Radio

bg

Android ဂိမ်းတွေရဲ့ coin , money တွေ ဘယ်လိုခိုးမလဲ??-(၂)


ပထမပို့စ်တုံးက GameCHI2 ကိုသုံးပြီး Temple rum ဂိမ်းကို ကွိုင်ခိုးခဲ့ပါတယ်..ခု ဒုတိယပို့စ်မှာတော့ လှည်းလေးစီးပြီး ရွှေတုံးတွေလိုက်စုရတဲ့ Rail Rush ဂိမ်းလေးကို ရွှေတွေ လှည်းတွေ feature တွေခိုးရအောင်ပါ....ဒီတစ်ခါ Game hackဆိုတဲ့ apk လေးသုံးကြစို့...(ဒီလိုမျိုးapk တွေအများကြီးရှိပါတယ် .).. အောက်မှာ Rail Rush ဂိမ်းလေးမရှိသေးရင်ဒေါင်းဖို့နဲ့  Coin hack မယ့် apk လေးဒေါင်းထားပါ...သင့်ဖုန်းမှာ Root ရှိပြီးဖို့လိုပါတယ်.

Download Rain Rush.apk

Download Game Hack.apk

ပထမဆုံး Game hack ကို ဖုန်းထဲသို့ install လုပ်ပြီး run လိုက်ပါ..အောက်ပါအတိုင်းမြင်ရပါနယ်.... ထောင့်နားလေးက " - " ကိုနှိပ်ပြီး Minimize လုပ်ထားလိုက်ပါ...




ပြီးရင် တော့ Rail Rush ကို ဖွင့်ပါ...ပထမဦးဆုံး ရွှေအနည်းငယ်ရအောင်ဆော့လိုက်ပါ..ရတဲ့ရွှေကို မှတ်ထားပါ ကျွန်တောကတော့ 77 ရထားတယ် . screen အပေါ်ထောင့်မှာ
ဂွ ပုံလေးမြင်ရပါမယ့် အဲဒါလေးကို နှိပ်ပြီး Game hack ကိုခေါ်လိုက်ပါ...အဲဒီမှာ input number to be modified............ဆိုတဲ့အကွက်မှာတစ်ချက်နှိပ်ပြီး စောစော ကိုယ့်ဆော့လို့ရထားတဲ့ ရွှေအရေအတွက်ကို ထည့်ပါ ကျွန်တော်က 77 မို့ထည့်လိုက်ပါတယ် ပြီးရင် Search ကိုနှိပ်လိုက်ပါ ခနစောင့်ပါ....အောက်ပါအတိုင်းမြင်ရရင် ... အိုကေကိုနှိပ်လိုက်ပါ..





ပြီးတာ နဲ့ ဂိမ်းကို ဆက်ကစားပါမယ် ... စောစော ကအရေအတွက်ထက်ပိုအောင် ဂိမ်းကိုဆော့ပေးလိုက်ပါ....ကျွန်တော်က 689 ရွှေရပါတယ်... ပြီးရင် ဂွပုံလေးကို နှိပ်ပြီး Game hack ကိုပြန်ခေါ်လိုက်ပါ...အောက်ပါအတိုင်းတွေ့ရပါမယ်... စောစော ကထည့်ထားတဲ့ ရွှေအရေအတွက်နဲ့ မျှားလေးတစ်ခုမြင်ရပါမယ် ...



အဲဒီမှာ မျှားခေါင်းအကွက် မှာ ဒုတိယအကြိမ်ဆေားလို့ရတဲ့ ရွှေတုံးအရေအတွက်ကို ထည့်ပေးပါ  ကျွန်တော်က 689 ပါ..ပြီးရင် search ပါ..အောက်ပါအတိုင်းမြင်ရပါမယ်.... ဒီနေရာမှာ not matches ဆိုပြီးပြရင် 689 ကိုရိုက်ထည့်ပြီး search
ပြန်လုပ်ပါ... အောက်ကပုံအတိုင်းတွေ့ရပါမယ်




ဒါဆိုရင်တော့ Modify selected values to ဆိုတဲ့အကွက်မှာ ကိုယ် ထည့်ချင်တဲ့ (ရချင်တဲ့ရွှေတုံးအရေအတွက်) ကိုရိုက်ထည့်ပေးလိုက်ပါ..ကျွန်တော်ကတော့  999999999 လို့ရိုက်ထည့်လိုက်တယ် အဟီး.......ပြီးရင် Modify ကိုနှိပ်ပေးလိုက်ပါ... ဂဏန်းများလွန်းရင်မရပါဘူး ပြန်လျှော့ပေးပါ.... modify ကိုနှိပ်လိုက်ရင်... successful modify  ဆိုပြီးပြပါလိမ့်မယ်..ဒါဆိုရင်  ..SHOP ကိုဝင်ကြည့်လိုက်... ရွှေတုံးပေါင်း 999999999 ကို အဆင်သင့်တွေ့ရပါလိမ့်မယ်..




အောင်မြင်စွာ ရွှေခိုးလိုက်ပါပြီ..ဟီး သူခိုး
Heroes , Cart stuff, Extras စတဲ့ features တွေထဲဝင်ပြီး တွေ့သမျှ ပစ္စည်းတွေ အကုန်ဝယ်လို့ရပါပြီ...ရွှေထုပ်ပိုက်ပြီးတော့ပေါ့ဗျာ..ဟီးဟီး
ဝယ်လို့ရသမျှအကုန်လိုက်ဝယ်ပြီးတာတောင်မှ ကျွန်တော်မှာ ရွှေတုံးက ၉၉၉၇၄၆၉၉၉ ကျန်နေပါသေးတယ်.....
ဒီနည်းကိုသုံးပြီးကျန်တဲ့ ဂိမ်းတွေရဲ့ ကွိုင်တွေ လေဘယ်တွေကိုလည်း ခိုးလို့ရကြောင်းပါခင်ဗျာ....


ပို့စ်ရေးသူ-ဆေးရိုးသည်

[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment