Radio

bg

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းတယ်လီဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများဖွင့်လှစ်မည့်အစီအစဉ်

ရက်စွဲ ။ ။ ၃၁.၁၀.၂၀၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းတယ်လီဖုန်းများအတွက်
ထပ်တိုးဝန်ဆောင်မှုများဖွင့်လှစ်မည့်အစီအစဉ်

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Prepaid GSM/WCDMAမိုဘိုင်းတယ်လီဖုန်းများအတွက် အောက်ပါထပ်တိုးဝန်ဆောင်မှုများကို သုံးစွဲသူများကိုယ်တိုင် ၁-၁၁-၂၀၁၃ ရက်မှစ၍ ဖွင့်နိုင်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

CW(Call Wait Service) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata CW) ဟု ပေးပို့ပြီးနောက် အတည်ပြုချက်စာတို (Notification Alert SMS) ရရှိပါမည်။ ဆက်လက်၍ (Orderdata CH) ဟု ပေးပို့ပါရန်။

CF (Call Forwarding) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata CF) ဟု ပေးပို့ပါရန်။

VMS (Voice Mail Service) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata VMS) ဟု ပေးပို့ပါရန်။

MCA (Missed Call Alert) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata MCA) ဟု ပေးပို့ပါရန်။

ဖော်ပြပါကဲ့သို့ ၀န်ဆောင်မှုအသီးသီးအတွက် စာတို (SMS) ပေးပို့ပြီးနောက် အတည်ပြုချက်စာတို (Notification Alert SMS) လက်ခံရရှိပါမည်။

CW (Call Wait Service) နှင့် CF (Call Forwarding) အနက်မှ (၁)ခုကိုသာ ရွေးချယ်သုံးစွဲပါရန်။
VMS (Voice Mail Service) နှင့် MCA (Missed Call Alert) အနက်မှ (၁)ခုကိုသာ ရွေးချယ်သုံးစွဲပါရန်။
သုံးစွဲသူကိုယ်တိုင်ပြန်ပိတ်နိုင်ပါသည်။ ဥပမာ - Cancel CF ဟု 1331 နံပါတ်သို့ SMS ဖြင့် ပေးပို့ပါရန်။

၂။ ကောက်ခံမည့်နှုန်းထားများမှာ -
CW (Call Wait Service) တစ်လလျှင် (၅၀၀) ကျပ်
CF (Call Forward Service) တစ်လလျှင် (၉၀၀၀) ကျပ်
VMS (Voice Mail Service) တစ်လလျှင် (၁၀၀၀) ကျပ်
MCA (Missed Call Alert) တစ်လလျှင် (၁၀၀၀) ကျပ်
မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်-(၁၈၇၆) Call Center

[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment