ကျွန်တော်တွေ့သလောက်ကိုမျှဝေခြင်းသာဖြစ်ပါတယ်... မသိသေးသူများကိုရည်ရွယ်ပါတယ်ခင်ဗျာ..
ခုသူငယ်ချင်းတို့သုံးတဲ့ဖုန်းဟာ Smart phone ဖြစ်ဖို့လိုပါတယ် smart phone ဆိုတာကတော့ နာမည်ရ Mobile OS သုံးစွဲထားတဲ့ ဖုန်းကိုဆိုလိုတာဖြစ်ပါတယ်
ယခုလက်ရှိအသုံးများနေတာကတော့ Android ဖုန်းတွေဖြစ်ပါတယ် Nokia မှာသုံးတဲ့ Java Platform ဖြစ်တဲ့ Sambian os ဖြစ်ပါတယ်.... Window OS တွေလည်းခုခါ ခေတ်စားလာပါတယ် ... i phone တွေကတော့ iOs ရှိပါတယ်...Black berry ဖုန်းတွေမှာဆိုရင်လည်း ကိုယ်ပိုင် os ရှိပြီးသားပါပဲ ... ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ပြဿနာကတော့ တန်ဖိုးနည်း တရုတ်ဖုန်းတွေပါပဲ... ကျွန်တော်တို့နိုင်ငံက သာမန်ပြည်သူတွေအဖို့တော့ ဒီဖုန်းတွေကိုပဲအားကိုးနေရပါတယ်... ICT ပစ္စည်းတွေကလည်း တရုတ်ကနေလာတာများနေပါတယ် အဲဒီကောင်တွေက များသောအားဖြင့် မူရင်းတွေကို တုပထားတဲ့ Clone ဖုန်းတွေသာဖြစ်ပါတယ်.... Android စတိုင်လုပ်ထားတဲ့... java ဖုန်းတွေတောင်ရှိပါတယ်
ခု နာမည်ကြီး iPhone , Samsung Glaxy S2 , S3, S4 ဆိုလျှင်တန်ကြေး အနည်းဆုံး ငါးသိန်းလောက်ကစပါတယ် ဒါကို ဈေးကွက်ကြီးစိုးလိုသူတွေက Clone ဆိုပြီးတုပထုတ်လုပ်လာပါတယ် အဲဒါကလည်း Hardware ကိုလောက်ပဲ တုလို့ရနိုင်ပါတယ် Mobile OS ပိုင်းနဲ့ ဆော့ဝဲပိုင်းကို တော့ မတုပနိုင်တာကြောင့် ၀ယ်မိတဲ့သူတွေအဖို့ ပြဿနာရှိလာပါတယ် .. အဲကောင်တွေမှာ driver ပါမပါကလည်း ကံစမ်းမဲနိုက်ရသလိုပါပဲ.. သာမန်ဖုန်းပြောရုံဆိုရင်တော့ သိသာမှာမဟုတ်ပါဘူး ဒါပေမယ့် အတုကတော့အတုပါပဲဗျာ
အဲဒီလို ကလုန်း တွေမှာ သုံးတဲ့ Mobile os ကလည်း Standard မကျပါ... ဒါကြောင့် နည်းပညာတွေကိုတွဲဖက်လေ့လာလို့လည်းရမှာမဟုတ်ပါ ပြောရင်းစကားကချော်နေပြီ ဟိ...
အဲဒလို ဖုန်းတွေမှာဆိုရင် အင်တာနက် setting နေရာချထားခြင်း ဆော့ဝဲထည့်သွင်းခြင်း တွေမှာ အခက်အခဲတွေရှိလာပါတယ် တချို့ဆို ဆော့ဝဲအိုင်ကွန်လေးပဲပါပြီး ၀င်လိုက်ရင် ဘာမှ ထွက်မလာပါဘူး ....ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့ အခြားလုပ်ဆောင်ချက်တွေကို ထပ်တိုးလုပ်ဆောင်လိုပါက Brand ရှိတဲ့ကောင်တွေကိုသာဝယ်ယူပါ လို့တိုက်တွန်းချင်ပါတယ်
နောက်တစ်ခုကတော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်သုံးစွဲလာခြင်းပါ ... ဒီလိုသုံးချင်ယင် ဖုန်းမှာ usb moderm စနစ်ပါတဲ့ဖုန်းကို မေးယူဝယ်သင့်ပါတယ် Android သုံးဖုန်းတွေမှာတော့ Hot port ထုတ်တဲ့စနစ်ပါပါတယ်
အဓိကပြောချင်တာကတော့ဗျာ...
၁။ Brand ကအရေးပါပါတယ် ... တန်ကြေးကို မကြည့်ပဲ နာမည်ရှိတဲ့ ကောင်ကိုသာဝယ်ယူပါ... ငါးသောင်းလောက်ရှိရင် တန်းမ၀ယ်ပဲ တစ်သိန်းရအောင်စုပြီးမှဝယ်တာကောင်းပါတယ် ..( huawei နဲ့ zte တချို့ ကို android 2.x.xနဲ့ သောင်းဂဏန်းနဲ့ရရှိနိုင်ပါတယ်)
၂။ လူသုံးများပြီး ဆော့ဝဲပေါတဲ့ OS သုံးဖုန်းကိုဝယ်ယူပါ မြန်မာမှာဆိုရင်တော့ android ပေါ့
၃။ ဆင်းကတ် ၂ခု သုံးထက်စာရင် တစ်ခုသုံးကပိုကောင်းပါတယ်
၎။ ကလုန်း ကိုလုံးဝမ၀ယ်ပါနဲ့လို့တိုက်တွန်းပါရစေ
၅။ ဗားရှင်းမြင့်ခြင်းကို မလိုအပ်ရင်မလုပ်ပါနဲ့
မသိသေးသူများကိုသာ မျှဝေခြင်းပါဗျို့... ဆြာဂျီးဒွေအတွက် ပမွှားပေါ့..ခိခိ
ပို့စ်ရေးသူ-ဆေးရိုးသည်
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment