Saturday, September 14, 2013

သင့်ကွန်ပျူတာက သင့်ကို ကြိုဆိုစေချင်ပါသလားဗျာ???

သင့်ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ ကွန်ပျူတာကနေ Welcome to your PC,Username ဆိုပြီးအသံထွက်ပြီးတော့ ကြိုဆိုနှုတ်ဆက်စေမယ့် trick လေးတစ်ခုဖြစ်ပါတယ်... ဒီလို note pad သုံးပြီးတော့ လုပ်လို့ရတဲ့ tips တွေများစွာရှိပါတယ်.. ကဲခုဘယ်လိုလုပ်လဲစလိုက်ကြရအောင်ဗျာ
note pad ကိုဖွင့်ပြီးအောက်ကကုဒ်တွေရိုက်ထည့်ပေးပါ

    Dim speaks, speech
    speaks="Welcome to your PC, Username"
    Set speech=CreateObject("sapi.spvoice")
    speech.Speak speaks

   username နေရာမှာ သင့်နာမည်ထည့်ပေးပါ... သတိထားရမှာကတော့ကွန်ပျူတာက မြန်မာနာမည်ဆိုတော့ ပီပီသသကြီးထွက်နိုင်မှာမဟုတ်ပါ...
ပြီးရင် welcome.vbs နာမည်နဲ့သိမ်းပါ..အဲဒီဖိုင်ကို ကော်ပီကူးထားပါ
အောက်ပါလမ်းကြောင်းအတိုင်းသွားပါ....
 C:\Documents and Settings\All Users\Start Menu\Programs\Startup (in Windows XP) 

C:\Users\ User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup (in Windows 7 and Windows Vista)

ဒီနေရာမှာ C က ၀င်ဒိုးရှိရာအပိုင်းဖြစ်တယ်ဗျာ
ပြီးရင် စောနကကော်ပီယူထားတဲ့vbs ဖိုင်ကို paste လုပ်လိုက်ပါ
 Make your Computer Welcome you at startup

ဒါဆိုရင်တော့ နောက်တစ်ကြီမ်ကွန်ပျူတာကိုဖွင့်လိုက်တဲ့အချိန်မှာ သင့်ကွန်ပျူတာ က သင့်ကို ကြိုဆိုပါတယ် ဗျာ လို့ အင်္ဂလိပ်လိုနှုတ်ဆက်ပါလိမ့်မယ်ခင်ဗျာ...လိုသလိုချဲ့ထွင်သုံးနိုင်ပါစေ

ပို့စ်ရေးသူ-ဆေးရိုးသည် (www.sayyoethe.blogspot.com)



[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


No comments:

Post a Comment