Radio

bg

Android Version 4.1 နဲ့အထက် Huawei ဖုန်းအားလုံးကိုမြန်မာစာ အလွယ်တကူသွင်းပေးမယ့် Tool

Huawei ရဲ့ နောက်ဆုံးထွက် မော်ဒယ်လ်အများစုမှာ android version 4.1 နဲ့ အထက်ကို သုံးလာကြပါတယ်။ 4.2.2 Jelly Bean ကို အသုံးအများဆုံးပါပဲ။ ဒါကြောင့် အဲဒီဖုန်းတွေမှာ မြန်မာစာထည့်ရင် အလွယ်တကူ အဆင်မပြေတတ်ပါဘူး။ ဒီ tool လေးကတော့ ကွန်ပြူတာနဲ့ လုပ်ရမှာပါ။
Huawei Android 4.1+ Myanmar Font Installer with Frozen Keyboard
၁။ အရင်ဆုံး ဖုန်းကို usb debugging ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်ပါ။
၂။ V-Root ကို သုံးပြီး Root ဖောက်လိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အထိ ခဏစောင့်ပေးပါ။
၃။ Huawei Android Version 4.1+ Myanmar Font Installer ပရိုဂရမ်ကို ကလစ်နှစ်ချက် နှိပ်ပြီး ဖွင့်လိုက်ပါ။
၎။ User Account Control က run မလားလို့ မေးပါလိမ့်မယ်။ Yes ကို နှိပ်လိုက်ပါ။
၅။ ဒါဆိုရင် Password တောင်းတဲ့ box တစ်ခု ပေါ်လာပါမယ်။ Password ကို ‘superlike’ လို့ ပေးထားပါတယ်။ ရိုက်ထည့်လိုက်ပါ။
၆။ ဒါဆိုရင်တော့ အနီရောင် Command Box တစ်ခု တက်လာပါပြီ။ မိမိဖုန်းကို ကွန်ပြူတာနဲ့ ဆက်သွယ်ထားခြင်း ရှိမရှိ ထပ်မံစစ်ဆေးပါ။
၇။ Lock Screen ပုံ ပြန်တက်လာပြီဆိုရင်တော့ List of Device Attach ဆိုတဲ့ စာကြောင်းအောက်မှာ *************** device လို့ ပေါ်နေလားစစ်ပေးပါ။
ဒါအရေးကြီးပါတယ်။ တကယ်လို့ အဲလိုမပေါ်ဘူးဆိုရင် ဖုန်းနဲ့ဆက်သွယ်ထားတဲ့ ကြိုးကို ပြန်ဖြုတ်ပါ။ ပရိုဂရမ်ကို ပိတ်ပါ။ ပြီးရင် ဖုန်းကို ပြန်တပ်ပါ။ ပရိုဂရမ်ကို ထပ်မံ ပြန်ဖွင့်ပေးပါ။ မပေါ်ဘဲနဲ့ Press any key တောင်းတုန်း keyboard က ကီးတစ်ခုခုကို နှိပ်လိုက်ရင် ပရိုဂရမ် အသက်ဝင်သွားနိုင်တာမို့ ပရိုဂရမ်ကို ပိတ်ရင် Mouse ကို အသုံးပြုပြီး ပိတ်ပေးပါ။ List of Device Attach အောက်မှာ ဘာမှ မပေါ်ဘဲ ပရိုဂရမ်ကို အသက်သွင်းလိုက်မိရင် အော်တို မြန်မာစာ ထည့်ပေးသွားမှာမို့ အခန့်မသင့်ရင် Firmware ကျသွားနိုင်ပါတယ်။ ဘာမှမပေါ်ဘူးဆိုတာ အပေါ်က ပုံမှာပြထားတဲ့အတိုင်းဖြစ်ပါတယ်။ အဲဒီအတိုင်းဖြစ်နေတုန်း သွားနှိပ်လိုက်မိရင် firmware ကျတတ်ပါတယ်။
၈။ List of Device Attach အောက်မှာ အပေါ်မှာ ပြထားတဲ့အတိုင်း ပေါ်နေပြီဆိုရင်တော့ Keyboard မှ ကြိုက်နှစ်သက်ရာ ကီးတစ်ခုခု (ကျွန်တော်ကတော့ Space Bar ကို သုံးပါတယ်။) ကို နှိပ်ပြီးတော့ စောင့်ကြည့်နေလိုက်ပါ။
၉။ မြန်မာစာကို အော်တို သွင်းပေးသွားမှာဖြစ်ပြီး Frozen Keyboard ကို သွင်းပေးတဲ့ စာကြောင်းလေး နှစ်ကြောင်းပေါ်လာပြီးရင်တော့ ဖုန်းကို Restart အော်တို ချပေးသွားမှာဖြစ်ပြီး ပရိုဂရမ်ကိုလည်း အော်တို ပိတ်ပေးသွားမှာဖြစ်ပါတယ်။
၁၀။ ဖုန်းပြန်ပွင့်လာရင် Setting –> Language and keyboard အောက်မှာ Forzen Keyboard ကို အမှန်ခြစ် ခြစ်ပေးပြီး Input Method ပေါ်မှာ နှိပ်ကာ Frozen Keyboard ကို ရွေးပေးပြီးရင်တော့ မိမိရဲ့ဖုန်းကို မြန်မာစာထည့်ပြီးပြီဖြစ်ပြီး မြန်မာလို ဖတ်လို့ကော ရေးလို့ပါ ရပြီဖြစ်ပါတယ်။


creater - ko ko win (superlikemobile)

အောင်မြင်စွာ စမ်းသပ်ပြီးသော ဖုန်းများ

  • Y511-U00
  • Y511-T00
  • Y320-C00
  • G610S
  • G610-T00
  • G730-U00

Download Here


Dev-Host


[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment