Mobile Operating System တွေကို တနည်းအားဖြင့် Mobile OS, Mobile Software Platform များနှင့် Handheld Operating System များ
အဖြစ်သိရှိသုံးစွဲခဲ့ကြပါတယ်။အဓိကသုံးစွဲတဲ့ Devices တွေကတော့ စမတ်ဖုန်းများ PDA (Personal Digital Assistants) များနှင့် Tablet Computer များတွင်အများဆုံးသုံးစွဲကြပါတယ်...။(ကျွန်တော်လက်လှမ်းမိသမျှကို ပြောပြချင်းပါ..အရပ်ကတို့)
MOs ဈေးကွက်တစ်ခုလုံးခြုံပြီး OS များကို အသုံးပြုထားပုံအား အောက်ပါအတိုင်းတွေ့ရပါတယ်
1.Google Android
2.Apple iOS
3.RIM Black Berry
4.Microsoft Window phone C++
5.Linux
6.HP WebOS
7.Samsung Banda,MeeGo,Android
8.Nokia MeeGo,Symbian,Window phone and others C++
MOS များကိုအခြေခံတည်ဆောက်ထားသော language ကိုလည်းအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်
Android , Bada, WebOs,MeeGo................Linux and JAVA
iOS........BSD and NeXTSTEP operating system
Window Mobile OS
Window MObile OS ကို Microsoft မှ ထုတ်လုပ်ထားတာပါ...C++ ကိုအခြေခံပြီး window platform နဲ့ဆင်တူအောင်ရေးဆွဲထားတယ်လို့ဖတ်ဖူးပါတယ်.. Microsoft ကထုတ်လုပ်တဲ့ Smart Phones နှင့် Pocket PC တွေမှာ သုံးထားပါတယ် Base Kernal အဖြစ် Window CE 5.2 Kernal ကိုအခြေပြုဖန်တီးထားပါတယ် ပထမဆုံးထုတ်ကုန် ကတော့ Pocket Pc 200 OS ဖြစ်ပါတယ်..ထိုအချိန်လောက်က pocket pc တွေခေတ်စားချိန်ပေါ့ ၂၀၀၀ ၂၀၀၂ ၂၀၀၃ ဆိုပြီးတွေ့နိုင်ပါတယ် နောက် Windows Mobile Os ကိုအသစ်ပြင်ထုတ်ခဲ့ရာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ၁၀ ရက်နေ့မှာ နောက်ဆုံး version ဖြစ်တဲ့ Window Mobile 6.5 ကိုထုတ်ခဲ့ပါတယ်...
Web OS
Web OS ကိုတော့ HP(Hewlett JPackard)မှဖန်တီးခဲ့တာဖြစ်ပါတယ်....HP မှထုတ်သော Smart Phone များ Tablet များနှင့် pocket Pc တွေမှာ တွေ့နိုင်ပါတယ် ၂၀၀၉ ဇွန်လ ၆ ရက်မှာ စတင်အသိအမှတ်ပြုခဲ့တာပါတဲ့ Linux OS ပေါါ်မှာ အခြေပြုထားပါတယ်..Web os ကိုအခြပြုလာတာကတော့ Palm Inc ဖြစ်ပါတယ်...Mobile တွေမှာတပ်ဖို့ပြင်ဆင်ခဲ့ပါတယ် ၂၀၀၉ ခုနှစ်မှာ HP အုပ်စုအောက်ရောက်လာပြီး Webos အမည်ပြောင်းခဲ့ပါတယ် Pre,Pixi, Veer phone တွေနဲ့ HP Touch Pad Tabletတွေမှ စတင်သုံးခဲ့ပါတယ်...HP Platform အတော်များများမှထည့်သုံးခဲ့တာကြောင့် အတော်အတင့်လူသိများခဲ့ပါတယ်...
Black Berry OS
Black Berry phone တွေဟာ နာမည်ကြီးထဲမှာပါပါတယ် RIM (Research IN Motion )company မှ ပိုင်ဆိုင်ပါတယ် Black berry phone တွေမှာသီးသန့်သုံးပါတယ်...Java ကိုခြေခံပါတယ်...၁၉၉၉ ဇန်န၀ါရီလမှာ စတင်ခဲ့တယ်လို့သိရပါတယ်..
