Radio

bg

System Restore Point အကြောင်း


..
ပရိုဂရမ်တစ်ခုခုကို device တစ်ခုခုကို အင်စတောလုပ်ပြီးတဲံအခါမှာ သင့်ကွန်ပျူတာ ချို့ယွင်းပြီးရပ်သွားတာ stable မဖြစ်တာမျိုးမကြုံရအောင် ၀င်းဒိုးမှာပါတဲ့ System restore ကလုပ်ဆောင်ပေးပါလိမ့်မယ် အဲဒီတော့ ကိုယ်စိတ်ကြိုက်.ကိုယ်သုံးလို့ကောင်းနေတယ်လို့ထင်ရတဲံအခြေနေမျိုးမှာ ကွန်ပျူတာကို system restore ပွိုင့်တစ်ခုလုပ်ထားလိုက်ပါ...၀င်းဒိုးကတော့ အပတ်စဉ် လုပ်ထားလေ့ရှိပါတယ် system checkpoint လို့ခေါ်ပါတယ် ဥပမာ microsoft ရဲ့ office ကိုအပ်ဒိတ်မလုပ်ခင် restore point လုပ်ထားလေ့ရှိပါတယ်

create system restore point


start > computer ကို ရိုက်ကလစ်နှီပ်ပြီး properties ကိုနှိပ်ပါ System windows ပေါ်လာပါမယ် system protection ကိုကလစ်ပါ dialog box ပေါ်လာရင် system protection tab ကို အလိုအလျောက်ဖော်ပြထားပါလိမ့်မယ် create ကိုကလစ်လိုက်ပါ
create restore point dialog box ပေါ်လာပါမယ် restore point နဲ့ပတ်သက်တဲ့ နာမည်တစ်ခုခု ရိုက်ထည့်ပါ create ကိုသာနှိပ်လိုက်ပါ ..System restore ကနေ restore point တစ်ခုကိုအောင်မြင်စွာ တည်ဆောက်ပြီးကြောင်းပြောပါလိမ့်မယ်...အိုကေလိုက်ပါ ဒါက ပွိုင့်တစ်ခု ဖန်တီးလိုက်တာပါ

Restore ပြန်လုပ်ခြင်း

ကွန်ပျူတာမှာ သုံးနေရင်းတစ်ခုခုချို့ယွင်းသွားပြီဆိုရင် ကိုယ်လုပ်ထားခဲ့တဲ့ restore point ကို ပြန် restore လုပ်လိုက်ရင် ကိုယ်လုပ်ထားခဲ့အတိုင်းအခြေအနေကိုပြန်လည်ရရှိမှာဖြစ်ပါတယ်
restore မလုပ်ခင် ဖွင့်ထားတဲ့ပရိုဂရမ်တွေအားလုံးကိုပိတ်ထားပါ  အထက်ပါနည်းအတိုင်း system restore ကိုသွားလိုက်ပါ ဒီတစ်ခါက restore လုပ်မှာဖြစ်ပါတယ် System restore ကနေ လုပ်ထားတဲ့ ပွိုင့်တွေကိုဖော်ပြထားမှာဖြစ်ပါတယ် ...ကိုယ်လုပ်ထားခဲ့တဲ့ ပွိုင့်ကို (ရက်စွဲနဲ့ဖော်ပြထားပါတယ် )ကိုရွေးပေးလိုက်ပါ ချက်ဘောက်ထဲမှာအစက်ကလေးပေါါ်လာအောင်ရွေးပေးရမှာပါ next ကိုနှိပ်ပါ comfirm your restore point windows ပေါါ်လာမယ်  finish ကိုရွေးလိုက်ပါ  သင့်system restore ကိုပြန်လုပ်မလားမေးတတ်ပါတယ် yes ကိုရွေးလိုက်ပါ ဒိနောက် computer restart ကျပြီး အောင်မြင်စွာ restore လုပ်နိုင်ပါပြီး...

သိသူကျော်သွား မသိသူဖော်စား...ခိခိ

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment