Thursday, October 10, 2013

Firefox မှ မိမိbookmarks များကို Backup/Restore ပြုလုပ်ခြင်း


ကျွန်တော်တို့တစ်ခါတရံမှာ Window ပြန်တင်တဲ့အခါမှာဖြစ်စေ Firefox ကို offline update အသစ်ပြန်တင်တာမှာဖြစ်စေ bookmark တွေ ဆုံးရှုံးရတတ်ပါတယ်...ဒါဆိုကိုယ့် လေ့လာဖို့သိမ်းဆည်းထားတဲ့ဆိုဒ်ကောင်းလေးတွေ ပြန်ရှာ နေရမှာဖြစ်လို့ အချိန်ကုန်မှာဖြစ်သလို အလွယ်တကူလည်းရမှာမဟုတ်ပါဘူး ...အဲဒါကြောင့် Bookmarkလေးတွေကို backup လုပ်ထားမယ်ဆိုရင် ဘယ်လိုအခါမှာပဲဖြစ်ဖြစ် ပြန်လည် Restore လုပ်နိုင်မှာဖြစ်ပါတယ်...ကျွန်တော်ကတော့ Bookmarkတွေများစွာသိမ်းသူဖြစ်တာကြောင့် မဖြစ်မနေ backup လုပ်ထားရပါတယ်... စာဖတ်သူအနေနဲ့လည်း အဲဒီလို backup လုပ်ထားလိုတယ် ဆိုရင် (မသိသေးရင်ပေါ့ဗျာ)အောက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်

ပထမဆုံး Firefox မှာ History ကနေ Show All history ကိုနှိပ်လိုက်ပါပုံမှာပြထားတဲ့အတိုင်းမြင်ရမှာဖြစ်ပြီး
Import and Backup ကနေတဆင့် Backup ကိုသွားလိုက်ပါ...အဲဒါဆို backup ဖိုင် နာမည်နဲ့ သိမ်းမယ့်နေရာ ကို ရွေးခိုင်းပါလိမ့်မယ်...နာမည်နေရာမှာ ဒီအတိုင်းထားတာကောင်းပါတယ် သူက ရက်စွဲနဲ့အတိအကျ မြင်ရတဲ့နာမည်ဖြစ်ပါတယ် သိမ်းရမယ့်နေရာကတော့ ၀င်းဒိုင်းအပိုင်းအဟုတ်တဲ့နေရာမှာသိမ်းထားပါ... ကိုယ့်သိမ်းတဲ့နေရာကိုတော့မှတ်မိဖို့လိုတာပေါ့နော်...Save ကိုနှိပ်လိုက်ရင် backup လုပ်ခြင်းပြီးပါပြီ...
ပြန်လည် restore လုပ်လိုတဲ့အခါရောက်ရင်လည်းစောစောကအတိုင်းပဲ
history>Show all history>Import and Backup ကနေတဆင့် ဒီတစ်ခါ Restore ကိုရွေးပေးလိုက်ပြီး ကိုယ့် backup ဖိုင်သိမ်းထားရာနေရာကိုရွေးရုံပါ...အဲဒီနေရာမှ  firefox က အလိုအလျောက်backup လုပ်ထားတဲ့ဖိုင်တွေကို နေ့စွဲအလိုက် ရွေးပေးရင်လည်းရပါတယ် ..ကိုယ်ကိုယ်တိုင် backup လုပ်ထားတဲ့ ဖိုင်ကို restore လုပ်မယ်ဆိုရင် choose file ကနေသွားပေးပါ... Comfirm မေးခွန်းတစ်ခုမေးတတ်ပါတယ် ok ပေးလိုက်ပါ...ဒါဆိုရင်တော့ ကိုယ့်သိမ်းထားသမျှ bookmark လေးတွေပြန်လည်ရရှိပါလိမ့်မယ်ခင်ဗျာ..

ပို့စ်ေ၇းသူ-ဆေးရိုးသည်(www.sayyoethe.blogspot.com)

[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


No comments:

Post a Comment