Symbian OS
နာမည်မရှိဘူးထင်ရပေမယ့် သူကလည်းဆရာတစ်ဆူပါပဲ Nokia တွေ မှာအသုံးများခဲ့ပါတယ်... Nokia ရဲ့  ကိုယ်ပိုင် OS လည်းဖြစ်ပါတယ်... C++ ကိုအခြေပြုတည်ဆောက်ပါတယ် ၁၉၉၇ ခုနှစ်မှာ Nokia မှစတင်တည်ဆောက်ခဲ့ပါတယ်..Embedded Os စနစ်မှာ C++ ဖြင့်ရေးထာတာကြောင့် ပုံစံတစ်မျိုးဖြစ်နေပါတယ်...Nokia 603 700 701 တွေမှာ ကျွန်တော်ကိုင်ဖူးပါတယ်...သူများဟာတွေပါ ခိခိ
Android OS
ယနေ့ လူသုံးများဆုံး နာမည်ကြီးဆုံးစရင်းဝင် OS တစ်ခုပါ.. အားလုံးသိပြီးဖြစ်လို့ရှည်၂ဝေး၂ပြောစရာမရှိပါဘူး...ထွက်ပေါါ်ခဲ့တဲ့ version တွေကိုပဲရေးပါမယ့်
ပထမဆုံးထုတ်ကုန်ကတော့ Android v 1.0 ပါ ..HTC Dream(G1) မှာသုံးခဲ့ပါတယ် ၂၀၀၈ခုနှစ် စက်တင်ဘာလ ၂၃ မှာ စတင်ခဲ့ပါတယ်
ဒုတိယကတော့ Linux kernal 2.6.27 ကိုပြန်ပြောင်းသုံးထားပြီး 1.5 Cup cake ကို ၂၀၀၉ ဧပြီလမှာ ဖြန့်ချီခဲ့ပါတယ်
၂၀၀၉ ။စက်တင်ဘာ ၁၅ မှာ v 1.6 Donut ကိုထုတ်ခဲပါတယ် အဲဒီနှစ်မှာပဲ android 2.o နဲ့ 2.1 Eclair ကိုဖြန့်ချီခဲ့ပါတယ်...Eclair မှ bluetooth,Email support , Account Sync တို့ပါလာခဲ့ပါတယ်.....ဒီကြားထဲ 2.2 Froyo ကတော့အထူးအောင်မြင်ခဲ့ပါတယ်
၂.၃ Gingerbread ကိုလည်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၆ မှဖြန့်ချီခဲ့ပါတယ်.... Voip call စနစ်ပါလာပါတယ်...
၂၀၁၁ မှာ တက်ဘလက်တွေအတကွက်3.0 Honeycomb ကိုဖြန့်ချီခဲ့ပါတယ် ၂၀၁၁ နောက်ဆုံးထုတ်ကုန်အဖြစ် v 4.0 Ice Cream Sandwich နဲ့နှုတ်ဆက်ခဲ့ပါ.တယ် အဲဒီနောက် 4.၀.x တွေထွက်ခဲ့ပြီးခုနောက် ဆုံး 4.1 Jelly Beam ထွက်လာပါတယ် နောက်ဆုံး ဗားရှင်းကတော့ 4.2.3 ပါ...Android 5.0 key line လည်းထွက်ရှိလာဖို့ရှိတယ်လို့သိရကြောင်းပါခင်ဗျား..
*** အင်တာနက်မှလေ့လာပြီးဖော်ပြသည်****
**ဒီပို့စ်ကို Share လိုပါက ၂၁ရာစုနလပိန်းတုံး(ရွှေမြို့တော်)သို့မဟုတ် www.kazunmavillager.blogspot.com သို့မဟုတ် www.sayyoethe.blogspot.comတစ်ယောက်ယောက်ကို ခရက်ဒစ်ပေးပါ ရန် မေတ္တာရပ်ခံပါသည်**
အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်
Related Posts
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment