ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ
ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ
ကာကွယ်နိုင်ပါပြီ။
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။
“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို
သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က
ဖန်တီးပေးထားတာပါ
“Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က
သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ
ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ
နှစ်သက်ကြမှာပါ။

“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။တကယ်ယုံကြည်ရမယ့်သူတွေကိုထည့်ပေါ့ဗျာ..
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment