ဖိုင်တွေကို ဓါတ်ပုံနောက်မှာ ကွယ်ဝှက်ထားနည်း (လန်းတယ်နော်)
ခုနည်လေးကတော့ တစ်နေရာရာမှာအသုံးဝင်မယ်ထင်ပါတယ်...ဘယ်လိုလဲဆိုတော့ ဖိုင်တစ်ဖိုင် ဗီဒီယို သီချင်း ဆော့ဝဲလ် တစ်ခုခု ပေါ့ အဲဒီကောင်တွေကို ပုံတစ်ပုံရဲ့ (jpg, png, gig) နောက်မှာကွယ်ဝှက်ထားမှဖြစ်ပါတယ် အပေါ်ယံကြည့်ရင်တော့.... ဓါတ်ပုံကိုပဲမြင်တွေ့ရမှာဖြစ်ပြီးတော့ ... နောက်ကွယ်မှာ ဖိုင်ရှိနေပါတယ်... ဒီနည်းနဲ့ ဖိုင်တွေကို ဓါတ်ပုံအော်ကမှာကွယ်ဝှက်ပြီး အပြန်အလှန်ပေးပို့နိုင်ပါတယ်...
လိုအပ်သည်များ
၁. win rar
2. ဓါတ်ပုံ
ဒါလေးတွေပါပဲ...win rar ဆိုတာကတော့ကွန်ပျူတာတိုင်းရှိမယ်ထင်ပါတယ်
1. ပထမဦးဆုံး ကိုယ် အသုံးပြုမယ် ပုံကိုရွေးချယ်ပါ..အဲဒီပုံအောက်မှာ ဖိုင်ကို ၀ှက်မှာဖြစ်ပါတယ်
2. ပြီးရင် ၀ှက်မယ့် ဖိုင်ကို Win rar ကိုသုံးပြီး rar ဖိုင်အဖြစ်ပြောင်းလဲထားပါ..ပြီးရင် ဓါတ်ပုံကိုကော..rar ဖိုင်ကိုကော Desktop မှာ ထားပါ..ဒါကတော့ ကျွန်တော်သုံးမယ့် ကွန့်မန်လိုင်းက Desktip နဲ့သွားမှာမို့ပါ သင်ဟာ cmd command line ကိုနားလည်ရင်တော့ သင်လိုရာနေရာမှာသိမ်းနိုင်ပါတယ်
3. ပြီးရင်တော့် Window+r ကိုနှိပ် run box ကိုခေါ် ပြီးရင် cmd ရိုက်ထည့်ပြီး command prompt ကိုခေါ်လိုက်ပါ

command prompt မရိုက်ခင် သင့် Desktop ပေါ်မှာ imagename.jpg နဲ့ filename.rar ရောက်နေပြီလို့ယူဆပါမယ်..imagename က သင့်ဓါတ်ပုံနာမည်ပေါ့ filename က rar ဖိုင်နာမည်ပေါ့...
4. ပထမဦးဆုံး
4. ပထမဦးဆုံး
cd desktop
လို့ရိုက်လိုက်ပါ
5. ပြီးရင်အောက်ပါအတိုင်းရိုက်ပါ...
Copy /b imagename.jpg + filename.rar finalimage.jpg
လို့ရိုက်လိုက်ပါ
cd desktop
5. ပြီးရင်အောက်ပါအတိုင်းရိုက်ပါ...
Copy /b imagename.jpg + filename.rar finalimage.jpg
အပေါ်မှာရှင်းပြတဲ့အတိုင်းနော် ..imagename နေရာမှာ ဓါတ်ပုံရဲ့နာမည်..ဥပမာ flower.jpg
filename နေရာမှာ rar ဖိုင်ရဲ့နာမည် ဥပမာ..cs6.rar
finalname နေရာမှာကတော့ သင့်ပေါင်းစပ်လိုက်တဲ့ နောက်ဆုံးပုံရဲ့အမည်ပါ..နာမည်ကြိုက်ရာပေးနိုင်ပါတယ် format ကတော့ jpg,png,gif တစ်ခုခုနဲ့ပါ
ဥပမာ cs6image.jpg
6. အပေါ်ကအတိုင်းလုပ်လိုက်မယ်ဆိုရင် desktop မှာပဲ သင် finalname နေရာမှပေးထားတဲ့နာမည်နဲ့ ပုံတစ်ပုံရောက်နေပါမယ် ...သာမန်တိုင်းဖွင့်လိုက်ရင် ပုံကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်....ဒါပေမယ့်နော်ကကွယ်မှာ သင့်ထည့်ထားတဲ့ဖိုင်ရှိနေပါမယ်...

ဖိုင်ကိုဘယ်လိုပြန်ဖော်မလဲ ?
လွယ်ပါတယ် Win rar ကိုပဲသုံးပါမယ်
1. winrar ကိုဖွင့်ပါ
2. open ကိုနှိပ်ပြီး သင့် finalname.jgp ရှိရာကို ညျွန်ပြလိုက်ပါ ဒါမှမဟုတ် finalname ပုံကို dragလုပ်ပြီးwin rar ထဲဆွဲထည့်လိုက်ပါ...
3. Extract လုပ်လိုက်တာနဲ့..သင် ၀ှက်ထားတဲ့ပုံကို မြင်တွေ့ရပါလိမ့်မယ်..
ပို့ရေးသားသူ- ဆေးရိုးသည်(www.sayyoethe.blogspot.com)
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
0 comments:
Post a Comment