ကျွန်တော်တို့သုံးနေတဲ့ကွန်ပျူတာမှာသုံးနေတဲ့ ဖိုင်စနစ်တွေအကြောင်းအာဖျံကွီးလုပ်ကြည့်ပါမယ် အဟီး...ဗိုင်းရပ်စ်တွေကလည်း ကွန်ပျူတာ extension တွေနဲ့ပဲလာတတ်ပါတယ် သိထားရင်မမှားပါဘူးဗျာ...
----.EXE
Virus တွေအပါအ၀င် ကျွန်တော်တို့သုံးနေကြတဲ့ application တွေအားလုံးဟာ အဓိကမိခင်ဖိုင်ကို .EXE အဖြစ်ထားရှိပါတယ်...ဥပမာ အသုံးများတဲ့ Adobe Pagemaker ရဲ့ မိခင်ဖိုင်ဟာ Pm70.exe ပါ ဒီလိုပဲ window မှာ built in ပါဝင်တဲ့ calculator ရဲ့မိခင်ဖိုင်ဟာလည်း calc.exe ဖြစ်ပါတယ်..
၎င်း .EXE ဖိုင်တွေဟာ တခြားတစ်ခုကို မှီပြီးအလုပ်မလုပ်ပါဘူး ..ကိုယ်တိုင်ရပ်တည်နိုင်ပါတယ်... ကွန်ပျူတာအသုံးချ ဆော့ဝဲလ်တွေအားလုံးကို .exe အဖြစ်သာသတ်မှတ်ပါ
သင်သာ ကွန်ပျူတာ ဆော့ဝဲလ်ရေးသူဖြစ်မယ်ဆိုရင် သင်ဖန်တီးလိုက်သော program ကို နောက်ဆုံး အဆင့်အတွက် .exe ပုံစံပြောင်းပေးရမှာဖြစ်ပါတယ်...ဒါမှသာ ကွန်ပျူတာတိုင်းမှာသုံးနိုင်မှာပါ......exe ရဲ့ ထိန်းချူပ်မှုအောက်မှာ .exe ဖိုင်များစွာထည့်သွင်းမောင်းနှင်နိုင်ပါတယ်.... အသုံးချ window system folder အောက်မှာလည်း .exe ဖိုင်များစွာကိုတွေ့ရမှာပါ ဒါကြောင့်လည်း Virus တွေဝင်လာရင် ရှာရခက်ခဲတာပါ
---.INF
AutoPlay လုပ်ဆောင်ချက်အတွက်ဖန်တီးထားတဲ့ ဖိုင် တစ်ခုဖြစ်ပါတယ် Autorun.inf လို့အတွေ့များပါတယ်...အသုံးချ ဆော့ဝလ်တစ်ခုကို ကွန်ပျူတာမှာထည့်သွင်း အင်စတောလုပ်တဲ့အခါ အလိုအလျောက် မောင်းနှင်စေရန်ဖန်တီးထားတဲ့ ကိုယ်တိုင်မောင်းနှင့် program လေးတစ်ခုပါ ..Install CD တွေမှာ ၄င်း AutoPlay File တွေကို အတွေ့များပါတယ်
Virus တွေဟာ ၄င်းတို့ရဲ့မိခင်ဖိုင်ဖြစ်တဲ့ .exe ဖိုင်ကို Autorun.inf ဖြင့်ပွင့်အောင်လုပ်ဆောင်ထားပါတယ်..ဗိုင်းရပ်ကူးရခြင်းကလေည်း အဓိက က ကွန်ပျူတာ ကိုင်သူကြောင့်ပါပဲ..ဗိုင်းရပ်တွေဟာ.inf တွေပေါ်မှီခိုနေတတ်ကြပါတယ်....inf ဖိုင်တွေကို Note pad မှာပင်အလွယ်ရေးနိုင်ပါတယ်...ဒီဖိုင်တွေကို များသောအားဖြင့် Hidden လုပ်ထားတတ်ပါတယ်
---.ZIP
Zipped file များတွင် ဒီ ဖိုင်စနစ်ကိုသုံးပါတယ်...ချုံထားတဲ့ folder တစ်ခုဖြစ်ပြီးတော့ အထဲမှာတော့ဖိသိပ်ထည့်ထားတဲ့ file, program, data စသဖြင့် အများအပြားရှိနေတတ်ပါတယ်
ကွန်ပျူတာထဲက data တွေကို zipped လုပ်ရာမှာ နေရာယူမှုနည်းစေရန်နဲ့ လုံခြုံစေဖို့ ၄င်း compression စနစ်ကို သုံးကြပါတယ်... ဒါကိုပဲ ဗိုင်းရပ်လုပ်သူတွေက ဗိုင်းရပ်များစွာကိုချုံပြီး ဒါမှမဟုတ် ဆော့ဝဲလ်တစ်ခုနဲ့ ရောချုံပြီး zipped file အဖြစ်ဖြန့်လိုက်ပါတယ်...နာမည်ကြီး program ဖြစ်ပါစေ zippded file နဲ့ပေးလျှင် virus တွေပါလာတတ်ပါတယ်....
