Tuesday, July 30, 2013

နယ်ရုပ်


နယ်ရုပ်တစ်ခုလို ထိုးကျွေးခံရတာတောင်
ရမ္မက်ကင်းတဲ့ အဖြူရောင်အလွမ်းနှင်းတွေထဲ
ဘ၀ဆိုတာ အငွေ့နဲံ့မပြီးဘူးဆိုလည်း
အတွေ့နစ်မြှပ်နေလိုက်တာ
ကိုယ့်နာမည်ပါတဲ့မှတ်တမ်း
လွှင့်ပစ်ရက်လိုက်တော့လည်း
ကိုယ့်ရာဇ၀င်ကိုယ်သိမ်းထာိးု့
ကိုယ်တိုင်ပဲတာဝန်ယူလိုက်ရတယ်
အချစ်ဆိုတာအငွေ့ပျံသွားတတ်ကြောင်း
အမှတ်စဉ်မဲ့သင်္ခန်းစာမှာ
အစားထိုးခြင်းတွေက ဖုံးလွှမ်းလွန်းနေတယ်
အချစ်ဆိုတာကို
မေတ္တာအနှစ်တို့နဲ့ မွမ်းမံဖို့ကြိုးစားရင်း
ဘ၀ကလည်း ဟောင်းနွမ်း
နှလုံးသားလည်းငြိုးနွမ်း
ဒီရင်ခွင်တစ်ခုလုံးလည်း ရင့်ရင့်မာမာ
အိုဟောင်းခဲ့ရပြီ.....

No comments:

Post a Comment