ အမျိုးသမီးရဲ့အဖေက စုံတွဲကို သတ်လိုက်တဲ့အဖြစ်မျိုးရှိခဲ့ပါတယ်။ဒီလိုမျိုးပဲ ဖေ့ဘုတ်နဲ့ပတ်သက်ပြီး အမှုပေါင်းများစွာ ဖြစ်ပေါ်လျှက်ရှိပါတယ်
၂၂။ကွာရှင်းပြတ်စဲရတဲ့အကြောင်းတွေထဲမှာ ဖေ့ဘုတ်လည်း ပါဝင်နေပြန်ပါတယ်။ ဖေ့ဘုတ်ကိုစွဲလန်းနေတဲ့အိမ်ထောင်ဘက်ဟာ သူ အိမ်ထောင်ဘက်ကိုအချိန်ပေးမှမဟုတ်လို့ ကြာလာတာနဲ့အမျှကွာရှင်းပြတ်စဲကြလို့ပါပဲ။
၂၃။တစ်နေ့လျှင် ဖေ့ဘုတ်သုံးသူတွေရဲ့-
၁၅ရာခိုင်နှုန်းဟာ Status အသစ်တင်ကြပါတယ်
၂၂ရာခိုင်နှုန်းက သူများStatus ,Postတွေမှာ comment ရေးကြပါတယ်
၂၀ရာခိုင်နှုန်းက သူများရဲ့ဓါတ်ပုံတွေမှာ commentရေးပါတယ်
၂၆ရာခိုင်နှုန်းက သူများပို့စ်တွေကို LIKE လုပ်ကြပါတယ်
၁၀ရာခိုင်နှုန်းကတော့ chatting ပြောကြပါတယ်တဲ့
၂၄။ဖေ့ဘုတ်သုံးသူအရေအတွက်ဟာ အမေရိကန်မှာ လူပေါင်း သန်း၁၅၀ နဲ့ကမ္ဘာ့ဖေ့ဘုတ်သုံးသူအများဆုံးနိုင်ငံဖြစ်ပါတယ်။။ဒုတိယ က အိန္ဒိယ ဖြစ်ပြီး သူ့နောက်မှာ ဘရာဇီးရှိနေပါတယ်ခင်ဗျား
Ref; internet
written by HanWaiLinn(www.sayyoethe.blogspot.com)
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
No comments:
Post a Comment