---.COM
Command File တွေကို သတ်မှတ်တဲ့ file extension ဖြစ်ပါတယ်။ အင်တာနက်လိပ်စာတွေမှာလည်း နောက်ဆုံးမှာ www.yadanar.com ကိုတွေ့ရတတ်ပါတယ်။၎င်း တို့နှစ်မျိုးလုပ်ဆောင်ချက်နှင့် သဘောတရားမတူညီူပါဘူး..
၎င်း command filoe ဖြစ်တဲ့ .com ဖြင့်လည်း ဗိုင်းရပ်စ် ၀င်နိုင်ပါတယ် . ဟိုးအရင်တုံးကပေါ်တဲ့ /Flashy virus မှာ Flashy.com ကိုသုံးထားတာတွေ့ရပါတယ်။ ကွန်ပျူတာဖိုင်တွေထဲမှာလည်း command.com,kb 16.com,mode.com စသဖြင့် များစွာရှိပါသေးတယ်.... .com နဲ့ရေးတဲ့ ဗိုင်းရပ်တွေမှာ သာမန်ထက်အဆင့်မြင့်တဲ့လုပ်အောင်ချက်တွေပါတတ်ပါတယ်။ဒါပေမယ့် Anti Virus program တွေကို အလွယ်တကူရှာဖွေပေးနိုင်ပါတယ်...
---.BAT
Backup file တွေကိုသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်...မူရင်းဖိုင်ကို .bat နဲ့သိမ်းပြီး .exe တွေကိုထိန်းချူပ်ပါတယ်
၎င်း ကို window system file တွေမှာလည်းတွေ့ရပါတယ် အဓိကကျတဲ့ system file အုပ်စုမှာ Autoexec.bat ပါရှိပါတယ်။ Flashy virus မှာ Flashy.bat ကိုသုံးထားတယ်လို့ဆိုပါတယ်..bat ဖြင့်လည်း Virus တွေရောက်ရှိနိုင်လို့ သတိထားရမယ့် ဖိုင်အုပ်စုစာရင်းသွင်းကြပါတယ်
---.DLL
System file အုပ်စုမှာ အများဆုံးတည်ရှိပါတယ် Dyanmaic Link Library ရဲ့အတိုကောက်ပါ..၀င်းဒိုး app တွေကို ထိန်းချူပ်ဖို့လိုအပ်တဲ့functionတွေကို ထည့်သွင်းထားတဲ့ Library တစ်ခုလို့ဆိုနိုင်ပါတယ်
၎င်း ကို Acess လုပ်ဖို့ဖန်တီးရတာပါ..ဒါကြောင့် Window အတွက်ကော အခြား Applicationအတွက်ပါ DLL တွေဟာအရေးပါပါတယ်...ဒါကြောင့် တချို့ဗိုင်းရပ်တွေဟာ DLL တွေကို ဖျက်ဆည်းဖို့ ရည်ရွယ်ဦးတည်ကြပါတယ် ..ဗိုင်ရပ်တွေမျက်စိကျတတ်တဲ့ကောင်ကတော့ hal.dll ဖြစ်ပါတယ် ဒီကောင်ကိုဖျက်လိုက်ရင် ၀င်းဒိုးပြန်မတက်တော့ပါဘူး
---.VBS
Script တွေရေးသားပေးတဲ့ ပရိုဂရမ်တစ်ခုရဲ့ file extension လို့ဆိုရမယ်ဗျာ...အလွယ်ဆုံး script ရေးသားရာမှာသုံးပါတယ်..Netscape နဲ့ Javascript နဲ့ဆင်တူတယ်လို့ မှတ်သားမိပါတယ်
