Avira Antivirus ကို offline update လုပ်ရာတွင် အတွေ့များတဲ့ ပြဿနာကတော့ ဒေါင်းလုပ်ဆွဲထားတဲ့ အပ်ဒိတ်ဖိုင် vdf_fusebundle ကို အပ်ဒိတ်လုပ်လိုက်တဲ့အခါ download error ဆိုပြီးအောက်ပါအတိုင်းတွေ့ရတာပါပဲ
ဒီလိုကြုံတွေ့ရင် ဖြေရှင်းနည်းလေးပါ...မိတ်ဆွေတို့ အော့လိုင်း အပ်ဒိတ်လုပ်ဖို့ ဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်က vdf_fusebundle.zip ဖြစ်ပါတယ်.... အဲဒီကောင်လေးကို ကလစ်နှစ်ချက်နှိပ်လိုက်ပါ။ (winrar တင်ထားဖို့လိုပါတယ်) ကလစ်နှိပ်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါမယ်
အဲဒီမှာ fusebundle-win3.... ဆိုတဲ့ဖိုင်လေးပါပါတယ် အဲဒီကောင်ပေါ်ကို right click နှိပ်ပြီး rename လုပ်ပါ ပြီးတော့ fusebundle နဲ့ -win3... ကြားထဲမှာ 13 လို့ရေးထည့်လိုက်ပါ အောက်ကအတိုင်းပေါ့
fusebundle13-win3...
လိုဖြစ်သွားပါမယ် အဲဒီပြောင်းပြီးရင် ပုံမှန် အတိုင်း avira ကနေ manual update လုပ်ကြည့်ပါ အဲဒီဖိုင်ကိုရွေးလိုက်တာနဲ့ အဆင်ပြေစွာ update လုပ်ပေးသွားပါလိမ့်မယ်ခင်ဗျာ..
ပို့စ်ရေးသူ-ဆေးရိုးသည် www.sayyoethe.blogspot.com
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment