Browser တွေကို PDF reader အဖြစ်သုံးမယ်
Mozilla Firefox နဲ့ Google Chrome Browser ရဲ့ Features တွေထဲမှာ pdf reader အဖြစ်သုံးနိုင်တာလည်းအပါအ၀င်ဖြစ်ပါတယ်..Adobe PDF,Foxit reader တို့လို ကောင်တွေမလိုဘဲ Browser မှာတင် pdf ဖိုင်တွေကိုဖတ်နိုင်အောင်ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်
How to make Google Chrome as Default PDF reader For your PC?
၁။ Chrome မှာ pdf reader ကို Enable လုပ်ပေးဖို့လိုပါတယ် Default အားဖြင့် Disable လုပ်ထားတတ်လို့ပါ
ပြုလုပ်နည်းကတော့ Address bar မှာ about:plugins လို့ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် pdf reader ကိုရှာပြီး Enableလုပ်ပေးလိုက်ပါ ဗားရှင်းတစ်ခုနဲ့တစ်ခုမတူလို့ အသေးစိပ်မပြောတော့ပါ...တချို့က Enable ဖြစ်နေတတ်ပါတယ်
၂။ ဖတ်ရှုမယ့် PDF ဖိုင်ကို Right click ပေးပြီး Open with ကနေတစ်ဆင့် choose default programme ကိုရွေးပေးလိုက်ပါ
"always use as default program"ကိုအမှန်ခြစ်တတ်ပေးခဲ့ပါ
၃။ Open with ကနေတစ်ဆင့် Chrome တင်ထားတဲ့လမ်းကြောင်းအတိုင်းသွားပါ
Go to My Computer – C – My document and Settings – User – Local settings -Application data – Google – Chrome – Application လမ်းကြေင်းပါ..ကျွန်တော်ခုကိုနေတဲ့ကွန်ပျူတာက XP ဖြစ်နေလို့ပါ 7 , 8 မှာလည်းမခက်ပါဘူးနော်
ွ
အဲဒီမှာ Chrome ကိုရွေးပေးလိုက်ပါ။ဒါဆိုရင် Chrome ကနေ PDF ဖိုင်တွေကို ဖတ်ရှုနိုင်ပြါ့ပီခင်ဗျား.
Firefox ကတော့ ဘာမှလုပ်စရာမလိုပါ...open with ကနေ Firefox ကိုရွေးပေးလိုက်တာနဲ့ ဖတ်ရှုနိုင်ပါတယ် ..များသောအားဖြင့် ကျွန်တော်တို့ က Pdf reader ဆော့ဝဲတွေနဲ့မှရမယ်ထင်တတ်ကြပါတယ်...သတိမထားမိတာလေးတင်ပြရခြင်းဖြစ်ပါတယ်
..မသိသေးတဲ့သူတွေကိုရည်ရွယ်ကြောင်း..
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***
0 comments:
Post a Comment