သူကနေပြီးတော့ ဗိုင်းရပ်စ်ဖြစ်တဲ့ .exe ဖိုင်တွေကို ထိန်းချူပ်မောင်းနှင်နိုင်ပါတယ်..ဟိုး ..အရင်ပေါ်ခဲ့တယ် kolay Virus ကို ဒီ script နည်းနဲ့ မောင်းနှင်ခဲ့ပါတယ်
---.SYS
Systemfile တွေကိုသတ်မှတ်ထားတဲ့ ဖိုင်စနစ်ဖြစ်ပါတယ်...၀င်းဒိုးမောင်နှင်မှုစနစ်နဲ့ အခြား အသုံးချဆော့ဝဲလ်တွေ ကိုမောင်းနှင်ဖို့အတွက် အလွန်အရေးပါတဲ့ ဖိုင်တွေဖြစ်ပါတယ်.... ကွန်ပျူတာ လုပ်ဆောင်မှုကိုအဓိက ထိန်းချူပ်တဲ့ ဖိုင်တွေဖြစ်ပါတယ်
ကွန်ပျူတာစတင်နိုင်ဖို့အတွက် io.sys,msdos.sys,config.sys,Win32k.sys တွေဟာမရှိမဖြစ် ဖိုင်များထဲမှာပါဝင်ပါတယ်...သူတို့ကိုတော့ အလွယ်တကူမမြင်ရဖို့ hidden လုပ်ထားပါတယ်
ဗိုင်းရပ်စ်ရေးသူတွေဟာ ဒီsystem ဖိုင်တွေကို မျက်စိကျပြီး ဖျက်ဆီးဖို့အားထုတ်ကြပါတယ် ဖျက်ထုတ်ခံရရင်တော့ ၀င်းဒိုးတက်မှာအဟုတ်တော့ပါ
E-book တွေမှာသုံးတဲ့ file extension ဖြစ်ပါတယ်...ကျွန်တော်တို့ Adobe reader ,Foxit Reader တွေနဲ့ဖတ်လေ့ရှိတဲ့ ဖိုင်တွေပါ..ကျွန်တော်တို့နေ့စဉ် ဂျာနယ်တွေဒေါင်းလုပ်ယူတဲ့ ဖိုင်တွေကလည်း pdf တွေပါပဲ... ဒီဖိုင်စနစ်နဲ့ သုံးထားတဲ့ဗိုင်းရပ်တွေကို ဥပမာပြောရရင် ၂၀၁၀ လောက်တုန်းကပေါ်ခဲ့တဲ့ True virus နဲ့ IQ Test virus တို့ပါ (ကျွန်တော်ဆရာ့ကိုမေးကြည့်ထားတာပါ..ကျွန်တော် အဲဒီပိုင်းနားမလည်ပါ)၄င်းကွန်ပူတာထဲရောက်ရင် Desktop screen မှာ True.pdf ကိုတွေ့ရမှာဖြစ်ပါတယ်..ကွန်ပျူတာကိုတော့မဖျက်ဆီးပါဘူး..ဒါပေမယ့် အနောက်အယှက်ဖြစ်ရပါတယ်.... တစ်စုံတစ်ဦးက လက်တက်စမ်းထားတဲ့သဘောလို့ပြောပါတယ် .အလွယ်တကူပဲရှင်းပစ်နိုင်ပါတယ်ခင်ဗျာ
ဒါတွေကတော့ ကွန်ပျူတာမှာ ထင်ရှားတဲ့ ဖိုင် format တွေပါပဲဖြစ်ပါတယ်.... ဖိုင်တွေရှိသရွေ့ extension လည်းရှိမှာပဲဖြစ်ပါတယ်..ကျွန်တော်သိသလောက်မျှဝေခွင့်ရလို့ကျေးဇူးတင်ပါတယ်
ပို့စ်ရေးသူ-ဆေးရိုးသည်( www.sayyoethe.blogspot.com)
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
No comments:
Post a Comment