သင့်မှာ FAT32 file system ကိုသုံးထားတဲ့ flash drive ဒါမှမဟုတ် external hard drive သာရှိမယ့်ဆိုရင် အဲဒီကောင်လေးကို NTFS သို့ပြောင်းချင်မယ်လို့ထင်ပါတယ်...ဘာကြောင့်လဲဆိုတော့ FAT32 ကဆိုဒ်ကြီးမားလှတဲ့ကောင်တွေကိုကိုင်တွယ်ရာမှာerrorတွေရှိနေတတ်လို့ပါ။ (over 4GB) ပြီးတော့ သုံးစွဲရတာအဆင်ပြေလှပါဘူး ပုံမှန်အားဖြင့်အဲဒီလိုပြောင်းလဲခြင်ယင် Format ရိုက်ပြီး မှပြောင်းလဲရပါတယ်...အဲဒါဆို သင့်Data တွေဆုံးရှုံးရပါမယ် back up လုပ်ရမှာလည်း ပျင်းတယ်ဆိုရင်တော့...(ကျွန်တော့လိုပေါ့ဗျာ) ဒီနည်းလမ်းကိုသုံးပြီးတော့ကူးပြောင်းနိုင်ပါတယ်...ကျွန်တော်ကတော့ Hanwailinn Hanwailinn(Sayyoethe Team) ဖြစ်ပါတယ်ခင်ည!!
နောက်ပိုင်းထုတ်device တွေဟာ ယေဘုယျအားဖြင့် NTFS file system နဲ့လာကြပါတယ် stability ရှိမှု security ကောင်းမွန်မှု defragmentation time လျင်မြန်မှု တွေကြောင့် FAT32 အသုံးပြုမှုကို ရပ်ခဲ့တာကြာပါပြီ “Not enough disk space error” ဆိုတာကြီးကို FAT32 သမားတွေ အရမ်းရင်းနှီးကြမှာပါ..ဟဲ...အဲဒီကောင်မျိုးကို NTFS စနစ်ပြောင်းလိုက်ရင် အတော်အတန် ချောင်လည်သွားတတ်ပါတယ် Microsoft က ဒါတွေကိုသိရှိတာကြောင့် command prompt အတွက် command တစ်ခုထည့်ပေးခဲ့ပါတယ်... ဒီလိုမျိုး FAT ကနေ NTFS ပြောင်းပေးတဲ့ဆော့ဝဲတွေအများကြီးရှိပေမယ်လို့ command prompt ကတော့အစောဆုံးနည်းပေါ့ဗျာ............ ကဲပေရှည်တာများတွားဘီ..
1)ပထမဆုံး computer ကိုသွားပါ ကိုယ့်ပြောင်းမယ့် drive ရဲ့ driver letter ကိုမှတ်ထားပါ..c: d: e: f: အစရှိသဖြင့်ပေါ့
2) Start ကိုသွားပါ
3)CMD ကိုကြိုက်တဲ့နည်းနဲ့သွားဗျာ ..ကျွန်တော်ကတော့Run box ကနေ cmd ရိုက်ခေါ်လိုက်တယ်...
4) chkdsk h: /f
လို့ရိုက်ထည့်ပါ h နေရာမှာ သင့်Drive Letter ကို ထည့်ရမှာဖြစ်ပါတယ် ဒါက drive ကို error ရှိလား check လုပ်ပြီး Fix လုပ်တာဖြစ်ပါတယ် ပြီးရင်
5) Convert H: /FS:NTFS
ရိုက်ပါ..h နေရာတွေက သင့် driver letter တွေနော်..နောက် သတိမပေးတော့ဘူး :)
6) အဲဒါဆိုရင် cmd က သင့် drive ကို FAT32 ကနေ NTFS သို့စတင်ပြောင်းလဲနေပါမယ် ပြီးတာနဲ့ သင့်ကို အကြောင်းကြားပါလိမ့်မယ်
7)drive ကို right click နှိပ်Properties ထဲဝင်ပြီး FAT ကနေ NTFS ပြောင်းသွာြး့ပီလား ကြည့်နိုင်ပါတယ်..........
ဒီနည်းလမ်းကို ကျွန်တော့Flash drive အစုတ်ကလေးနဲ့(ကံစမ်းမဲပေါက်တာ) Windows 7,
Windows XP, Windows 8 and Windows Vista(သူများကွန်ပျူတာတွေ)ပေါ်မှာ အပြစ်ကင်းစွာစမ်းပြီးပါပြီ ...ဒါပေမယ့် NTFS ကနေ FAT32 ကိုပြန်ပြောင်းလို့ (ဒီနည်းနဲ့) တော့မရဘူးနော် ပြန်ပြောင်းချင်ယင် Format ရိုက်ပစ်မှရမယ်...ဒါပဲ ဗျာ..
If you Like This post, Like us Here on Facebook!!!
Enjoy!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
0 comments:
Post a Comment