သင်ဟာ ၀က်ဆိုဒ်တွေမှာ လေ့လာဖတ်ရှုသူပဲဖြစ်မယ်ဆိုရင်...ဒိုမိန်းအကြောင်း နားလည်မှုအားနည်းနိုင်ပါတယ်..ဒါကြောင့် ကျွန်တော် ဆေးရိုးသည် သိသလောက် အာချောင်ပါဦးမယ် အဟဲ
Internet နဲ့ computer networks နယ်ပယ်မှာ DNS ကိုကိုယ်စားပြုတဲ့ Name System or Domain Name Service ဆိုတာကို ကြုံတွေ့ကြမှာပါ..
ဒီပို့စ်မှာ
ကျွန်တော်နားလည်သလို ရေးထားတာပါ... အမှားပါရင်
ခွင့်လွှတ်စေချင်ပါတယ်..ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်
လေ့လာသူတစ်ယောက်သာဖြစ်ပြီး ပညာရှင်မဟုတ်လို့ပါ.( ကိုယ့်ဘလော့လေးအတွက်တောင်
ဒိုမိန်းမတတ်နိုင်သေးပါဘူးဂျာ... ဘလော့ရေးတာနဲ့တင် ဖုန်းဘေလ်
ဒေါင်းသွားလို့ ..အဟီး ကြွားတာ)
Domain Name System ဆိုတာဘာလဲ?
“Domain Name System” ဒါမှမဟုတ် “Domain Name Service” computer network protocol ဖြစ်ပါတယ် ဥပမာ “Gohacking.com” ဆိုတာဟာ
“173.245.61.120″ ဆိုတဲ့ ip address ကို ကိုယ်စားပြုထားပါတယ်
အင်တာနက်ပေါ်ကကွန်ပျူတာတွေ..
web serverတွေ home computer ဒါမှမဟုတ် တခြားdeviceတွေမှာ
ip
address တွေရှိကြပါတယ် IP addressကို server နဲ့ clientကြား data
တွေကူးပြောင်းဖို. ကော်နက်ရှင်တည်ဆောက်ရာမှာ သုံးပါတယ်သင်ဟာ
ဝက်ဆိုဒ်တစ်ခုကို ကြည့်တော့မယ် ဒါမှမဟုတ် အီးမေးလ်တစ်စောင်ရေးတော့မယ်ဆိုရင်
DNS ကအရေးပါလာပါတယ်... ဥပမာအနေနဲ့
“www.google.com” လို့ သင့် browser’s address bar မှာရိုက်လိုက်ရင် သင့်ကွန်ပျူတာဟာ
google ရဲ့ အိုင်ပီဖြစ်တဲ့“74.125.236.37″ ကိုသွားရောက်ခေါ်ယူဖို့ DNS server ကိုအသုံးပြုရမှာဖြစ်ပါတယ် IP address ကိုရရှိပြီးနောက်မှာ သင့်ကွန်ပျူတာဟာ ဆာဗာနဲ့အတူ ကော်နက်ရှင်တစ်ခုကိုတည်ဆောက်မှာဖြစ်ပြီးတော့ Google’s home
page ကို loading လုပ်မှာဖြစ်ပါတယ်... ဒီဖြစ်စဉ်ကို ပညာရှင် တွေက DNS Resolution လို့ အမုတ်ပါတယ်
သိန်းသန်းမကသော
ဝက်ဆိုဒ်တွေရဲ့ အိုင်ပီ address တွေကို မှတ်မိဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူးဗျာ ဒါကြောင့်မို့လို့ လူတွေမှတ်မိလွယ်တဲ့ domain
name တွေကို ip address ကိုယ်စားပြုဖို့ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်
ဒါပေမယ်လို့လည်း IP
addressကို internal communicationအခြေပြုတဲ့ network
devices တွေမှာ အသုံးပြုဆဲပါ.. လွယ်လွယ်ပြောရရင်တော့ Domain ဆိုတာက
လူတွေနားလည်ဖို့ဖြစ်ပြီး ip address ကတော့ network
ကနားလည်ဖို့အတွက်လို့ဆိုရင်မှားမယ်မထင်ပါဘူး.. “Domain Name
System” ဟာ link နှစ်ခုကြား
ကော်နက်ရှင်တည်ဆောက်တဲ့
protocol တစ်ခုလည်းဖြစ်ပါတယ် ဒါကြောင့်မိုလို့ browser မှာ google.com
အစား 74.125.236.37 လို့ရိုက်လိုက်ရင်လည်း Google Home page
ပေါ်လာမှာဖြစ်ပါတယ်...
နောက်မှာ ဒိုမိန်းတွေဘယ်လိုအလုပ်လုပ်လဲဆိုတာရေးပါမယ် ခုတော့ ဖုန်းဘေမရှိတာမို့ ဒီလောက်ပါပဲ အဟီး
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment