Radio

bg

Auto Play ကိုပိတ်ထားပြီး ဗိုင်းရပ်ရန်မှ ကာကွယ်ခြင်း



သူငယ်ချင်းတို့တွေ့ဖူးမှာ ပါ...ခွေ ဒါမှမဟုတ် usb device တစ်ခုခု ကို ကွန်ပျူတာမှာ တတ်လိုက်ရင် အော်တိုပွင့်လာတာလေ..အဲဒါ device မှာများ ဗိုင်းရပ်စ်ပါလာရင်တော့ အော်တိုရမ်းပြီးသားဖြစ်သွားမှာပါ ဒါကြောင့် auto run ကိုပိတ်ထားတာကောင်းပါတယ် ... device ကိုဖွင့်ရာမှာလည်း ကလစ်နှစ်ချက်ဖွင့်တာမကောင်းပါဘူး ဖြစ်နိုင်ရင် Right click နှိပ်ပြီးမှ Open ကသွားတာအကောင်းဆုံးပါပဲ...အင်း...Auto Play ပိတ်နည်းလေးကို ပြောပြချင်တာပါ..

run box မှာ  gpedit.msc လို့ရိုက်ပြီး group policy  ကိုဝင်လိုက်ပါ...
အဲဒီနောက်  Local Computer Policy အောက်က Computer Configuration ကိုသွားပါ အဲဒီကတစ်ဆင့် Administrative Templetes ကို ကလစ်နှစ်ချက်နှိပ်ပါ
  အောက်ရှိ System ကိုနှိပ်ပြီး ညာဘက်ဘေးကwindow component ကိုသွား all setting ကိုကလစ်နှိပ်လိုက်ရင် ညာဘက်setting ကွက်မှာ Turn of Autoplay ကို ရှာပြီး  ကလစ်နှစ်ချက်နှိပ်
setting(tab) အောက်တွင်ရှိတဲ့ Enable ကိုရွေးလိုက်တာနဲ့ Turn of Autoplay on စာတန်းပေါါ်လာပါလိမ့်မယ် CD drive တစ်ခုကိုပဲပိတ်ချင်ရင်တော့ cd drive ကိုပဲရွေးခဲ့ပါ .. device အားလုံးကိုဆိုရင်တော့ all device ကို ရွေးပေးပါ ပြီးရင် restart ချပြီးရင် Effect ဖြစ်ပါပြီ...ပြန်ဖွင့်ချင်တယ်ဆိုရင်လည်း အထက်ပါလမ်းကြောင်းတိုင်းသွားပြီး..not configured ကိုရွေးပေးလိုက်ပါ...


**ဒီပို့စ်ကို Share လိုပါက ၂၁ရာစုနလပိန်းတုံး(ရွှေမြို့တော်)သို့မဟုတ် www.kazunmavillager.blogspot.com  သို့မဟုတ် www.sayyoethe.tk တစ်ယောက်ယောက်ကို  ခရက်ဒစ်ပေးပါ ရန် မေတ္တာရပ်ခံပါသည်**

SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment