Radio

bg

proxy အကြောင်း



ကျွန်တော်သိသလောက်တော့ proxy က နှစ်မျိုးရှိပါတယ် Internal Proxy နဲ့ External Proxy တို့ပါ...သက်ဆိုင်ရာ ISP (အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္မဏီ) က သက်ဆိုင်ရာဒေသအတွက် proxy port တွေချထားပါတယ် ဒါကို internal proxy လို့ခေါ်ပါတယ် ဒီကောင်တွေကို ပြင်ဆင်ခွင့်ကတော့ သက်ဆိုင်ရာ ISP နဲကသာ သက်ဆိုင်ပါတယ်
 External proxy တွေကို လွတ်လပ်စွာသုံးစွဲခွင့်ကို user တိုင်းရနိုင်ပါတယ် ဒါတွေကို ပိတ်ပင်ဖို့တားဆီးဖို့မရနိုင်ပါဘူး ပိတ်ချင်ယင်တော့ အင်တာနက်သုံးခွင့်တစ်ခုလုံးပိတ်မှရမှာပါ(ကျွန်တော်အထင်ပေါ့)
      သူငယ်ချင်းဟာ ပြည်ပနိုင်ငံတစ်ခုက External Proxy code တစ်ခုခုကို အကြောင်းကြောင်းကြောင့် ရလာရင် ဘယ်နိုင်ငံကနေသုံးနေပါစေ ထည့်သွင်းသုံးစွဲနိုင်ပါတယ် Browser တွေမှာ အလွယ်တကူ ထည့်သွင်းခွင့်ပေးထားပါတယ်
  ဒါပေမယ့်မကောင်းတာလည်းရှိသေးသဗျ...တချို့ပညာရှင်ကြီးတွေဟာ အင်တာနက်မှာ လေ့လာမှုတွေလုပ်တဲ့အခါExternal code တွေကို သိရင် ပေါ့ပါးစွာသုံးစွဲနိုင်သော်လည်း အဲဒီကုဒ်က မကြာခဏပြောင်းလဲနေတာကြောင့် အခက်အခဲတွေ့နေရပါတယ် ကျွန်တော်လည်း အဲဒါကြီးနဲ့တွေ့နေရတာပဲ
   ဒါကြောင့် Auto Proxy Program တွေ Proxy Support Website တွေကို မတောက်တခေါက်နဲက လေ့လာမိပါတယ်
ကျွန်တော်တွေ့သလောက် www.proxy4free.com, www.publicproxyservers.com တို့ဟာ နိုင်ငံတကာက update ကုဒ်တွေကိုထုတ်ပေးတာတွေ့မိပါတယ်
  proxy ကြောင်းပြောရင် Network Protocol တွေကို ပထမသိထားရမယ်ထင်ပါတယ် အဲဒါကဘာလဲဆိုတော့ (ကျွန်တော်သိတာ) ကွန်ရက်အတွင်းမှ အနည်းဆုံး ယူနစ်နှစ်ခုကို ချိတ်ဆက်ပေးပြီး အချက်အလက်ကူးပြောင်းတာပါ
  proxy ကုဒ်တွေက အဲဒီကောင်ကို ရှင်သန်စေတဲ့အရာလို့ပြောလို့ရမယ်ထင်ပါတယ် ခု ကျွန်တော်ပြောချင်တဲ့အဓိကကိုပြောပါတော့မယ် သူငယ်ချင်းကိုယ်တိုင် proxy type ကို ထည့်သွင်းပြင်ဆင်ဖို့ပါ

၁။ HTTP Proxy(Hyper Text Transfer Protocol)
ဒီ proxy ကတော့ အသုံးအများဆုံး ပါပဲ သူငယ်ချင်းတို့ အဓိကထားပြုပြင်မယ့် proxy ဖြစ်ပါတယ်

၂။ SSL Proxy (Secure Sockets Layer)
အင်တာနက်ပေါ်မှ လျှို့ဝှက်သောလုပ်ဆောင်ချက်များအတွက်ဖန်တီးပေးထားသောprotol စနစ်တစ်ခုဖြစ်ပါတယ်

၃။ FTP proxy(File Transfer Protocol)
အင်တာနက်အသုါံ်ပြုပြီး အချက်အလက် ပြောင်းတ့စနစ်ပါ

၎။Gopher Proxy (Search Protocol)
အချက်အလက်များရှာဖွေရာမှာသုံးပါတယ် ခုချိန်မှာ လူသိနည်းတယ်ထင်ပါတယ်

ကဲခု proxy ကိုပြင်ဆင်ပြီး အမြန်နှုန်း တစ်ခုကို အတိုင်းအတာတစ်ခုထိပြင်ဆင်ကြည့်ရအောင်...(မူရင်းကောင်းမှမိတ္တူကောင်းတယ်ဆိုတာတော့သိထားပေါ့ .. အတိုင်းအတာတစ်ခုထိပဲနော်)

Firefox မှာလုပ်ဆောင်မှာပါ proxy code ထည့်ရမယ့်နေရာကတော့ Tool>Option>Advanced Tab>Network tab>Connection အောက်မှာ Setting ကိုနှိပ်လိုက်ပါအောက်ပါအတိုင်းမြင်ရပါမယ် manual proxy configuration ကိုရွေးပါ ဒါဆို  သူငယ်ချင်းတို့ထည့်ရမယ့် HTTP Proxy အပါအ၀င် Proxy နေရာတွေပွင့်လာမှာဖြစ်ပါတယ်

Porxy ကုဒ်ရယူရန်နဲ့ Proxy Manage program များသုံးပြီးရလာတဲ့ကောင်တွေကို အဆိုပါ HTTP Proxy နေရာမှာထည့်ပြီး ok ကှိုနှိပ်ပေးလိုက်ရင် အိုကေပါပြီ .... Proxy ကုဒ်ရယူနည်းကို တော့ ဆက်လက်တင်ပြပေးမှာပါ....စောင့်မျှော်ပါလို့
ဆေးရိုးသည်(နည်းပညာ)

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment