Radio

bg

ကွန်ပျူတာမှာ သင့်ကိုယ်ပိုင် RUN Command ဖန်တီးနည်း


  ကျွန်တော်တို့ ကွန်ပျူတာမှာ Window+R ကီးလေးတွဲနှိပ်ရတဲ့ Run command လေးကိုသိကြမှာပါ..အဲဒီမှာ ကီးလေးတွေရိုက်ထည့်ပြီး လိုချင်တာကို အမြန်ရောက်အောင် ဖော်ဆောင်နိုင်တာမျိုးပါ..ဥပမာ regedit ဆို regeistry Editor ကိုခေါ်ပေးသလိုပေါ့..ခုနည်းကတော့ သင့်စိတ်ကြိုက် programs တွေကို run ဘောက်ကနေခေါ်ဆိုဖို့ key command လေးတွေပြုလုပ်နည်းဖြစ်ပါတယ်..မသိသူများအတွက်ဖြစ်ပါတယ် ဥပမာ-  window media player ကို ပြုလုပ်မယ်ဆိုပါစို့..။  wmp    လို့ Run dialog box ရိုက်လိုက်ရင် Window Media Player ပွင့်လာပါမယ် အဲဒီလိုမျိုးလေးလုပ်ကြည့်ပါမယ်.. သင့်လုပ်မယ့် programme အတွက် ကြိုက်နှစ်သက်ရာ ကီး(စလုံးစု)လေးပေးနိုင်ပါတယ် နဂိုရှိပြီး run command တွေတော့မပေးနဲ့ပေါ့ဗျာ

----Desktop ပေါ်မှာRight clickထောက်ပြီး  "New" ကနေတစ်ဆင့် "Shortcut" ကိုကလစ်ပါ။

----သင်ပြုလုပ်မယ့် programကိုညွှန်ပြရပါမယ်( programကို installed လုပ်ထားတဲ့လမ်းကြောင်းကိုပြရပါမယ် ကျွန်တော်ဆီမှာတော့"C:\Program Files\Windows Media Player\wmplayer.exe"ဖြစ်ပါတယ်) . ကျွန်တော်က window media player ကို လုပ်နေလို့ပါ..သင်ကတော့ သင်လုပ်မယ် programe ကို ညွှန်းရမှာပါ..
----Click "OK". ပြီးရင် shortcut အတွက် နာမည်ပေးပါ ကျွန်တောကတော့ wmp လို့ပေးလိုက်ပါတယ်..သင့်လုပ်နေတာFirefox အတွက်ဆိုရင် ff ပေါ့ဗျာ..Internet Downlaod Manager အတွက်ဆိုရင် idm စသဖြင့်ပေါ့..ပြီးရင် finish ပါ
----ပြီးတာနဲ့အဲဒီဖန်တီးလိုက်တဲ့  shortcut ကို cut(Ctrl+x) လုပ်ပြီး   C:\Windows .. ထဲကိုPaste လုပ်လိုက်ပါ
-----ရပါပြီ .. ခု Run box မှာ wmp လို့ရိုက်လိုက်ရင် Window Media Player ပေါ်လာပါပြီ..


ရေးသားသူ   -ဆေးရိုးသည်
LIKE here on Facebook


***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment