Radio

bg

Android ဖုန်းက Notifications တွေကို သင့် ကွန်ပျူတာပေါ်ရောက်အောင်ဘယ်လိုလုပ်မလဲ??

သင့်ကွန်ပျူတာနဲ့အလုပ်လုပ်နေချိန် ....ဖုန်းက notification တွေကိုလည်း ကြည့်ချင် ...ကွန်ပျူတာကလည်းလက်လွတ်လို့မရ ..ဒါမျိုးဆိုရင် notification တွေ ကွန်ပျူတာပေါ်ကိုရောက်လာမယ်ဆိုရင်.............................................
ဒီကောင်လေးကိုအဓိကသုံးရမယ့်အကြောင်းကတော့ သင့်ဟာသင့်ဖုန်းကို တခြားတစ်နေရာမှာထားပြီးတော့ ကွန်ပျူတာနဲကအလုပ်လုပ်နေစဉ် Callတွေ မက်ဆေ့တွေ ဒါမှမဟုတ် ဖေ့ဘုတ်က notification တွေဝင်လာမယ်ဆိုရင် သင့်ကွန်ပျူတာပေါ်ကို.လှမ်းပြီးအသိပေးမှာဖြစ်လို့ပါပဲ။သူက ငါးမိနစ်တစ်ကြိမ် သင့်ဖုန်းကို ဘာတွေအသစ်ဝင်လာနေလဲဆိုတာ စစ်ဆေးနေမှာဖြစ်ပါတယ်။
ဒါသုံးဖို့အတွက်တော့ ဆော့ဝဲနှစ်ခု လိုမှာဖြစ်ပါတယ်..သင့်ဖုန်းမှာ တစ်ခု သင့် ကွန်ပျူတာမှာတစ်ခု install လုပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာရယူထားပါ။

ကွန်ပျူတာအတွက်>>
Remote Notifier desktop download link

ဖုန်းအတွက်>>

Remote Notifier phone application download link

ဖုန်းsetting ထဲက Wifi option ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်။ဝိုင်ဖိုင်ပေါ်မှာအလုပ်လုပ်မှာဖြစ်ပါတယ်။
(သာမန်သုံးသူတွေဟာ ၀ိုင်ဖိုင်ဆိုလိုက်တာနဲ့ အင်တာနက် ကိုပြေးမြင်တတ်ကြပါတယ်။အင်တာနက်ကို ၀ိုင်ဖိုင်ယူသုံးတာကိုမြင်တတ်ကြပါတယ်။local area connection မျိုးကို သတိမေ့တတ်ကြပါတယ်)
remote-notify-connection-settings
နှစ်ခုလုံးတင်ပြီးပြီဆိုရင် ဖုန်းမှာကော ကွန်ပျူတာမှာကော ဖွင့်ပေးလိုက်ပါ။ pair လုပ်တယ်ခေါ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ ဆော့ဝဲပေါ်မှာ ချိတ်ဆက်မိဖို့လိုပါတယ်။
remote-notify-phone-settings
ဖုန်းဆော့ဝဲရဲ့ setting ထဲမှာ notification ကို စမ်းသပ်ပို့ကြည့်ဖို့ လုပ်ဆောင်ချက်တစ်ခုပါဝင်ပါတယ်။Ping လုပ်ကြည့်တယ်ပေါ့ဗျာ။
remote-notify-ping
သင်ပို့ချင်တဲ့ notification ဥပမာ text messages, phone calls, MMS (picture messages), battery warnings, voice mails နဲ့ Viber,Zapya တို့လို့ကောင်တွေရဲ့ notification တွေထဲက တစ်ခုခုရွေးပြီးစမ်းသပ်နိုင်ပါတယ်.
remote-notify-notification-options
ဒီလိုပို့လိုက်မယ်ဆိုရင် သင့်ကွန်ပျူတာမှာ ပုံမှန် ကွန်ပျူတာsystemပိုင်းဆိုင်ရာတွေ အသိပေးသလို pop up ၀င်းဒိုးလေးနဲ့ အသိပေးလာမှာဖြစ်ပါတယ်။အောက်မှာဆိုရင် ဖုန်းအားအခြေအနေကို အသိပေးထားပါတယ်။.
remote-notify-battery


[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment