ကျွန်တော်အမြင် ဂူဂဲလ် ဆိုတာ အမှိုက်ပုံးကြီးပေါ့ဗျာ (ခိခိ)
အဲဒီအထဲမှာ အကောင်းတွေအဆိုးတွေ ရောနေတယ်ပေါ့ ဒါကို စစ်ထုတ်မယ်ဆို
ဝင်္ကဘာထဲမှာ လည်နေသလို ဖြစ်မနေဖို့လိုတာပေါ့နော် ..အရပ်ကတို့
ကိုကိုပုရိသတွေအကြို့က်ရဲ့နောက်မှာ ကိုယ့်ကိုဒုက္ခပေးမယ့်
အဖျက်သမားလုပ်ဆောင်ချက်တွေရှိနေတတ်ပါတယ် ။ ကောင်မလေးလှလှလေးပြထားပြီး
ကလစ်နှိပ်ခါမှာ ကိုယ့်အကောင့် ဖောက်ခံရတာမျိုးတွေ ရှိပါတယ်
..(တားတားလက်တွေ့ ခိခိ)
အောက်ပါနည်းလမ်းတွေကတော့ ဂူဂဲလ်မှာ ရှာဖွေနည်းအချို့ပါ...ကျွန်တော်သိသလောက်ပေါ.့..သိပြီးရင်မဖတ်ကြနဲ့ပေါ့ဗျာ..အဟီး
၁။ + နှင့် - အသုံး
ကိုယ်အဓိက ရှာဖွေလိုတဲ့ keyword ရှေ့မှာ + ထည့်လိုက်ရင် အဲဒီ Keyword ကို
မပါမဖြစ် ရှာပေးပါတယ် - ကတော့ပြောင်းပြန်ပေါ့ keyword
မပါတဲ့ကောင်ကိုရှာပေးတာပေါ့
၂။ " " အသုံး
ဒါကိုတော့ စကားစုမျာကို ရှာတဲ့အခါ သုံးလို့ရတယ်...
ဥမပါ အဲလေ ဥပမာ-- "goldenlandofmyanmar" လို့ရှာပါက ထိုစကားစုပါတဲ့ ၀က်ဆိုဒ်တွေကို စုပေးပါလိမ့်မယ်
၃။ * အသုံး
ဒီ * လေးကို ထည့်လိုက်ခြင်းဖြင့် ထို Keyword အားနှံ့စပ်စွာ
ရှာပေးပါလိမ့်မယ် ..ဥပမာ * tech လို့ရှာလိုက်ရင် technology,technical
,technique စသလို ရှာပေးပါလိမ့်မယ်.
၎။ the, a .am , i , you တွေကို ရှောင်သုံး တဲ့
အထက်ပါ စကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ်မသတ်မှတ်ပါဘူး မက်ဆေ့
ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။အဲကောက်တွေကို Stop
words လိုခေါ်သဗျ... မဖြစ်မနေသုံးချင်ရင်တော့ " " ထဲမှာထားသုံးပေါ့
၅။ inititle ကို ထည့်သုံးခြင်း
Website တွေရဲ့ ခေါင်းစဉ်တွေမှာသာရှာဖို့သုံးပါတယ်။ ဥပမာ...intitle :
myanmar လို့ရှာလိုက်ရင် ခေါင်းစဉ်တွေမှာ မြန်မာပါတာနဲ့ဖော်ပြပေးပါလိမ့်မယ်
၆။ intext ကိုသုံးခြင်း
ကိုယ်ရှာခြင်တဲ့ စကားလုံးများကို webpage တစ်ခုလုံးရှာဖို့သုံးပါတယ်။ဥပမာ
intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကိုညွှန်းပါလိမ့်မယ်
၇။ link တွေကိုကြည့်ရန်
မိမိသိပြီးသားဆိုက်တစ်ခုမှာ လင့်တွဲဆက်မှုဘယ်လောက်ရှိလဲဆိုတာ သိဖို့သုံးနိုင်ပါတယ် ဥပမာ link: www.mediumwaybook.com
၈။ အကြောင်းအရာကိုလည်းရှာနိုင်
သူငယ်ချင်းဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါ မှာလည်း Search Engine က တွဲဆက်ရှာပေးနိုင်ပါတယ်
ဥပမာ......."first motor car world" လို့ရှာလိုက်ရင် ထိုအဖြေရှိရာ ဆိုဒ်ကိုရှာဖွေပေးပါတယ်
၉။ file type ဖြင့်အမြန်ရှာ
Ebook တွေကို ဖတ်ချင်ရင် .pdf ဆိုတွဲဖက်ရိုက်ခြင်းအားဖြင့် ပိုမြန်စွာရရှိနိုငါပါတယ်
၁၀။ လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
ဥရောပကို သွားရောက်လည်ပတ်ဖို့ ခရီးသွား company တစ်ခုနဲ့ ချိတ်လိုတဲ့အခါ "europe travel company" ဆိုပြီးတော့ရှာဖွေနိုင်ပါတယ်
၁၁။ တန်ကြေးကန့်သတ်ရှာဖွေခြင်း
မော်တော်ကာတစ်စီးကို ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ရှာခြင်ယင် "toyota car $50000"ဆိုပြီးရှာလိုက်ပါ....
၁၂။ သတင်းတွေရှာတဲ့အခါ
သတင်းတစ်ခုခုကိုခေါင်းစဉ်သာသိပြီး နေရာ )အတိအကျမသိဘူးဆိုရင် " riot
location:thailand" ဆိုပြီးရှာဖွေနိုင်တာပါ အဓိကကတော့ location ပါ
၁၃။ သတင်းသီးသန့်ရှာဖွေဖို့
http://news.google.com ကိုအသုံးပြုရှာဖွေပါ
၁၄။ source ကိုလည်း သုံးပါ
ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ website အားလုံးကိုလိုချင်ယင်သုံးရပါ့မယ့်
ဥပမာ "stevejobs soruce:time" ဆိုရင် တိုင်းမ် မဂ္ဂဇင်း မှာ ဖော်ပြခဲ့တဲ့ စတိဗ်ဂျော့အကြောင်းတွေကို ဖတ်ဖို့ညွှန်ပြပါမယ်
ဒါတွေက ကျွန်တော်သုံးနေ။သိနေတဲ့နည်းတွေပါ ... တခြားနည်းတွေလည်းရှိပါဦးမယ် သိသလောက်ကို မျှဝေခြင်းဖြစ်ပါကြောင်း

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်
Related Posts
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment