Nexus7 ဖုန်းကို Bootlaoder unlock မယ် CustomRecovery တင်မယ် Root လုပ်မယ်
Nexus 7 (WiFi/3G) ကိုBootloader Unlock လုပ် Root လုပ်ပြီး Custom Recovery တင်ခြင်း
ဒါလေးကတော့ Nexus 7 ကိ root လုပ်ပြီး recovery သွင်းမယ့် tutotial လေးဖြစ်ပါတယ်..recovery က ကျွန်တော်ဆီမှာလူသုံးနဲတဲ့ TWRP ကို စမ်းသုံးဖို့ဖြစ်ပါတယ်..လိုအပ်သည့်ဖိုင်များကို teacherrata မှညွှန်းဆိုထားပါတယ်ခင်ညာ.....ကဲစကြရအောင်
ပထမဆုံးအနေနဲ့ Bootloader Unlock ရမှာဖြစ်ပါတယ်...လိုအပ်ကောင်လေးကိုဒေါင်းလိုက်ပါ...
DOWNLOAD TO UNLOCK HERE
ပြီးရင်ဖုန်းကို ပိတ်လိုက်ပြီး Bootloader Mode ကိုဝင်ရောက်မှာဖြစ်ပါတယ် Volume down+ Home buttom ကိုနှိပ်ပြီးဝင်လိုက်ပါ တခြားnexus တွေက volume up +down+ power buttomတွေများပါတယ်
ဒေါင်းလုပ်လုပ်ထားတဲ့ ထဲက Fastboot zip ကိုဖြည်ပြိး ကွန်ပျူတာရဲ့ drive C မှာထည့်ထားပါ...ဖြည်လို့ရတဲ့ထဲက Win32 ဆိုတဲ့ဖိုင်က အားလုံးကိုကော်ပီလုပ်ပြီး C ထဲက စောစောက Fastboot ဖိုဒါထဲ paste လုပ်ပါ..ခု bootloader mode ရောက်နေတဲ့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ...ကွန်ပျူတာမှာ Fastboot ဖိုတာကိုဖွင့်ပါ...ပြီးရင် Shift key ကိုဖိတားပြီး right click နှိပ် Open Command Window Here ကိုကလစ်ပေးလိုက်ပါ..အောက်ပါအတိုင်းရိုက်ထည့်ပေးပါ
fastboot oem unlock
ဒါဆိုရင် ဖုန်းစကရင်မှာ Unlock page ကိုမြင်တွေ့ရမှာဖြစ်ပါတယ်...Volume up and Down key and Power bottom keyတွေနှိပ်ပြီး Confirm လုပ်ပေးပါ.. ခနနေရင်ဖုန်းက Reboot ကျသွားမှာဖြစ်ပြီး Bootloader Unlock ဖြစ်သွားမှာဖြစ်ပါတယ်
Root လုပ်ခြင်း
root လုပ်မယ်ဆိုရင်တော့ ထုံးစံအတိုငး ဖုန်းအတွက် Driver ရှိရမှာဖြစ်ပြီး USB Debugging ကို on ဖို့လိုပါတယ် ...ဘက်ထရီကို ၅၀%လောက်အနည်းဆုံးထားပေးပါ...ကဲ လိုအပ်တဲ့ ဖိုင်တွေကိုအောက်ကနေဒေါင်းထားရအောင်..
http://adf.ly/TmdNh {TWRP Recovery 2.6.0.0 (For Nexus 7 Wifi Only Version) }
http://adf.ly/Tmdhn {TWRP Recovery 2.6.0.0 (For Nexus 7 GSM/3G Version)}
http://adf.ly/TmdsE {SuperSU zip file}
http://adf.ly/TmdxO { Fastboot+ADB(20926)}
Recovery သွင်းခြင်း
ကိုယ့်ဖုန်းနဲ့ကိုက်မယ့် TWRP recovery img ဖိုင်ကို ဒေါင်းပြီး recovery.img လို့ အမည်ပြောင်းထားပါ
recovery.img ကို bootloader unloack လုပ်တုံးက C ထဲကfastboot\win32\ folderထဲထည့်ပေးပါ
ဖုန်းနဲ့ ကွန်ပျူတာကိုချိတ်ပေးပါ Win32 ကိုဖွင့် Right Click ထောက် Shift key ဖိပြီးတော့နော်.... Open Command Window ကိုကလစ်ပေးလိုက်ပါ..ပြီးရင် အောက်ပါအတိုင်းရိုက်ထည့်ပေးလိုက်ပါ
adb reboot bootloader
bootloader mode ထဲကိုရောက်သွားပါမယ် ..အဆင်မပြရင် key တွေသုံးပြီးဝင်လိုက်ပါ
bootloader ထဲရောက်ရင်ကွန်ပျူတာနဲ့ချိတ်လိုက်ပါ ပြီးရင်အောက်ပါအတိုင်း ရိုက်ပေးလိုက်ရုံပါပဲ
fastboot flash recovery recovery.img
TWRP recovery လေး သင့်ဖုန်းထဲကို Flash လုပ်ပါလိမ့်မယ်...အိုကေပေါ့
Rooting
ဒေါင်းလို့ရတဲ့အထဲမှာ SuperSu package လေးပါပါတယ်...အဲကောင်လေးကို ကော်ပီလုပ်ပြီး ဖုန်းရဲ့ Internal/External Memory ထဲ ထည့်ထားပေးပါ
ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပေးပ Win32 ကိုဖွင့် Right Click ထောက် Shift key ဖိပြီးတော့နော်.... Open Command Window ကိုကလစ်ပေးလိုက်ပါ..ပြီးရင် အောက်ပါအတိုင်းရိုက်ထည့်ပေးလိုက်ပါဦး
adb reboot recovery
recovey ထဲဝင်တာပါ....ဖုန်းကနေလုပ်ဆောင်ပါမယ်...ဒီrecovery က CWM နဲ့မတူပါဘူး အထားအသိုပြောပါတယ် သဘောတရားကတော့တူတူပေါ့... Install >Locate>ကနေ SuperSU zip ကိုရွေးပေးပါ....
Swipe to Confirm Flash ပေါ့ဗျာ.....မိနစ်အနည်းငယ်စောင့်ပြီးရင် အောင်မြင်ကြောင်းမက်ဆေ့လေးလာပါလိမ့်မယ် ပြီးရင် Reboot ကျမယ်ပေါ့ဗျာ...ပြန်တက်လာရင်တော့..SuperUSer ငတိကို တွေ့ရပြီပေါ့ဗျာ
အမှားပါရင်ခွင့်လွှတ်ပေးပါ
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment